စစ်ရေးသတင်း

မုံးကိုးမြို့မှာ MNDAA က လက်နက်ရှိ၊ မရှိ တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးနေ

မဲခေါင် 16 Feb - 2024
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့မှာ MNDAA အဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ နေအိမ်တွေထဲ လက်နက်ရှိမရှိ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံစစ်ဆေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့မှာ MNDAA အဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ နေအိမ်တွေထဲ လက်နက်ရှိမရှိ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံစစ်ဆေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“အရမ်း စစ်နေတယ်။ ကျနော်တို့ ဒီဘက် တအိမ်ဝင်၊ တအိမ်ထွက် စစ်နေတယ်” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

ယခုလိုမျိုး နေအိမ်တွေမှာ လက်နက်တွေ ရှိမရှိ လိုက်လံ စစ်ဆေးတာမျိုး အရင်တုန်းက တခါမှ မရှိဖူးဘူးလို့ ဆိုပါတယ်။

“စစ်နေကြတယ်။ ကျနော့်အိမ်တော့ မစစ်သေးဘူး။ တခြားအိမ်တွေမှာ လိုက်စစ်နေတယ်။ စစ်ပြီး တွေ့တယ်လို့လည်း မကြားဘူး။ သူတို့ အခိုင်အမာ အုပ်ချုပ်တယ် ဆိုတဲ့ အကြောင်း ပြချင်တာပါ။ လက်နက်တွေ ရှိ၊မရှိ နေအိမ်တွေမှာ လိုက်စစ်တာ မှန်ပါတယ်” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

တရုတ်နှစ်သစ်ကူး ကာလအတွင်းဖြစ်တဲ့တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က မုံးကိုးမြို့ ရပ်ကွက် ၅ ဥက္ကဌ ရဲ့ နေအိမ်မှာ ဗုံး ပစ်ထည့်ခံရကာ ပေါက်ကွဲမှု ဖြစ်ပွားတယ်လို့ ကြားရပြီး လူအထိအခိုက်တော့ မကြားရဘူးလို့ သူက ပြောပါတယ်။

“အဲဒီ ရပ်ကွက် ၅ ဥက္ကဌ နေအိမ်မှာ ဗုံးလာပစ်ထည့်တယ်ဆိုတာ မှန်တယ်။ အဲဒါ သူတို့ အကွက်ဆင်တာလား တော့မသိဘူး။ သူတို့ အကြောင်းပြချက် ခေါင်းစဉ်တပ်ပြီးမှပဲ သူတို့ လိုက်စစ်လို့ ရတာလေ။ သူတို့ လူလည်း ဖြစ်နိုင်တယ်။ လူမထိမယ့်နေရာ၊ ရပ်ကွက် ၅ ဆိုတော့ တော်တော် ဝေးတော့ လူနေကျဲတော့ သူတို့ ပစ်ထည့်လိုက်ပြီး အဲဒါကို ခေါင်းစဉ်တပ် လိုက်လံ စစ်ဆေးရှာဖွေ တာလည်း ဖြစ်နိုင်တယ်။ ဗုံးကွဲ တာတော့ မှန်တယ်။” လို့ သူက ရှင်းပြပါတယ်။

အခြေအနေက ဘယ်နေရာဖြစ်ဖြစ် သိပ်မကွာပဲ သူ့တို့ အစီအစဉ် ရှိလို့ လုပ်စရာရှိတဲ့ အလုပ် လုပ်ကာ သူတို့ တပ်ဖွဲ့ ခိုင်မာကြောင်း လုပ်ဆောင် ပြသတဲ့ သဘောရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက် နေ့က MNDAA က ပန်ဆိုင်းဒေသခံ‌တွေကို အစည်းအဝေး ခေါ်ပြီး အစည်းအဝေးမှာ ဖြစ်ဖြစ်၊ ကိုးကန့်တပ်ဖွဲ့တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို ဖြစ်ဖြစ် မှတ်တမ်းယူပြီး အွန်လိုင်းပေါ် မတင်ဖို့၊ KIA နဲ့ SSPP တပ်သား‌တွေကို စစ်ဝတ်စုံနဲ့ လက်နက်ကိုင်ဆောင်လာပါက မြို့ထဲ ပေးမဝင်ဖို့၊ မိမိနေအိမ်ရှိ သေနတ်‌ေတွကို အမြန်ဆုံး အပ်နှံဖို့၊ တစ်အိမ်တစ်ယောက် MNDAA မှာ စစ်မှုထမ်းဖို့၊ မြို့အဝင်အထွက် နဲ့ အုပ်ချုပ်ရေးရုံးတွေမှာ ကင်းစောင့်ပေးဖို့ ပြောဆိုသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

CJ-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now