ဒေသတွင်းသတင်း

လူမျိုးနဲ့ ဒေသအခြေပြု ပြည်သူ့စစ်တွေ ဖွဲ့ပြီး အချင်းချင်းကြား ပဋိပက္ခဖြစ်အောင် စစ်ကောင်စီ ဖန်တီးနေတယ်လို့ KIO ဥက္ကဌ သတိပေး

မဲခေါင် 6 Feb - 2024
စစ်ကောင်စီ အနေနဲ့ စစ်အင်အား ရရှိဖို့ လူမျိုးနဲ့ဒေသကို အခြေပြုပြီး ပြည်သူ့စစ် အတင်းအဓမ္မ ဖွဲ့စည်းကာ အချင်းချင်းကြားထဲ ပြဿနာဖြစ်အောင် လုပ်ဆောင်နေတယ်လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ၆၃နှစ်မြောက် ကချင်တော်လှန်ရေးနေ့မိန့်ခွန်းမှာ ထည့်သွင်း သတိပေးပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၅

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ လက်နက်ကိုင်တော်လှန်ရေး ၆၃ နှစ်ပြည့် တော်လှန်ရေး အထိမ်းအမှတ်နေ့မှာ စစ်ကောင်စီ အနေနဲ့ စစ်အင်အား ရရှိဖို့ လူမျိုးနဲ့ဒေသကို အခြေပြုပြီး ပြည်သူ့စစ် အတင်းအဓမ္မ ဖွဲ့စည်းကာ အချင်းချင်းကြားထဲ ပြဿနာဖြစ်အောင် လုပ်ဆောင်နေတယ်လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ၆၃နှစ်မြောက် ကချင်တော်လှန်ရေးနေ့မိန့်ခွန်းမှာ ထည့်သွင်း သတိပေးပါတယ်။

“ စစ်ကောင်စီအနေနဲ့ စစ်အင်အားရဖို့ ပြည်သူ့စစ်တပ်ဖွဲ့တွေကို လူမျိုးအလိုက်၊ နေရာဒေသခအလိုက် အတင်းအဓမ္မ ဖွင့်လှစ်လာတာကို တွေ့ရတယ်။ ဒါတွေဟာ အချင်းချင်းကြား ပြဿနာဖြစ်အောင် ဖန်တီးတာဖြစ်တာကြောင့် ဘယ်သူမှ မပါဝင်ကြဖို့ သတိပေးပါတယ်” လို့ ပြောကြားထားပါတယ်။

လက်ရှိမှာ တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီကို တွန်းလှန်နိုင်တော့မှာဖြစ်ပြီး နိုင်ငံကို အဆင်ပြေချောမွေ့စာ ဆက်လက်တည်ဆောက်နိုင်ဖို့ တိုင်းရင်းသားလူမျိုး တစ်မျိုး နဲ့တစ်မျိုးကြား ညှိနှိုင်းဖြေရှင်းစရာများစွာ ရှိနေသေးတာကိုလည်း သတိထားဖို့လိုပြီး အဆင်ပြေချောမွေ့စွာ ဖြေရှင်းနိုင်မှသာ ပြည်ထောင်စုကို အောင်မြင်စွာ တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

“ အဖွဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား အထူးသဖြင့် လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား တော်လှန်ရေးကာလမှာ အားထား အားပြု စရာ နဲ့ နိုင်ငံရေးပန်းတိုင် ပေါ်မူတည်ပြီးလည်း နေရာဒေသ ထပ်နေပြီး အချင်းချင်း ခလုတ် (စိတ်ကသိကအောက်ဖြစ်စရာ) ဖြစ်တာမျိုးလည်း ရှိနေတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်က အဲဒီလို ပြဿနာတွေကို ဖြေရှင်းညှိနှိုင်းချိန်မှာ အတူတကွ ယှဉ်တွဲနေထိုင်တဲ့ မဟာမိတ်၊ မိတ်ဆွေ အဖြစ် တည်မြဲအောင်၊ သမိုင်းကို အခြေခံထားပြီး ဖြေရှင်းသွားမှာဖြစ်ပါတယ်” လို့ မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် အနေနဲ့ ရည်မှန်းချက်တူညီတဲ့ အဖွဲ့တွေ၊ မြန်မာနိုင်ငံ အပြောင်းအလဲကို နှစ်သက်လိုလားတဲ့ မဟာမိတ်အဖွဲ့တွေနဲ့ လက်တွဲပြီး စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး နည်းလမ်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေရာ မိမိနဲ့ နီးကပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးနဲ့ စိုးရိမ်မှုကိုလည်း ထည့်သွင်းစဉ်းစား ပေးနေတယ်လို့ မိန့်ခွန်းမှာ ပါရှိပါတယ်။

ရှေ့တန်းစစ်မြေပြင်မှာ လက်တွေ့ တိုက်ပွဲ ဝင်နေတဲ့ ရဲဘော်တွေနဲ့ မဟာမိတ် တပ်ဖွဲ့တွေ၊ နိုင်ငံ့အတွက် သိက္ခာရှိရှိ၊ ရဲစွမ်းသတ္တိရှိရှိ အသက်ပေးလှူသွားတဲ့ အာဇာနည်ရဲဘော်တွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပေးဆပ်လိုက်ရတဲ့အထိ ကြိုးပမ်းခဲ့ကြတဲ့ စိတ်တူကိုယ်တူ ရဲဘော်တွေ အားလုံးကို သတိရ ဂုဏ်ပြုတယ်လို့လည်း ဆိုပါတယ်။

တော်လှန်ရေးလုပ်ငန်းမှာ အကြောင်းအမျိုးမျိုးနဲ့ ကူညီ ပံ့ပိုးအားပေးနေတဲ့ ပြည်တွင်း၊ ပြည်ပ အသိမိတ်ဆွေ၊ အဖွဲ့အစည်းတွေ အားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ မည်သည့်နိုင်ငံရေးမုန်တိုင်းနဲ့ တွေ့ကြုံရပါစေ လမ်းမမှားပဲ နိုင်ငံရေး ပန်းတိုင်ရောက်တဲ့အထိ ဦးစီး ဦးဆောင်သွားမှာဖြစ်ကြောင်း၊ ပြည်သူတွေအနေနဲ့ ယုံကြည်စွာ တော်လှန်ရေးအောင်မြင်တဲ့နေ့ အထိ ဆက်ပြီး ကြိုးပမ်းကြဖို့ တိုက်တွန်းထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA ) ကို လွန်ခဲ့တဲ့ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွေ စတင်ဖွဲ့စည်းခဲ့ပြီး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန် လက်နက်ကိုင်တော်လှန်နေတာဖြစ်ပါတယ်။

CJ-008

#MeKongNews

#စစ်ကောင်စီ

#လူမျိုးရေး

#ပြည်သူ့စစ်

#KIO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now