စစ်ရေးသတင်း

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ နားခိုက်ကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲလို့ ၁ ဦးသေဆုံးကာ နေအိမ်တွေပျက်စီး

မဲခေါင် 28 Feb - 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က နားခိုက်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေယာဉ်နဲ့ဗုံးကြဲလို့ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၄ လုံး ထိခိုက်ပျက်စီးရတယ်လို့ ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ PNLA က ထုတ်ပြန်ကြေငြာပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က နားခိုက်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေယာဉ်နဲ့ဗုံးကြဲလို့ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၄ လုံး ထိခိုက်ပျက်စီးရတယ်လို့ ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ PNLA က ထုတ်ပြန်ကြေငြာပါတယ်။

ယနေ့မနက် ၉နာရီခွဲအချိန်မှာ စစ်ကောင်စီဟာ နားခိုက်ကျေးရွာအပေါ်ကို ၈ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် လေယာဉ်ပေါ်က စက်သေနတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယင်းတိုက်ခိုက်မှုကြောင့် နားခိုက်ရွာက အသက် ၆၃ အရွယ် ဖြားခွန်ဆိုသူ သေဆုံးပြီး နေအိမ် ၄ လုံးနဲ့ ရွာစာသင်ကျောင်း တံခါးပြတင်းတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ အဆိုပါသတင်းစဉ်မှာ ပါရှိပါတယ်။

အဆိုပါကျေးရွာမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO က တပ်စွဲထားခြင်းမရှိသလို မြေပြင်တိုက်ပွဲတွေလည်းမရှိပဲ စစ်ကောင်စီက အကြောင်းမဲ့တိုက်ခိုက်ခဲ့တာဖြစ်လို့ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တမြန်မနေ့ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စု တဖူကဲင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့လို့နေအိမ် ၁ လုံး ပျက်စီခဲ့ရတယ်လို့လည်း ပါရှိပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးကျင့်ဝတ်တွေကို ပေါ်ပေါ်တင်တင် ကျူးလွန်ဖောက်ဖျက်နေကာ ပြည်သူကို ရန်သူသဖွယ်တိုက်ခိုက်နေတာ ဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့လေကြောင်းရန်က ကာကွယ်ဖို့ ဗုံးခိုကျင်းတွေ ကိုယ်စီတူးထားကြရန် တိုက်တွန်းတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်ဟာ စစ်အာဏာရှင်စနစ်ကို ပြည်သူတရပ်လုံးက ဝိုင်းဝန်းတိုက်ဖျက်နေချိန်ဖြစ်လို့ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တွေအနေနဲ့ စစ်အာဏာရှင်ကာကွယ်ပေးနေရတဲ့ လုပ်ရပ်တွေကို ဦးနှောက်ကြီးကြီးနဲ့ သေချာသုံးသပ်စဉ်းစားပြီး စစ်အာဏာရှင်စနစ်အောက်က ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်ကို အမြန်ဆုံးကူးပြောင်းကြဖို့ တိုက်တွန်းထားပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now