စစ်ရေးသတင်း

ဖရူဆိုမြို့နယ် ဆိုသယ်စစ်ရှောင်စခန်းမှာ ရေပြတ်လပ်နေ၊ လူတစ်ယောက်ကို တစ်လ ရေတစ်ပုံးသာ ပေးနိုင်

မဲခေါင် 12 Mar - 2024
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ဆိုသယ် စစ်ဘေးရှောင်စခန်းမှာ ရေပြတ်လပ်နေတာ သုံးလ‌‌ခန့်ရှိနေပြီးတော့ စစ်ဘေးရှောင် ၉၀၀ ‌‌ကျော်အတွက် လူတစ်ယောက်ကို တစ်လ ရေတစ်ပုံးသာ ပေးနိုင်တယ်လို့ စစ်ဘေးရှောင်အရေးဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

မဲခေါင်၊ မတ် ၁၂

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ဆိုသယ် စစ်ဘေးရှောင်စခန်းမှာ ရေပြတ်လပ်နေတာ သုံးလ‌‌ခန့်ရှိနေပြီးတော့ စစ်ဘေးရှောင် ၉၀၀ ‌‌ကျော်အတွက် လူတစ်ယောက်ကို တစ်လ ရေတစ်ပုံးသာ ပေးနိုင်တယ်လို့ စစ်ဘေးရှောင်အရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့ တောင်ဘက် လျားဒူအနီးမှာရှိတဲ့ ဆိုသယ် စစ်ရှောင်စခန်းအနီးအနား ဝန်းကျင်မှာ ရေရရှိနိုင်တဲ့ အရင်းအမြစ် ရေထွက် မရှိတာကြောင့် မိုးရာသီမှာ မိုးရေကိုစုဆောင်းသုံးစွဲရပြီး နှစ်စဥ် ရေပြတ်လပ်မှုနဲ့ ကြုံတွေ့ရတာဖြစ်တယ်လို့ စစ်ဘေးရှောင်အရေးဆောင်ရွက်ပေးနေသူ မဆိုဖီယာက ပြောပါတယ်။ပြီးခဲ့တဲ့ သုံးလအတွင်းမှာဆို စစ်ရှောင်တစ်ဦးကို ရေ ၂၀ လီတာပုံး ၃ ပုံးသာ ပေးနိုင်တယ်လို့ ဆိုပါတယ်။

“ဘယ်အဖွဲ့အစည်းဘယ်သူပဲလာလာ ရေအတွက်ပဲ အလှူခံပြီး ရေဝယ်ပြီး စစ်ရှောင်တွေကို မျှဝေပေးတယ်။ ဒါပေမယ့် လုံလောက်မှုမရှိဘူး။ တစ်ယောက်ကို တစ်ခေါက်ကို လီတာ ၂၀ ပုံး တစ်ပုံး အဲဒီလိုမျိုးပဲရတာပေါ့နော်။ သုံးခေါက်ပဲရှိသေးတယ်” လို့ မဆိုဖီယာက ပြောပါတယ်။ပြီးခဲ့သည့် ဇန်နဝါရီလက လီတာ ၆၀၀၀ တင်တဲ့ ရေကားတစ်စီးအတွက်ငွေကျပ် ၂ သိန်းခွဲပေးရပေမယ့် အခု အချိန်မှာ ရာသီဥတု ပိုမိုပူပြင်းလာပြီး ရေရနိုင်တဲ့နေရာ ဝေးတာကြောင့် ‌ရေကားတစ်စီးကို သုံးသိန်းခွဲ‌လောက်ပေးရတယ်လို့ ဆိုပါတယ်။

“လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အခါကြတော့ ဒီဇယ်တွေ ကားခတွေ စျေးတက်တော့ ရေလည်း‌ စျေးကြီးတယ်” လို့ မဆိုဖီယာက ပြောပါတယ်။

ဆိုသယ်စစ်ရှောင်စခန်းမှာ အိမ်ခြေ ၂၁၈ အိမ်ရှိပြီးတော့ လူဦးရေ ၉၄၇ ဦးရှိပါတယ်။ဒါကြောင့် လူတစ်ဦးကို ရေလီတာ ၂၀ ပုံးတစ်ပုံးရနိုင်ဖို့အတွက် အနည်းဆုံး ရေကား သုံးစီး ငွေဆယ်သိန်းကျော်ကုန်ကျမှာဖြစ်ပါတယ်။

တစ်လကို ရေတစ်ပုံးသာရတာကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် မသုံးစွဲနိုင်တဲ့အကြောင်းကို “သူတို့က သောက်ဖို့နဲ့ စားဖို့ကိုပဲ ဦးစားပေးပြီးတော့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို မလုပ်နိုင်တဲ့ အခြေအနေရှိတယ်ပေါ့” လို့ မဆိုဖီယာက ပြောပါတယ်။

“မသန့်တဲ့ရေကိုသုံးရတာကြောင့် အရေပြားရောဂါတွေဖြစ်လာတယ်။ အခုကပူလာတော့ ဝမ်းပျက်ဝမ်းလျောတွေလဲ ဖြစ်နေကြတယ်။ ရေဓာတ်ခမ်းခြောက်တဲ့ ဟာလဲရှိတယ်” လို့သူက ဆိုပါတယ်။လုံခြုံရေးနဲ့ စားဝတ်နေရေးကြောင့် ရေရရှိနိုင်တဲ့နေရာကိုရွှေ့ပြောင်းဖို့လည်း ခက်ခဲတယ်လို့ဆိုပါတယ်။

ဆိုသယ်စစ်ရှောင်စခန်းဟာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှာကို စိုးရိမ်တဲ့ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာ ၈ ရွာဝန်းကျင်က စစ်ဘေးရှောင်နေကြသူတွေ ဖြစ်ပါတယ်။

ရေပြတ်လပ်မှုအတွက် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ကိုတင်ပြထားပေမယ့် ကူညီဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ စစ်ဘေးရှောင်တွေထံမှ သိရပါတယ်။

နွေ (Newsland Media)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now