စစ်ရေးသတင်း

ဆီဆိုင်မြို့တွင်း ပိတ်မိနေသူတွေထဲမှ ဒဏ်ရာပြင်းထန်သူ ၂ ဦးကို ကယ်ထုတ်၊ ကျန်သူတွေကိုလည်း ကယ်ထုတ်နေ

မဲခေါင် 21 Feb - 2024
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင်းမှာ ပိတ်မိနေတဲ့ မိသားစုတွေထဲက ဒဏ်ရာပြင်းထန်သူ ၂ ဦးကို မနေ့က ဖေဖော်ဝါရီ ၂၀ ရက်ညနေပိုင်းက ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆီဆိုင်မြို့ခံ လူငယ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင်းမှာ ပိတ်မိနေတဲ့ မိသားစုတွေထဲက ဒဏ်ရာပြင်းထန်သူ ၂ ဦးကို မနေ့က ဖေဖော်ဝါရီ ၂၀ ရက်ညနေပိုင်းက ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆီဆိုင်မြို့ခံ လူငယ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

ဆီဆိုင်မြို့ စစ်ဘေးရှောင်သူတွေအပါအဝင် စေတနာရှင်တစုက ကားတွေ၊ စက်သုံးဆီတွေ စီစဥ်ပေးတာကို လူငယ်တစုက ကား ၃ စီး၊ ဆိုင်ကယ်တွေနဲ့ သွားရောက် ကယ်ထုတ်ခဲ့တာလို့ သိရပါတယ်။

ဒဏ်ရာရမိသားစုရှိတဲ့ နေရာက ကားမသွားနိုင်လို့ ဆိုင်ကယ်တွေနဲ့ပဲ ခေါ်ထုတ်ခဲ့ရတာဖြစ်ပြီး မြေနီကုန်းဆွတ်ရွာသို့ ညအချိန်ရောက်ရှိတဲ့အတွက် ယင်းရွာမှာပဲ ညအိပ်ခဲ့ပြီး တောင်ကြီး စဝ်စံထွန်းဆေးရုံကို ပို့မယ်လို့ ပြောပါတယ်။

နောက်ကျောတွင် ပြင်းထန်ဒါဏ်ရာရရှိထားတဲ့ အမျိုးသမီးကစိုးရိမ်ရတဲ့ အခြေအနေရှိပြီး ပါးစပ်က သွေးအန် နေကာ အသက် ၁၃ နှစ်အရွယ် သမီးမှာလည်း ပြင်းထန်တဲ့ဒါဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

ကျန်ခဲ့တဲ့လူငယ် ၃ ဦးမှာ လက်မောင်းနဲ့ ခြေထောက်တွေမှာအနည်းငယ်စီ ဒါဏ်ရာအသီးသီးရရှိထားပြီး ယနေ့မှာ အခြား လေဖြတ်နေသူ ၁ ဦးနဲ့ ကိုယ်ဝန်ဆောင်အပါအဝင် ၂၀ ဦးခန့်ကိုလည်း ထပ်မံကယ်ထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

သူတို့ဟာ ဆီဆိုင်မြို့တိုက်ပွဲတွေစဖြစ်နေချိန်မှာ အနီးက တောထဲမှာခိုလှုံရင်း ကျန်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်က စစ်ကောင်စီရဲ့ ဒရုန်းဗုံးကြောင့်ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတာလို့ သိရပါတယ်။

လက်ရှိမှာဆီဆိုင်မြို့ကို PNLA နဲ့တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်ကောင်စီက လေယာဥ်နဲ့ဗုံးကြဲ၊ ဒရုန်းနဲ့ဗုံးချ၊ လက်နက်ကြီးနဲ့ပစ်နေပြီး မြေပြင်တိုက်ပွဲတွေဖြစ်နေပါတယ်။

MK-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now