မြန်မာ့နွေဦး

မြန်မာနိုင်ငံသားတွေ တရားမဝင်နည်းလမ်းနဲ့ ဝင်လာရင် အရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ်ဆို

မဲခေါင် 20 Feb - 2024
ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက တရားဝင် လာရောက်မယ့် မြန်မာတွေကို ကြိုဆိုမှာဖြစ်ပေမယ့် တရားမဝင် ဝင်ရောက်လာသူတွေ ကိုတော့ ဥပဒေအရ အရေးယူသွားရမှာပဲလို့ ရှင်းလင်းပြောကြားသွားပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၀

မြန်မာနိုင်ငံမှာ စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းလိုက်ပြီးနောက် ထိုင်းနိုင်ငံကို လူငယ်များစွာ စုပြုံဝင်ရောက်လာဖို့ ရှိနေခြင်းအတွက် ပူပန်မှုအခြေအနေကို မေးမြန်းရာ ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက တရားဝင် လာရောက်မယ့် မြန်မာတွေကို ကြိုဆိုမှာဖြစ်ပေမယ့် တရားမဝင် ဝင်ရောက်လာသူတွေ ကိုတော့ ဥပဒေအရ အရေးယူသွားရမှာပဲလို့ ရှင်းလင်းပြောကြားသွားပါတယ်။

ထိုင်းနိုင်ငံမှာ လက်ရှိ အလုပ်လက်မဲ့ရာခိုင်နှုန်းဟာ ၁ ရာခိုင်နှုန်းအောက်သာရှိသေးတဲ့အတွက် ပြည်တွင်း လုပ်သားလိုအပ်ချက်များစွာရှိနေသေးလို့ ထိုင်းတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို မြန်မာတွေကသာ ရယူပြီးအခက်တွေ့စေမှာမျိုး မရှိနိုင်ကြောင်း၊ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံသားတွေ ဝင်ရောက်လာရင် တရားဝင် နည်းလမ်းနဲ့သာ ဝင်ရောက်ရမှာဖြစ်ပြီး လုံခြုံရေးအေဂျင်စီတွေနဲ့ ဒီအရေး တွေ့ဆုံ ဆွေးနွေးသွားမယ် လို့လည်း ဆရတ်သာက ဆိုပါတယ်။

သမ်မာဆတ်တက္ကသိုလ် ပီရီဒီဘာနိုမြောင် အင်စတီကျုအမှုဆောင်ကော်မတီဥက္ကဌ တာမာဂျိုင်က မြန်မာနိုင်ငံမှာ ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် MOU နဲ့ ဝင်လာမယ့် မြန်မာနိုင်ငံသားများစွာ ထပ်တိုးလာမှာဖြစ်လို့ ဒီ MOU မူဘောင်နဲ့ အံဝင်တဲ့ လုပ်ငန်းတွေမှာ လုပ်သားလိုအပ်ချက်ကို ဖြည့်တင်းနိုင်မှာဖြစ်ပေမယ့် ဘောင်မဝင်တဲ့ တခြားသော စီးပွားရေးလုပ်ငန်းပိုင်းတွေမှာ လုပ်သားလိုအပ်ချက်တွေ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့က ထိုင်းသံရုံးမှာ နေ့စဉ် ထောင်ချီတဲ့ မြန်မာနိုင်ငံသားတွေ ဗီဇာလာလျှောက်နေကြလို့ သံရုံးက တစ်ရက် အယောက် ၄၀၀ ပဲ လက်ခံတော့မယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒါအပြင် ပတ်စ်ပို့တ် ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို ဗီဇာမလိုဘဲ ၁၄ ရက် အလည် သွားရောက်နိုင်မယ်လို့လည်း ကြေညာခဲ့ပါတယ်။

Ref: bangkokpost
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

KNLA နဲ့ PDF ဝင်တိုက်တဲ့ ပဲဒက်စစ်ကောင်စီစခန်းမှ ၂၆ ယောက်ဖမ်းမိ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ ပဲဒက်ရွာမှ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တို့ မေ ၅
မြန်မာ့နွေဦး

မြစ်ကြီးနား ဗလမင်းထင်တံတားထိပ်မှာ တိုက်ပွဲ ပြင်းထန်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား အဝင်က ဗလမင်းထင်တံတားထိပ်မှာ ဒီနေ့ မေ ၉ ရက် မွန်းလွဲ ၂ နာရီခန့်ကစပြီး လက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရှေ့တန်း စစ်မြေပြင်မှာ မြေမြုပ်မိုင်း ထိသွားတဲ့ ရှမ်းတောင် PDF တပ်ဖွဲ့ဝင် တစ်ဦး အကူအညီလိုအပ်နေ

ရှမ်းတောင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် ၁၀၀၅ တပ်ရင်း(SSPDF)က တပ်ဖွဲ့ဝင်တစ်ဦးဟာ မြေမြုပ်မိုင်းကြောင့် ပြင်းထန်ဒဏ်ရာရခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ တော်လှန်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA နဲ့ ပူးပေါင်းအဖွဲ့ မလိုက်နိုင်အောင် တံတားကို မိုင်းခွဲပြီး စစ်ကောင်စီတပ် ထွက်ပြေး

ဗန်းမော် - မြစ်ကြီးနား လမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ်၊ ကဇူးရွာ အနီးက ဒဘတ်ချောင်းကူးတံတားကို မေလ ၈ ရက်နေ့ ည ၈ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့က ကား ၂ စီးနဲ့ လာရောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖယ်ခုံ PDF တည်ထောင်ခြင်း ၃ နှစ်ပြည့် ရဲဘော်အသစ်၊ ဟောင်းတွေ တက်ရောက်

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (ဖယ်ခုံ PDF) တပ်ရင်း ၂၊ တပ်ခွဲ ၁ရဲ့ ၃ နှစ်ပြည့် မျက်နှာစုံညီပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ နောင်ရင်းဒုံကျေးရွာအနီး မိုင်းနင်းမိလို့ ရွာသားတစ်ဦး ခြေပြတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းဒုံကျေးရွာအနီး တွင် မနေ့ မေလ ၈ ရက်က မြေမြုပ်မိုင်းနင်းမိလို့ ရွာသား ၁ ဦးခြေပြတ်ဒဏ်ရာ ရရှိသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မိုးမောက်မြို့ထဲကို စစ်ကောင်စီဗုံးကြဲ၊ နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ထဲ မနေ့ မေ ၈ ရက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲသွား နေအိမ်တချို့မီး ထပ်လောင်ကျွမ်းသွားကြောင်း ဒေသခံ တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

Non-CDM အမျိုးသားဝန်ထမ်းတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကြောင့် ကလောမြို့ကဌာနဆိုင်ရာ ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်နေ

ကလောမြို့နယ်တွင်း ဌာနဆိုင်ရာ အသီးသီးက ရာထူးကြီးပိုင်း ဝန်ထမ်းတွေဟာ အောက်ခြေဝန်ထမ်းတွေကို အသိမပေးဘဲ စစ်ကောင်စီကို စစ်မှုထမ်းစာရင်း ပေးထားတာကြောင့် အမျိုးသားဝန်ထမ်းတွေ တိမ်းရှောင်နေတယ် ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now