စစ်ရေးသတင်း

ပင်လောင်းဘက်မှာ တိုက်ပွဲပြင်းထန်နေလို့ ဒေသခံတွေ နောင်တရား၊ ညောင်ရွှေတို့အထိ စစ်ရှောင်နေ

မဲခေါင် 14 Mar - 2024
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့တောင်ဘက် မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ပင်လောင်းအထိ တိုက်ပွဲတွေ ရောက်လာမှာကိုစိုးရိမ်လို့ ဒေသခံတွေ နောင်တရား၊ ညောင်ရွှေတို့အထိ စစ်ရှောင်နေကြရကြောင်း သိရပါတယ်။

မဲခေါင်၊ မတ် ၁၄

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့တောင်ဘက် မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ပင်လောင်းအထိ တိုက်ပွဲတွေ ရောက်လာမှာကိုစိုးရိမ်လို့ ဒေသခံတွေ နောင်တရား၊ ညောင်ရွှေတို့အထိ စစ်ရှောင်နေကြရကြောင်း သိရပါတယ်။

ပင်လောင်းတောင်ဘက် နောက်ဝိုးသမထ၊ ကားရား၊ နမ်းဖာမူ၊ ကုန်းပေါ၊ ဗန်းမောဝ်ကျေးရွာတွေ ကို ဖယ်ခုံဘက်မှာ ဖြစ်လာတဲ့ စစ်မီးကူးစက်လာတာဖြစ်ပြီး အခုလဲ ပင်လောင်းမြို့ပေါ်အထိ စစ်မီးကူးစက်လာမှာကို စိုးရိမ်လို့ ဒေသခံတွေ ကြိုတင်ပြီး စစ်ဘေးရှောင်နေကြတာလို့သိရပါတယ်။

`ကြိုတင်ရှောင်ရတော့ ဆီဆိုင်လို အဝတ်တစ်ထည် ကိုယ်တစ်ခုမဖြစ်ကြရဘူးပေါ့၊ ဒါပေမယ့် ပင်လောင်းကို ဆီဆိုင်လိုမြို့ပျက်စီးသွားမှာတော့ အင်မတန် နှမျောမိတာ၊ ငယ်ဇာတိလေ၊ တသက်လုံးရှာဖွေလာတာတွေ ဖျက်ဆီးခံရမှာကို စိုးရိမ်မိတာ” လို့ ပင်လောင်းစစ်ရှောင်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက် ကတည်းက စတင်ခဲ့တဲ့ စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေအကြား တိုက်ပွဲတွေ ယနေ့ အထိ ဆက်လက်ပြင်းထန် လာနေတာဖြစ်လို့ ပင်လောင်းတောင်ဘက်ကနေ ပင်လောင်းအထိ စစ်မီးကူးစက်လာမှာကို စိုးရိမ်တဲ့အတွက် နောင်တရားကို စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ခန့်နဲ့ ညောင်ရွှေဘက်ကို ၄၀၀၀ကျော်အထိ စစ်ဘေးရှောင်နေ ကြရတယ်လို့ သိရပါတယ်။

မတ်လ ၁၂ ရက်က ပင်လောင်းမြို့နယ် နောင်ဝိုးကျေးရွာအတွင်း တိုက်ပွဲတွေဖြစ်ပွားရာမှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် နောင်ဝိုးဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ယင်းရက်မတိုင်မီ မတ်လ ၈ ရက်က ဖယ်ခုံဘက်တိုက်ပွဲမှာ ကလောစစ်ဦးစီးတက္ကသိုလ်က နည်းပြ ဒုဗိုလ်မှူးကြီးအောင်ကိုဝင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းဗုံးထိမှန်မှုခဲ့ပြီး မတ်လ ၉ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။

လက်ရှိ အင်းလေးကန်အရှေ့ခြမ်း၊ ဖယ်ခုံနဲ့ ပင်လောင်းတောင်ဘက်တွင် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ အင်းလေး ၁၀၀၉ IPDF၊ ဖယ်ခုံ ၁၀၀၂ တပ်ရင်း၊ ဖယ်ခုံ ၁၀၀၆ တပ်ရင်းနဲ့ ရှမ်းတောင်ဗျူဟာ(၂) တပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ မြေပြင်သတင်းတွေအရ သိရပေမယ့် ထိခိုက်ကျဆုံးမှုတွေကိုတော့ နှစ်ဖက်တပ်တွေက ထုတ်ပြန်တာမရှိပါဘူး။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မူဆယ်က ကုန်စုံဆိုင်တွေကို အခွန်ဆောင်ဖို့ SSPP တပ်ဖွဲ့က အခွန်စာရွက်လာပေး

ရှမ်းမြောက် မူဆယ်မြို့နယ်က စွမ်စော်ရပ်ကွက် ကုန်စုံဆိုင်အများစုဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကအခွန်ဆောင်ဖို့ အခွန်စာရွက်တွေကို ကုန်စုံဆိုင်သို့ လာပေးနေတယ်လို့ မူဆယ်မြို့ခံတွေကဆိုပါတယ်။
မြန်မာ့နွေဦး

အင်းလေး PDFမှာ တပ်သားသစ်တိုးလာတဲ့အတွက် စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်း လိုအပ်မှုတွေရှိနေ

ကယား(ကရင်နီ)ပြည် အခြေစိုက် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် အမှတ် - ၁၁၀၉ (IPDF)မှာ အသစ်ရောက်လာတဲ့ တပ်သားဦးရေ ၂၀၀ ကျော်အတွက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပန်မြို့က စစ်ကောင်စီအဆောက်အဦတွေကို လုပ်ငန်းရှင်တွေထံ UWSA ပြန်ငှား

ရှမ်းပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်က အစိုးရဌာနဆိုင်ရာ အဆောက်အဦးတွေကို UWSA (“ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မဝောာ်) က လုပ်ငန်းရှင်‌တွေကို ငှားရမ်းပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပအိုဝ်းဒေသတွင်းတိုက်ပွဲက တင်ပါးဒဏ်ရာရနေတဲ့ ခရိုနီ နေဝင်းထွန်းကို PNA က ဒုစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်

စစ်ကောင်စီ လက်အောက်ခံ PNO/PNA ပြည်သူ့စစ်ရဲ့ ဒုစစ်ဦးစီးချုပ်အဖြစ် ခရိုနီ နေဝင်းထွန်းကို ခန့်အပ်ခဲ့တယ်လို့ အထူးဒေသ(၆) ရဲ့ မေလ ၈ ရက်နေ့စွဲပါ ထုတ်ပြန်စာအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ နှိပ်စက် ဖမ်းဆီးထောင်ချခဲ့တဲ့ ဖယ်ခုံဒေသခံတွေ ထောင်မှ ပြန်လွတ်လာ

၂၀၂၁ ခုနှစ် တိုက်ပွဲကာလအတွင်း နေအိမ်စောင့်နေတဲ့ ရွာသားတွေကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့သူတွေကို မေလ ၁၀ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မဲလက်မှတ် လိမ်လည်ရောင်းတဲ့သူကို ကျည်ဆန်နဲ့ အမည်ပါစာရွက်ပေးပို့ပြီး SSF ကသတိပေး

အိမ်၊ ခြံ၊ မြေမဲဖေါက်ပေးမယ်ဆိုပြီး လိမ်လည်ပြီး မဲလက်မှတ်တွေ ရောင်းချတဲ့ စစ်ကောင်စီဒလန်ကို ရှမ်းတောင်အထူးတပ်ဖွဲ့(Southen Special Force-SSF) က သတိပေးစာထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဒီးမော့ဆိုမှာ ပညာရေးအခွင့်အလမ်းဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ကွန်ပျူတာသင်တန်း ဖွင့်လှစ်

ကယား (ကရင်နီပြည်) ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နဲ့ The Present Team တို့ ပူးပေါင်းပြီး အခမဲ့ ကွန်ပျူတာသင်တန်းပေးနေတာမှာ ဒီနေ့ မေ ၁၀ ရက် နေ့မှာတော့ အပတ်စဉ် (၃)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ ၂ ဦး ပြင်းထန်ဒဏ်ရာတွေရတာရှိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now