မြန်မာ့နွေဦး

လဲချားမှာ စစ်မှုမထမ်းဘဲ ထွက်ပြေးသွားသူတွေရဲ့ နေအိမ်ကို SSPP ချိပ်ပိတ်

မဲခေါင် 22 Mar - 2024
ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ပန်ဆန်ကျေးရွာအုပ်စုထဲက ကျေးရွာတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့က စစ်မှုထမ်းဖို့ခေါ်ယူတာကြောင့် မိသားစုအလိုက် ထွက်ပြေးတာတွေ ရှိခဲ့ပါတယ်။

မဲခေါင်၊ မတ် ၂၁

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ပန်ဆန်ကျေးရွာအုပ်စုထဲက ကျေးရွာတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့က စစ်မှုထမ်းဖို့ခေါ်ယူတာကြောင့် မိသားစုအလိုက် ထွက်ပြေးတာတွေ ရှိခဲ့ပါတယ်။

အဲ့ဒီ့ထွက်ပြေးတဲ့ မိသားစုတွေရဲ့ နေအိမ်တွေကို SSPP တပ်ဖွဲ့က ချိပ်ပိတ်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“ ကျွန်မသားအကြီးတစ်ယောက်က အရင်ကတည်းက RCSS တပ်ထဲမှာ တာဝန်ထမ်းဆောင်တာ သားငယ်တစ်ယောက်က SSPP ထဲဝင်တာ၊ သားအချင်းချင်းမတိုက်ချင်တာကြောင့် သားတွေက အကုန်ထွက်ပြေးလာတယ်။ အဲ့တာကြောင့် မိသားစုအလိုက် ထိုင်းနိုင်ငံမှာ ထွက်ပြေးလာလိုက်တယ်” လို့ပြောပါတယ်။

မိသားစုနေအိမ်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ လကုန်မှာ SSPP တပ်ဖွဲ့က ချိပ်ပိတ်လိုက်ပြီး ပိုင်ဆိုင်ထားတဲ့ လယ်ယာတွေကိုလည်း သိမ်းဆည်းလိုက်တယ်လို့ သူက ဆက်ပြောပါတယ်။

“ တော်သေးလို့ ထော်လာဂျီရောင်းလိုက်တယ် အိမ်မှာတန်ဖိုးပစ္စည်းတွေကိုအကုန် ရောင်းလိုက်လို့ တစ်ချို့သူတွေအိမ်ဆိုရင် မရောင်းပဲထားခဲ့တာ SSPP ကအကုန်သိမ်းလိုက်တယ်။ အဓိကလယ်တွေ အရမ်းနှမျှောတယ်” လို့ သူကဆက်ပြောခဲ့ပါတယ်။

မိသားတွေပိုင်ဆိုင်ထားတဲ့ လယ်ဧကဟာ ၆ ဧကသာရှိပြီး မွေးရပ်မြေကို ပြန်လာလို့မရတာကြောင့် ထိုင်းနိုင်ငံမှာ အခြေချဖို့ အခက်ကြုံတွေ့နေရတယ်လို့ သူကပြောပါတယ်။

ရှမ်းတောင်က SSPP ရှိတဲ့နယ်မြေဖြစ်တဲ့ မိုင်းကိုင်မြို့ ၊ လဲချားမြို့၊ မိုင်းရှူးမြို့ ၊ ကျေးသီးစတဲ့ မြို့နယ်တွေမှာ စစ်သားစုဆောင်လို့ ထိုင်းနိုင်ငံထွက်ပြေးလာခဲ့သူတွေ များလာပြီး ဖမ်းဆီးမှုတွေလည်းရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးစိုင်ဆု ကို မဲခေါင်သတင်းဌာနမှ ဖုန်းဆက်သွယ်မေးမြန်းပေမယ် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါ။

MK 011

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

အင်းလေး PDFမှာ တပ်သားသစ်တိုးလာတဲ့အတွက် စားနှပ်ရိက္ခာနဲ့ လက်နက်ခဲယမ်း လိုအပ်မှုတွေရှိနေ

ကယား(ကရင်နီ)ပြည် အခြေစိုက် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် အမှတ် - ၁၁၀၉ (IPDF)မှာ အသစ်ရောက်လာတဲ့ တပ်သားဦးရေ ၂၀၀ ကျော်အတွက်
မြန်မာ့နွေဦး

ဟိုပန်မြို့က စစ်ကောင်စီအဆောက်အဦတွေကို လုပ်ငန်းရှင်တွေထံ UWSA ပြန်ငှား

ရှမ်းပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်က အစိုးရဌာနဆိုင်ရာ အဆောက်အဦးတွေကို UWSA (“ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မဝောာ်) က လုပ်ငန်းရှင်‌တွေကို ငှားရမ်းပေးနေကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပအိုဝ်းဒေသတွင်းတိုက်ပွဲက တင်ပါးဒဏ်ရာရနေတဲ့ ခရိုနီ နေဝင်းထွန်းကို PNA က ဒုစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်

စစ်ကောင်စီ လက်အောက်ခံ PNO/PNA ပြည်သူ့စစ်ရဲ့ ဒုစစ်ဦးစီးချုပ်အဖြစ် ခရိုနီ နေဝင်းထွန်းကို ခန့်အပ်ခဲ့တယ်လို့ အထူးဒေသ(၆) ရဲ့ မေလ ၈ ရက်နေ့စွဲပါ ထုတ်ပြန်စာအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ နိုပ်စက် ဖမ်းဆီးထောင်ချခဲ့တဲ့ ဖယ်ခုံဒေသခံတွေ ထောင်မှ ပြန်လွတ်လာ

၂၀၂၁ ခုနှစ် တိုက်ပွဲကာလအတွင်း နေအိမ်စောင့်နေတဲ့ ရွာသားတွေကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့သူတွေကို မေလ ၁၀ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မဲလက်မှတ် လိမ်လည်ရောင်းတဲ့သူကို ကျည်ဆန်နဲ့ အမည်ပါစာရွက်ပေးပို့ပြီး SSF ကသတိပေး

အိမ်၊ ခြံ၊ မြေမဲဖေါက်ပေးမယ်ဆိုပြီး လိမ်လည်ပြီး မဲလက်မှတ်တွေ ရောင်းချတဲ့ စစ်ကောင်စီဒလန်ကို ရှမ်းတောင်အထူးတပ်ဖွဲ့(Southen Special Force-SSF) က သတိပေးစာထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဒီးမော့ဆိုမှာ ပညာရေးအခွင့်အလမ်းဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ကွန်ပျူတာသင်တန်း ဖွင့်လှစ်

ကယား (ကရင်နီပြည်) ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နဲ့ The Present Team တို့ ပူးပေါင်းပြီး အခမဲ့ ကွန်ပျူတာသင်တန်းပေးနေတာမှာ ဒီနေ့ မေ ၁၀ ရက် နေ့မှာတော့ အပတ်စဉ် (၃)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ ၂ ဦး ပြင်းထန်ဒဏ်ရာတွေရတာရှိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်က ကျောင်းတွေ ကို မဖြစ်မနေဖွင့်ရမယ်လို့ဆို

လာမယ့် ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ဆီဆိုင်မြို့နယ်အတွင်းက ကျောင်းတွေကို မဖြစ်မနေဖွင့်လှစ်ရမယ်လို့ ပြည်နယ်ပညာရေးမှူးရုံးကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now