စစ်ရေးသတင်း

ဆီဆိုင်မြို့အနီး လွယ်ပွတ်နဲ့ တွေပူးရွာတွေမှာ တိုက်ပွဲပြင်းထန်

မဲခေါင် 6 Feb - 2024
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နဲ့ ၁၆ မိုင်ခန့်ဝေးတဲ့ လွယ်ပွတ်နဲ့ တွေပူးကျေးရွာတွေမှာ PNLO နဲ့ စစ်ကောင်စီ၊ ပြည်သူ့စစ် PNO တို့နဲ့ ဒီနေံ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းကမှာ တိုက်ပွဲများ ပြင်းထန်နေတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၆

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နဲ့ ၁၆ မိုင်ခန့်ဝေးတဲ့ လွယ်ပွတ်နဲ့ တွေပူးကျေးရွာတွေမှာ PNLO နဲ့ စစ်ကောင်စီ၊ ပြည်သူ့စစ် PNO တို့နဲ့ ဒီနေံ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းကမှာ တိုက်ပွဲများ ပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲပြီး ၆၀ မမ စိန်ပြောင်းကျည်လုံးရေ ၅၀ ခန့် ပစ်ခတ်ခဲ့ကာမြေပြင်ထိုးစစ်ကို PNLA က တန်ပြန်တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းတွေအရ သိရှိရပါတယ်။

မနက် ၁၁ နာရီ၀န်းကျင်ခန့်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး ၃ခါ ကြဲပြီးတဲ့နောက် စိန်ပြောင်းများနဲ့ ပစ်ခတ် စစ်ကြောင်းတက်လာတာပြီး PNLA တွေနဲ့ တိုက်ပွဲဖြစ်တာလို့ သိရပါတယ်။

ရွာလေးငါးရွာက အားထားရတဲ့ သောက်ရေ ချိုးရေကန်ထဲ လက်နက်ကြီးကျတော့ ဘယ်ရေသွားသောက်ရပါ့ လို့ လွယ်ပွတ်ရွာခံတစ်ဦးက မှတ်ချက်ပြုပါတယ်။

တိုက်ပွဲဖြစ်မယ့် ကြိုတင်သတင်းအရ ဒေသခံတွေကို ဘေးလွတ်ရာ ရှောင်ခိုင်းထားပေမယ့် အချို့ရွာခံတွေ ပိတ်မိနေဆဲဖြစ်နေလို့ PNLA က လုံခြုံရေး တာ၀န်ယူပေးနေတယ်လို့သိရပါတယ်။

စစ်ကောင်စီလက်နက်ကြီးနဲ့ လေယာဉ်ဒဏ်ကြောင့် ရွာတွင်းအိမ်အချို့ မီးလောင်ပျက်စီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

မနေ့ည ၈ နာရီခန့်တွင် ဆီဆိုင်မြို့နယ်၊ တွေပူးရွာမှာ PNLA တပ်ဖွဲ့တွေနဲ့ PNA ပြည်သူ့စစ် အင်အား ၁၀၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပြီး နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှုကိုတော့ မသိရသေးပါဘူး။

လွယ်ပွတ်နဲ့တွေးပူရွာ တိုက်ပွဲတွေ ဖြစ်ပွားလာနေတာက ဒေသတွင်း စစ်ဘောင်ချဲ့လာတဲ့ အနေအထားဖြစ်လို့ ဟိုပုံးမြို့၊ ဘန်းယဉ်၊ နောင်မွန်၊ ဆိုက်ခေါင်ဘက် ပြည်သူတွေလဲ စစ်မီးကူးလာမှာကို စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဆီဆိုင်မြို့က ၁၄ မိုင်ေ၀းတဲ့ ဆိုက်ခေါင်ကို အခြေပြထားတဲ့ အမြောက်တပ်နဲ့ ဆီဆိုင်၊ လွယ်ပွတ်၊ တွေပူး ရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်နေသလို အခု တိုက်ပွဲဖြစ်တဲ့ လွယ်ပွတ်ရွာက ဆိုက်ခေါင်ဘက်ပိုနီးတာသိရပြီး ဆိုက်ခေါင်မှာတော့ ဈေးတွေဖွင့်ပြီး လူတွေပြန်လာနေကြတယ်လို့ သိရပါတယ်။

လက်ရှိ ပအို၀်းလူမျိုးတွေ အဓိကနေတဲ့ မြို့ ၃ မြို့မှာ ဆီဆိုင်နဲ့ ပင်လောင်ဘက်တွင် တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ဟိုပုံးမြို့သာ ကျန်ရှိနေတာဖြစ်ပါတယ်။ ဟိုပုံးမြို့ကို စစ်မီးကူးစက်ရင် အနီးဆုံးတောင်ကြီးမြို့အတွက် လုံခြုံမှု မရှိတော့တဲ့အနေအထားရှိနေတယ်လို့ ဒေသခံတွေက စိုးရိမ်စိတ်နဲ့ ပြောဆိုနေကြပါတယ်။

ပုံ-ပုံဟောင်း

#MeKongNews

#ဆီဆိုင်

#PNLO

#PNO

#PNA

#တိုက်ပွဲ

#ပြင်းထန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now