အာစီယံဒေသတွင်း

မြန်မာဒုက္ခသည် နှစ်သောင်းကို တစ်လအတွင်း ထောက်ပံ့မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

မဲခေါင် 9 Feb - 2024
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟစ်ဒါနူကာရာက ထိုင်းမြန်မာနယ်စပ်ဒေသ စစ်ရှောင်ဒုက္ခသည်များ ဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေး စင်္ကြန်ကို တစ်လအတွင်း ဖွင့်လှစ်ပြီး အထောက်အပံ့တွေ စတင်ပေးတော့မှာဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့က ထုတ်ပြန်ပြောဆိုသွားပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၉

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟစ်ဒါနူကာရာက ထိုင်းမြန်မာနယ်စပ်ဒေသ စစ်ရှောင်ဒုက္ခသည်များ ဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေး စင်္ကြန်ကို တစ်လအတွင်း ဖွင့်လှစ်ပြီး အထောက်အပံ့တွေ စတင်ပေးတော့မှာဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့က ထုတ်ပြန်ပြောဆိုသွားပါတယ်။

နယ်စပ်ဖြတ်ကျော် ထောက်ပံ့ကူညီမှုတွေအတွက် အစီအစဉ်ကို ပြီးပြည့်စုံခြင်းမရှိသေးလို့ အတိအကျ ထုတ်ဖော် တင်ပြထားတာမရှိပေမယ့် ကရင်ပြည်နယ်နဲ့ ကပ်လျက် တက်ခ်ခရိုင် သောင်းရင်းမြစ်ကမ်းတစ်ဖက်က ရွှေ့ပြောင်းနေထိုင်ရသူ ဒုက္ခသည် ၂၀၀၀၀ အတွက်သာ အကျိုးရှိစေမယ့် အစီအစဉ်ဖြစ်ကြောင်းနဲ့ သောင်းရင်းမြစ် တစ်ဖက်ကမ်း ထိုင်းဘက်ခြမ်း ထောက်ပံ့မှုတွေကို ထိုင်းဘက်က တာဝန်ယူပြီး မြန်မာဘက်ခြမ်းအတွက် အကူအညီအထောက်အပံ့ကိစ္စကို စစ်ကောင်စီကသာ တာဝန်ယူမှာဖြစ်ကြောင်း ပန်ဘရီးက ဝန်ခံသွားပါတယ်။

ဒီထောက်ပံ့မှုတွေကို အာဆီယံဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးဗဟိုအဖွဲ့နဲ့ ထိုင်း၊ မြန်မာ ကြက်ခြေနီအသိုင်းအဝိုင်းက မျက်မြင် သက်သေလုပ်လို့ ထောက်ပံ့သွားမှာဖြစ်ပါတယ်။

မဲဆောက်မှာ နေထိုင်တဲ့ ကုလကူညီကယ်ဆယ်ရေး ဝန်ထမ်းမြန်မာတစ်ဦးက ဒီလို အကူအညီပေးပုံတွေ ဟာ အရင်ကတည်းက ဘာမှမထိရောက်ခဲ့တဲ့ ဟန်ပြပုံစံမျိုးတွေသာ ထပ်ဖြစ်လာမှာလို့ မှတ်ချက်ပေးပြောကြား သွားပါတယ်။

အာဆီယံကို ထိုင်းအစိုးရက ကနဦးအဆင့်အဆိုအဖြစ် တင်သွင်းတဲ့ ဒီကူညီထောက်ပံ့ရေးအစီအစဉ်ဟာ စစ်ဘေး ဒဏ်ကြောင့် ကုလမှတ်တမ်းအရ လူဦးရေ ၂ . ၆ သန်း ရွှေ့ပြောင်းနေထိုင်နေရတဲ့ မြန်မာ့ဒုက္ခသည်အားလုံးနဲ့ ယှဉ်ကြည့်ရင် အလွန်သေးငယ်တဲ့ ကူညီထောက်ပံ့မှုသာဖြစ်တယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူ နေဘုန်းလတ် က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာတင် ရွှေ့ပြောင်းနေထိုင် နေရတဲ့ ဒုက္ခသည်အရေအတွက်က အလွန်များပြားနေပြီး လူပေါင်း ၂၀၀၀၀ လောက်အတွက်သာ ကူညီနိုင်မယ့် အစီအစဉ်ဖြစ်လို့ ဘာမှမထူးခြားနိုင်ကြောင်း၊ တရားဝင်အစိုးရမဟုတ်တဲ့ မြန်မာစစ်ကောင်စီဟာ ကိုဗစ်ကာလ ကတည်းက ပြည်ပအကူအညီတွေမရောက်အောင် ပိတ်ဆို့ခဲ့လို့ မြန်မာဘက်ခြမ်း ဒုက္ခသည်တွေအတွက် ထောက်ပံ့မှုတွေကို သူတို့လက်ထဲ ထည့်ပေးခြင်းက စစ်ကောင်စီကို ကူညီတာသာ ဖြစ်ကြောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင်တွေဆီကို ရောက်ရှိခြင်းကသာ ပိုအကျိုးရှိနိုင်မယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူ နေဘုန်းလတ်က ကန့်ကွက်ပြောကြားသွားပါတယ်။

Ref: abcnews
MKF-001

#MeKongNews

#ထိုင်း

#မြန်မာ

#ကူညီ

#ဒုက္ခသည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

အောက်တိုဘာကစပြီး အနည်းဆုံးတစ်နေ့လုပ်ခ ဘတ် ၄၀၀ ပေးဖို့ ထိုင်းအစိုးရ ထုတ်ပြန်

ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူက လာမယ့်အောက်တိုဘာလကစလို့ အလုပ်သမားတွေအတွက် တစ်နေ့ အနည်းဆုံးလုပ်ခ ဘတ် ၄၀၀ (၁၀ . ၈၄ ဒေါ်လာ) ပေးသွားမှာဖြစ်ကြောင်း
အာစီယံဒေသတွင်း

မဏိပူရမှာ ၁၈ နှစ်အတွင်း မြန်မာပြည်ကလာတဲ့ ခိုလှုံသူတွေကြောင့် ရွာ ၉၀၀ ကျော်တိုးလာ

မြန်မာနိုင်ငံကလာတဲ့ တရားမဝင်ခိုလှုံသူတွေ များသထက် များလွန်းလာလို့ သူတို့ပြည်နယ်မှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ရွာသစ်ပေါင်း ၉၉၆ ရွာအထိ တိုးလာပြီး လူမျိုးရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းမှာ လက်နက်အများအပြားကို အာသံရိုင်ဖယ်တပ် ဖမ်းဆီး

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းအနီး မွန်စီရင်စုမှာ လက်နက်ခဲယမ်းအမြောက် အများသိုလှောင်ထားရှိမှုကို အာသံရိုင်ဖယ်တပ်က ဧပြီ ၂၉ ရက်မှာ သတင်းအရ ရှာဖွေဖော်ထုတ် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဒုဝန်ကြီးချုပ် နုတ်ထွက်မှု ထိုင်းဝန်ကြီးချုပ် တောင်းပန်စကားဆို

န်ကြီးနေရာ ၆ ခုကို ဖွေထိုင်းမဟာမိတ်အဖွဲ့က ၄ ယောက်၊ တော်ဝင်မျိုးရိုးထောက်ခံပါတီဝင် ၂ ယောက်ပဲရ ထိုင်းနိုင်ငံ အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းမှာ နာမည်ကောင်းရနေတဲ့ ပန်ပရီးကို ဒုဝန်ကြီးချုပ်ရာထူးက ဖယ်ရှားပြီးနောက် ပူးတွဲရယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကပါ နုတ်ထွက်စာတင် ထွက်ခွာသွားခြင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မယ်ဆိုင်ချောင်း ရေကြီးမှုကာကွယ်ရန် ကြိုတင်အသိပေးစက် တပ်ဆင်ဖို့ ထိုင်းလေ့လာ

မယ်ဆိုင်မြို့ကြား နယ်နိမိတ်အဖြစ် စီးဆင်းနေတဲ့ မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေးစက် တပ်ဆင်နိုင်ရေး ထိုင်းနိုင်ငံက လာရောက်လေ့လာနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ဆောက်ဖို့ ထိုင်းစီစဥ်

ပြည်ပခရီးသွားတွေ ပိုမိုလာရောက်လည်ပတ်ဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံဟာ ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံး Burj Khalifa မိုးမျှော်တိုက်ထက် ပိုမြင့်တဲ့ တိုက်ကြီးဆောက်လုပ်ဖို့ စတင်စီမံဆွေးနွေးနေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဘန်ကောက်လေဆိပ်ကနေ အန်နာကွန်ဒါ မြွေ ၁၀ ကောင် ခိုးသယ်လာသူ လေဆိပ်မှာ ဖမ်းမိ

ကမ်ပီဂေါ်ဒါ လေဆိပ်မှာ အကောက်ခွန်အရာရှိတွေက အဝါရောင် အန်နာကွန်ဒါ မြွေ ၁၀ ကောင်ကို ခရီးသွားအိတ်ထဲ ထည့်သယ်ဆောင်လာတဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးရမိခဲ့ ကြောင်း X (ယခင် တွစ်တာ) လူမှုကွန်ရက်မှာ ရေးသား ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now