မြန်မာ့နွေဦး

MNDAA က လောက်ကိုင်က အိမ်ခြေ ၆၀ ကျော်ကို ၃ ရက်အတွင်း ဖျက်ခိုင်း

မဲခေါင် 9 Mar - 2024
ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်မြို့က ဗမာတန်းကို MNDAA က ၃ ရက်အတွင်း ဖျက်ပစ်မယ်ဆိုတဲ့အတွက် အိမ်ရှင်တွေ ဒုက္ခရောက်နေတယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

မဲခေါင်၊ မတ် ၉

ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်မြို့က ဗမာတန်းကို MNDAA က ၃ ရက်အတွင်း ဖျက်ပစ်မယ်ဆိုတဲ့အတွက် အိမ်ရှင်တွေ ဒုက္ခရောက်နေတယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

MNDAA က အကြောင်းလာတာကို ယနေ့မနက် MNDAA အုပ်ချုပ်ရေးရုံးမှာ အိမ်ရှင်တွေ စကားသွားပြောကြပေမယ့် ညှိနှိုင်းဆွေးနွေးစရာမရှိဘူး ပြောလွှတ်တယ်လို့သိရပါတယ်။

ဖျက်ပစ်မယ်ဆိုတဲ့ ဗမာတန်းအလယ်ပိုင်းဟာ အိမ်ခြေ ၆၀ ကျော်ရှိကာ အင်ကြင်းပွင့်နေရာ အထိပါဝင်ပြီး အထပ်မြင့်တိုက်ကြီးတွေ အများကြီးရှိနေကာ ယင်းနေရာကို ဗမာအချင်းချင်း ဗမာတန်းလို့ခေါ်ပေမယ့် စကားရပ်အမှန်မှာ အထိမ်းအမှတ်နေရာဟု ခေါ်တွင်တယ်လို့သိရပါတယ်။

တိုင်းရင်းသားအများစု စီးပွားရေးအဓိကအချက်ခြာကျ လုပ်ကိုင်နေတဲ့နေရာဖြစ်ပြီး ဗမာ ၄ ဦးခန့်သာ နေထိုင်ပြီး အများစုက ကိုးကန့်လူမျိုးအများစု ပိုင်ဆိုင်နေထိုင်နေတာလို့ သိရပါတယ်။

“ ပြည်သူတွေကတော့ မြေကြီးပဲပြန်ရရင်တော်ပြီတဲ့၊ မြေကြီးပဲပြန်ရအောင်ယူမယ်ကွာ၊ နောက်မှ ပြန်ဆောက်မယ်” လို့ ဆိုသလို “ လိုအပ်လို့ မဖြစ်မနေဖျက်ရမယ်ဆိုလည်း မြေယာလျော်ကြေး နေရာအစားထိုးပေးပြီး ပြောင်းရွှေ့အခြေချဖို့ပါ အာဏာပိုင်တွေက လုပ်ဆောင်ပေးသင့်တယ်” လို့ ပြည်သူအချို့ကပြောတယ်လို့ သိရပါတယ်။

အိမ်ဖျက်ခံရမယ့် လူထုကတော့ ၃ ရက်အတွင်း ဖယ်ပေးရပြီး ပစ္စည်းတွေရွှေ့ရမယ့်ကိစ္စဟာ ၃ ရက်အတွင်း မဖြစ်နိုင်ဘူးလို့ပြောနေကြသလို တစ်သက်လုံးရှာတွေစုဆောင်းလာတဲ့ ချွေးနဲစာတွေ သဲထဲရေသွန်ဖြစ်ရတယ်ဆိုပြီး အပူမျိုးစုံခံစားနေကြရတယ်လို့ သိရပါတယ်။

MNDAA က ဗမာတန်းကို စည်ပင်သာယာရေးအတွက် ဖျက်မယ်ဆိုတာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်ကတဲက ပြောကြားထားတာဖြစ်ပြီး လျော်ကြေးအတွက် မြေပိုင်ဆိုင်မှုဂရမ်တွေ ပြနိုင်ရမယ်လို့ဆိုထားတယ်လို့သိရပါတယ်။

မတ်လ ၇ ရက် ကလည်း လောက်ကိုင် လဝက ရုံးကို ဖြိုချဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

MK-012

MeKongNews

လောက်ကိုင်

MNDAA

အိမ်ခြေ

ဖျက်ခိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now