ဆောင်းပါး

တရုတ်ရဲ့ ကြားဝင်ဖြန်ဖြေရေး ကျဆုံးခန်း

မဲခေါင် 18 Feb - 2024
အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ မြန်မာအာဏာရှင်စစ်ကောင်စီဟာ အင်မတန်ထိန့်လန့်တုန်လှုပ်စရာအခြေအနေ မျိုးနဲ့ မျက်နှာချင်းဆိုင်နေရပါပြီ။

လင်းမောင်

အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ မြန်မာအာဏာရှင်စစ်ကောင်စီဟာ အင်မတန်ထိန့်လန့်တုန်လှုပ်စရာအခြေအနေ မျိုးနဲ့ မျက်နှာချင်းဆိုင်နေရပါပြီ။

နိုင်ငံတစ်ဝန်းလုံး အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တွန်းလှန်မှုတွေကို အလူးအလဲ ခံနေရတယ်။ ရှမ်းပြည်နယ်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖော်ကြောင့်ဒါဇင်ပေါင်း များစွာသော မြို့တွေ၊ နယ်မြေတွေ၊ အကောက်ခွန်ဂိတ်တွေကို လက်လွှတ်ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။ ရှမ်းမြောက်ပိုင်း မှာ ဒီမြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တရုတ်ရဲ့ ထောက်ပံ့မှုနဲ့ တော်လှန်ရေးအောင်မြင်မှုအသီးအပွင့်တွေ ခံစားရရှိ ခဲ့တယ်။ မြောက်ပိုင်းမဟာမိတ် ၃ ဖော်ထဲက AA ဟာလည်း တရုတ်ရဲ့ကြားဝင်စေ့စပ်ပေးမှုမှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ပေမယ့် ရခိုင်မှာ စစ်ရေးအသာရပြီး တိုက်ပွဲများစွာမှာ အောင်နိုင်နေခဲ့ပါပြီ။ တရုတ်ဟာ စစ်ကောင်စီ ဘက်ကိုရော တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကိုပါ ဩဇာသက်ရောက်မှုများစွာရှိနေတာကတော့ သံသယရှိ ဖို့မလိုပါဘူး။

တရုတ်က သူတို့အကျိုးစီးပွားတည်ငြိမ်မှုအတွက် မြန်မာနိုင်ငံအပေါ် ဩဇာလွှမ်းမိုးနိုင်ရေးကို ဆက်ထိန်းချင်တယ်။ ဒါပေမဲ့ နယ်မြေချဲ့တွင်ပိုင်စိုးရေးကသာ တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် အဓိကအကျဆုံး ရည်မှန်းချက် ဖြစ်နေတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေဟာ တရုတ်အပေါ် အလွန်အကျူး အားကိုးအားထားမိ သွားရင် မျက်နှာသာမရတဲ့ သက်ရောက်မှုတွေ ရှိမှာကိုလည်း သတိထားကြတယ်။ ၂၀၂၄ ဇန်နဝါရီ မှာ တရုတ်ရဲ့ ကြားဖြတ်ဖြေရှင်းပေးမှု အောင်မြင်ခဲ့တယ်။ နှစ်ဖက်စလုံးက နည်းနည်းပါးပါး လိုအပ်တာတွေ ထပ်တောင်းဆိုမှု တွေအပေါ် သဘောတူနိုင်ခဲ့ကြတယ်။ ဒါကြောင့်လည်း တင်းမာမှုတွေလျော့ကျသွားတယ်။ ဒါပေမယ့် တကယ် တမ်း အခြေအနေတွေက ပိုပြီး ရှုပ်ထွေး နက်နဲသွားတာမျိုးဖြစ်ပါတယ်။

တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ တောင်းဆိုချက်နဲ့ အမြင်တွေကြောင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဟာ စစ်ကောင် စီနဲ့ ထာ၀ရအပစ်အခတ်ရပ်စဲရေး သဘောတူဖို့ကျ ခက်ခဲနေပြန်ရော။ စစ်ကောင်စီနဲ့ တိုက်ခိုက်မှုတွေကို ရပ်ပြီး ဆွေးနွေးမှုတွေလုပ်လာမယ်ဆိုရင် ပြည်သူလူထုအပေါ် အများကြီးဖြေရှင်းချက်တွေ ထုတ်ပြန်ပေးရင်တောင် မလွယ်တဲ့အနေအထားပါ။ စစ်ဆင်ရေး ၁၀၂၇ စပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ တော်တော် အတိဒုက္ခရောက်ရ တယ်။ ဒါကြောင့် နှစ်ဖက်စလုံးက ပြန်လည်စတင်ရေးကို အလေးထားဆောင်ရွက်ဖို့ ဆန္ဒရှိကြတယ်။ တရုတ်ရဲ့ ပိုမိုမျက်နှာသာပေးမှုကို ရရှိဖို့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့လမှာ တရုတ်ကို ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းအမြန်ပြီးစီးအောင် ဆောက်လုပ်ပေးဖို့ တောင်းဆိုထားတယ်လို့ ယူဆရပါတယ်။ တစ်ပြိုင် တည်းမှာလည်း တရုတ်ရဲ့ ပိုင်ဆိုင်မှုတွေ၊ အကျိုးစီးပွားတွေဟာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ နယ်မြေတွေမှာ ဘေးကင်းလုံခြုံမှုက ရှိနေပြန်ပါတယ်။

ခါးပတ်လမ်းစီမံကိန်းကြီးပြီးစီးဖို့ မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်တည်နေခြင်းဟာ ပိုပြီး ခက်ခဲမှုတွေကို ဖြစ်စေမှာကို တရုတ်ဘက်က ကောင်းကောင်းနားလည်ထားတယ်။ ဒါကြောင့် အရင်တည် ဆောက်ထားပြီးသား စီမံကိန်းတွေကို ထိခိုက်ပျက်စီးမှုမရှိဖို့ တရုတ်ဟာ စစ်ကောင်စီနဲ့ရော တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ပါ နီးစပ်စွာ ဆက်သွယ်ဆောင်ရွက်မှုတွေ လုပ်ထားတယ်။ မြန်မာအရေး အလုံးစုံပါဝင် တဲ့ ဖြေရှင်းမှု အောင်မြင်ခြင်းကသာ သူတို့ရဲ့ ခါးပတ်လမ်းနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကြီးတွေ ပြီးမြောက်အောင်မြင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းရှိတာလည်း တရုတ်က သိတယ်။

ပေကျင်းအစိုးရဟာ မြန်မာ့အရေးဟာ မြန်မာနိုင်ငံတွင်းမှာသာ ဖြေရှင်ရမယ့်အရာဖြစ်လို့ ဘယ်တော့မှ ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ဘူးလို့ ထပ်ကာထပ်ကာ ကြေညာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို တစ်တိုင်းပြည်လုံး အုံကြွ ဆန္ဒပြစဉ်ကတည်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်-မြန်မာ ဆက်ဆံရေးကို ဖျက်ဆီးမှုမှန်သမျှဟာ အောင်မြင်မှုဆီ ဘယ်တော့မှ မသွားနိုင်ဘူးလို့လည်း ထုတ်ပြန်ခဲ့ပါသေးတယ်။ တရုတ်နဲ့ စစ်ကောင်စီကြားမှာ တချို့သော ယုံကြည်မှုတွေကတော့ သေချာပေါက်ရှိထားတယ်။

တရုတ်နိုင်ငံသားများစွာကို မြန်မာနိုင်ငံ နယ်စပ်မြို့တွေမှာ ကျားဖြန် ငွေလိမ်လုပ်ငန်းတွေ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေမှာ လိမ်လည် ခေါ်ယူပြီး နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေလုပ်နေတာကို တိုက်ဖျက်ဖို့ ဒီနောက်ပိုင်း တရုတ်နဲ့ စစ်ကောင်စီတို့ သဘောတူထားတယ်။ တရုတ်လူမျိုးသိန်းချီဟာ ဒီလုပ်ငန်းတွေမှာ အဓမ္မ အသုံးချခံရဖို့ လစာများတဲ့ အလုပ်တွေ နဲ့မျှားခေါ်ပြီး ပြန်ပေးဆွဲသလို အကြမ်းဖက် ခိုင်းစေမှုတွေကို လုပ်နေရတယ်။ ဒါကြောင့် တရုတ်က ဒီလုပ်ငန်းတွေ ကို တိုက်ဖျက်ရေးအတွက်တော့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီနဲ့ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ထားတယ်။

ဒါပေမဲ့ တရုတ်ဟာ မင်းအောင်လှိုင် မြန်မာနိုင်ငံကို အာဏာသိမ်းပြီး ခေါင်းဆောင်လုပ်နေခြင်းအပေါ်မှာတော့ ထောက်ခံအသိအမှတ်ပြုတာမျိုး ဒီနေ့အထိ တရားဝင် မလုပ်သေးပါဘူး။ တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ အတိုက်အခံ NUG အစိုးရနဲ့ ချိတ်ဆက် ဆက်ဆံမှုပြုနေတာ ရှိတယ်။ NUG ရဲ့ နှစ်သစ်ကူးဆုတောင်းမှာ သူတို့ဟာ တရုတ်ရဲ့ One China ပေါ်လစီကို လက်ခံကြောင်းနဲ့ မြန်မာနိုင်ငံအတွင်းက တရုတ်အကျိုးစီးပွားတွေကို ကာကွယ်ပေးရမယ်၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်ရာမှာ ပူးပေါင်းပါဝင်မယ်လို့ ထုတ်ပြန်သွားတာကြည့်ရင် တရုတ်နဲ့ NUG လည်း တစ်ဖက်မှာ ဆက်ဆံမှုရှိတာ မြင်သာပါတယ်။

လက်ရှိဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံအခင်းအကျင်းအတိုင်းဆက်သွားနေရင် တိုင်းပြည်ဟာ နှစ်အနည်းငယ်အတွင်း ပိုပြီး ပျက်ဆီးသွားမှာသေချာတယ်လို့ အားလုံးက ခန့်မှန်းထားကြပြီးသားပါ။ အခွင့်အာဏာ နေရာလုမှုတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား အကွဲအပြဲတွေနဲ့ ပိုပြီး သူတစ်စင် ကိုယ်တစ်စင် အနေအထားရောက်သွားဖို့ တာစူနေတာပါ။ ဒီလိုအခြေအနေမျိုးဖြစ်မှာကို တရုတ်ဘက်က မလိုလားတဲ့အပြင် ကြောက်ရွံ့မှုပါ ရှိနေပါတယ်။ အစိုးရပိုင်းသက်ဆိုင်သူတချို့က တရုတ်ဟာ မြစ်ကမ်းဘေးကနေ မီးလောင်နေတာကို ထိုင်ကြည့်နေမယ့် အရင်လို ပေါ်လစီကိုပဲ ဆက်လက်ကိုင်ထားလိမ့်မယ်လို့ မြင်ကြတယ်။ ပညာရှင်များစွာက တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကို ၂၀၁၁ ခုနှစ်က ဒီမိုကရေစီစနစ် အစပြုဖို့ တစ်ကပြန်စတဲ့ လမ်းစဉ်မျိုး ပြန်ဖြစ်စေချင်နေတယ်လို့ သုံးသပ်ကြတယ်။ အမေရိကန်နဲ့တရုတ် နှစ်နိုင်ငံရဲ့ ဩဇာသက်ရောက်ခြင်းနဲ့ ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်သာ ကြီးစိုးခဲ့ရာက စစ်ခေါင်းဆောင်တွေကိုယ်တိုင်က တိုင်းပြည်ကို ပြည်သူတင်မြှောက်တဲ့ အစိုးရစနစ်နဲ့သွားဖို့ အသွင်းကူးပြောင်းခဲ့တာမျိုး ပြန်ဖြစ်စေချင်တာပါ။ ဒါပေမဲ့လည်း လက်ရှိ မြန်မာနိုင်ငံအခင်း အကျင်းက တရုတ်ပြန်ဖြစ်စေချင်သလို ဖြစ်လာဖို့လည်း စိန်ခေါ်မှုပေါင်းများစွာကြောင့် အလွန့်အလွန် ခက်ခဲတဲ့ အနေအထားရောက်နေခဲ့ပါပြီ။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

အထူးဒေသ(၄)မိုင်းလားနဲ့ စစ်ကောင်စီရဲ့ တရုတ်သွင်းကုန်/ပို့ကုန် လွန်ဆွဲပွဲ

၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်နဲ့ စစ်ဆင်ရေးပြီးအခြေအနေတွေကြောင့် တရုတ်နဲ့ အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်နေတာကြောင့် တရုတ်နဲ့သွင်းကုန်/ထုတ်ကုန်တွေကို ရှမ်းအရှေ့ အထူးဒေသ(၄)မိုင်းလားကနေတဆင့် ကုန်သွယ်နေရတာပါ။
ဆောင်းပါး

China Strengthens Its Repression of Press Freedom

On May 3, the globe observed globe Press Freedom Day. However, alarming

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Thailand sales decline, but Chinese EV manufacturers keep up their pricing fight

Chinese manufacturers are struggling to carve out a niche for themselves in Thailand's Electric Vehicle (EV) industry due to fierce

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စဝ်ခွန်ဆိုင်၊ SSPP/SSA၊ ရှမ်းလူထုနဲ့ ပကတိလားရာ

လွန်ခဲ့တဲ့ နှစ်နှစ်က ကျင်းပတဲ့ ရှမ်းပြည်တပ်မတော်နေ့ အခမ်းအနား တခုမှာ SSPP/SSA ဝါရင့် နာယကကြီး ဗိုလ်ချုပ်ကြီး ဆေထင်က အခုလိုပြောဖူးတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ကြပါတော့မယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ စည်ကားခဲ့တဲ့ ကုန်တိုက်ကြီးတွေဟာ အခုတော့ ဆိတ်ကွယ်ရာအရပ်ကြီးတစ်ခုလို ဖြစ်နေခဲ့ပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous business bankruptcies. Many stores now sit deserted with

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now