စစ်ရေးသတင်း

ရှမ်းတောင် မိုင်းပန်၊ မိုးနဲ၊ မောက်မယ်၊ လင်းခေးတို့မှာ စစ်ထဲဝင်ဖို့လူငယ်တွေ မရှိတော့

မဲခေါင် 21 Mar - 2024
စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှုကို မလိုလားလက်မခံတဲ့ အသက်ဘောင်ဝင်တဲ့ လူငယ်တွေဟာ မြို့ရွာတွေကနေ စွန့်ခွာသွားနေကြတာ ရာထောင်ချီနေပြီလို့ ဒေသအရင်းအမြစ်တွေထံက သိရပါတယ်။

မဲခေါင်၊ မတ် ၂၁

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်၊ မိုးနဲ၊ မောက်မယ်နဲ့ လင်းခေးမြို့နယ်တွေက ရွာတွေမှာ စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှုကို မလိုလားလက်မခံတဲ့ အသက်ဘောင်ဝင်တဲ့ လူငယ်တွေဟာ မြို့ရွာတွေကနေ စွန့်ခွာသွားနေကြတာ ရာထောင်ချီနေပြီလို့ ဒေသအရင်းအမြစ်တွေထံက သိရပါတယ်။

မိုင်းပန် က လူငယ်တစ်ဦးကတော့ “ရွာဖက်ကော မြို့ပေါ်ကော တော်တော်များများတော့ ဆင့်ခေါ်စာမရောက်ခင် RCSS ဖက် သင်တန်းတက်ဖို့ သွားကြလေရဲ့၊ ရှောင်တဲ့သဘောပေါ့၊ RCSS ဖက်က သင်တန်းသွားတက်ရင် အနည်းဆုံးအိမ်တော့ ပြန်လာလို့ရသေးတယ်ဆိုပြီး သွားကြတာ များတယ်” လို့ မဲခေါင်ကို မတ်လ ၂၀ ရက်က ပြောပါတယ်။

မဲနှိုက်ဖို့ခေါ်တဲ့ နှုန်းထားဦးရေက တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက်မတူကြောင်းနဲ့ တချို့ရပ်ကွက်က ခေါ်ပြီး တချို့ရပ်ကွက်က မခေါ်သေးဘူးလို့ ပြောပါတယ်။

အလားတူ မိုးနဲ၊ မောက်မယ် ဘက်က အသက်အကျုံုးဝင်တဲ့ လူငယ်တွေ ရာချီမက မြို့တွေပေါင်းရင် ထောင်ချီပြီး လွတ်ရာကျွတ်ရာပြေးကုန်ကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

“ထိုင်းဖက်ပြေးတာများတယ်၊ ဗမာတပ်ဝင်မယ့်အစား ရှမ်းတပ်ထဲဝင်မယ်ဆိုပြီး RC နဲ့ SSPP ထဲ အများဆုံးသွားကြတယ်၊ စစ်ထဲမဝင်ချင်လို့ ရှောင်တာက ထိုင်းဖက်သွားတာများပြီး ထိုင်းဖက်မသွားနိုင်တဲ့ သူတွေက တော့ ရှမ်းတပ်တွေထဲ ကိုယ့်လူမျိုးအချင်းချင်းဆိုပြီးဝင်တာများတယ်” လို့ လင်းခေးဒေသခံ တစ်ဦးက ပြောပါတယ်။

လင်းခေးက ပုန်းတွန်ရွာမှာဆိုရင် ဗမာတစ်ယောက်ပဲ တပ်ထဲဝင်ပြီး ကျန် လူငယ်ရာကျော်က ရှမ်းတပ်ထဲ ကိုယ့်ထမင်းစားပြီးဝင်မယ်လို့ အစည်းအဝေးမှာကို ပြောပြီး သွားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီက လူသစ်စုသလိုပဲ RCSS က လူသစ်စုရာမှာ ၆ နှစ်တာဝန်ထမ်းဆောင်ရမယ်လို့ ထုတ်ပြန်ချက်ထုတ်ထားပြီး RCSS ဟာ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ပဲဖြေရှင်းမယ်ဆိုတဲ့ မူကိုလက်ကိုင်ထားဆဲ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

ယင်း မိုင်းပန်၊ မိုးနဲ၊ မောက်မယ်၊ လင်းခေးမြို့တွေက RCSS ဌာနချုပ်ရှိတဲ့ လွယ်တိုင်းလျန်းကို သွားမယ်ဆိုရင် ဟိုမိန်းကနေတဆင့် သံလွင်မြစ်တာဆွတ်တိန်း ကနေ လမ်းသင့်တယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now