ဒေသတွင်းသတင်း

ရှမ်းအရှေ့မြို့တွေမှာ မီးခိုးမြူတွေကြောင့် လေထုညစ်ညမ်းမှု အနီရောင်အဆင့် ရောက်နေ

မဲခေါင် 8 Mar - 2024
ရှမ်းပြည်အရှေ့ပိုင်းမြို့တွေဖြစ်တဲ့ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံမြို့နယ်တွေမှာ မီးခိုးငွေ့တွေကြောင့် လေထုညစ်ညမ်းမှု အနီရောင်အဆင့် အန္တရာယ်အမှတ်ရောက်နေတယ်လို့ သိရပါတယ်။

မဲခေါင်၊ မတ် ၈

ရှမ်းပြည်အရှေ့ပိုင်းမြို့တွေဖြစ်တဲ့ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံမြို့နယ်တွေမှာ မီးခိုးငွေ့တွေကြောင့် လေထုညစ်ညမ်းမှု အနီရောင်အဆင့် အန္တရာယ်အမှတ်ရောက်နေတယ်လို့ သိရပါတယ်။

အဲဒီမြို့တွေမှာရှိတဲ့ လေထုအရည်အသွေးဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့အဆင့် အနီရောင်အဆင့်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကတည်းက ရောက်ရှိခဲ့တာမှာ ယခုအခါ ပိုမိုမြင့်မားလာတယ်လို့ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ လေထုအရည်အသွေးတိုင်းစက်နဲ့ တိုင်းတာချက်အရ သိရပါတယ်။

လေထုအရည်အသွေးတိုင်းတာစက်အရ Air Quality Index 151-200 အတွင်း အနီရောင်သတ်မှတ်တာဖြစ်ပြီး အဲဒီအနီရောင်အဆင့်မှာ ကြည်ရှည်စွာရှိနေပါက အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေ ပိုမိုဖြစ်ပွားမှု များပြားစေတယ်လို့သိရပါတယ်။

ထိခိုက်လွယ်အုပ်စုတွေဖြစ်တဲ့ ကလေးသူငယ်နဲ့သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါရှိသူတွေ ပန်းနာရင်ကြပ်၊ နှလုံးရောဂ်သည်တွေဟာ လေထုညစ်ညမ်းမှုဒဏ်ကို ပိုမိုထိခိုက်ခံစားရမှာ ဖြစ်တယ်လို့သိရပါတယ်။

မီးခိုးမြူငွေ့တွေဖြစ်ပေါ်ရတာဟာ တောမီးလောင်ခြင်း၊ ရွှေ့ပြောင်းတောင်ယာခုတ်ထွင် ရှင်းလင်းခြင်းတို့ကြောင့် အဓိကဖြစ်ပြီး သဘာဝအရလောင်ကျွမ်းတာ၊ မိုးကြိုးပစ်တာ၊ သစ်ပင်အချင်းချင်းပွတ်တိုက်ရာက မီးစမီးပွားဖြစ်တာ၊ မီးတောင်ပေါက်ကွဲတာတွေကြောင့်လည်း ဖြစ်တယ်လို့သိရပါတယ်။

အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံမြို့နယ်တွေနဲ့ မိုင်ပေါင်း ၁၅၀ ကျော် ထိစပ်နေတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းက ချင်းမိုင်မြို့ဟာ လေထုညစ်ညမ်းမှုဟာ IQ AIR ညွှန်းကိန်းတွေအရ ဒေလီနဲ့လာဟိုးမြို့တွေကို ကျော်လွန်ပြီး ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံးမြို့ အဖြစ် ရောက်ရှိလာတယ် လို့မတ်လ ၇ ရက်က Bankok Post မှာ ဖော်ပြထားတယ်လို့သိရပါတယ်။

ဘူမိအချက်အလက်နဲ့အာကာသနည်းပညာဖွံ့ဖြိုးရေးအေဂျင်စီ(Gistda) ချင်းရိုင်၊ တပ်ခ်၊ မယ်ဟောင်ဆောင်၊ လမ်ဖွန်၊ ဖရာအို၊ နန်၊ လန်ပန်း၊ စတဲ့ ခရိုင် ၂၇ ခုမှာ လေထုထဲအမှုန်အမွှားပါဝင်မှု PM2.5 ထက်ကျော်လွန်ပြီး PM128.8 အထိ အမြင့်ဆုံးအန္တရာယ်အဆင့် ရောက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

`အပြင်သွားရင် မတ် တပ်မှ၊ နောက်မို့ဆို နှာခေါင်းဝမှာ မဲနေတာပဲ၊ မျက်စိတွေလဲစပ်၊ အသက်ရှုလဲမ၀ နဲ့ နှစ်တိုင်းဖြစ်နေတာပေမယ့်ခုက အစောကြီး ဖြစ်နေတာ”လို့ မိုင်းဆတ်ဒေသခံ တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

တာချီလိတ်နဲ့ထိစပ်နေတဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာနေသူ တစ်ဦးကတော့ မယ်ဆိုင်ဘက်မှာ မိုးတုရွာဖို့ ဒေသအုပ်ချုပ်မှုပိုင်းကလုပ်နေသလို ရေတွေလည်း ဖြန်းနေတယ်လို့ ပြောပါတယ်။

ကမ္ဘာတစ်ဝန်း လေထုညစ်ညမ်းမှုကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေနဲ့ နှစ်စဉ် လူ ၂ သန်းကျော် ဆေးရုံတက်နေရတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now