ဒေသတွင်းသတင်း

လက်နက်ကိုင်တော်လှန်နေတာဖြစ်လို့ အမတ်အဖြစ်ကနေ တရားဝင်နှုတ်ထွက်ကြောင်း ပင်းတယ NLD အမတ် ကြေညာ

မဲခေါင် 5 Feb - 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အနောက်ပိုင်း တောင်ရွှေပုထိုး ကျေးရွာရှိ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်အမတ်ကနေ နှုတ်ထွက်ကြောင်း ဦးထွန်းထွန်းနိုင်က ကြေညာပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အနောက်ပိုင်း တောင်ရွှေပုထိုး ကျေးရွာရှိ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်အမတ်ကနေ နှုတ်ထွက်ကြောင်း ဦးထွန်းထွန်းနိုင်က ကြေညာပါတယ်။

ယနေ့မှ၍ ၂၀၂၀ ရွေးကောက်ခံအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ တရား၀င်နုတ်ထွက်ပြီဖြစ်ကြောင်း မဲဆန္ဒရှင်အပေါင်းအား ရိုသေလေးစားစွာဖြင့် အသိပေးအပ်ပါတယ် လို့ ဇန်နဝါရီ ၃၁ ရက်နေ့က သူ့ရဲ့လူမှုကွန်ယက်ကနေတဆင့် အသိပေးထားပါတယ်။

အမတ်အနေနဲ့ ပြည်သူအတွက်ဘာမှ လုပ်မပေးနိုင်တော့ ရိုးရိုးပြည်သူတစ်ဦးအနေနဲ့ တော်လှန်ရေးမှာ လက်နက်ကိုင်ပါ၀င်နေတာဖြစ်တဲ့အတွက် နုတ်ထွက်လိုက်ရတာဖြစ်တယ်လို့ NLD လွှတ်တော်အမတ် ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

“နုတ်ထွက်ရတဲ့ အဓိက အကြောင်းရင်းက ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ၃ နှစ်တာ ကာလအတွင်း တာ၀န်ယူ တာ၀န်ခံပြီး လုပ်တဲ့ အလုပ်တာ၀န် တခုမှ မရှိတာရယ်၊အမတ်အနေနဲ့ ပြည်သူအတွက်ဘာမှ လုပ်မပေးနိုင်တော့ အမတ်အနေနဲ့ ရပ်တည်ပြီးမနေချင်တော့တာဘဲ ရိုးရိုးပြည်သူအနေနဲ့ပဲ လက်နက်ကိုင်ပြီး တော်လှန်လိုတဲ့အတွက် နုတ်ထွက်ရတာပါ။” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်ကပြောပါတယ်။

လက်ရှိမှာ NLD လွှတ်တော်အမတ် ဦးထွန်းထွန်းနိုင်က ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLF မှာ ဥက္ကဌတာဝန်ထမ်းဆောင်ကာ မဟာမိတ်ညီနောင်၃ ဖွဲ့ ဖြစ်တဲ့ TNLA ၊ MMDAA(ကိုးကန့်)၊ AA တို့နဲ့အတူ အတွေ့ကြုံယူရင်းတိုက်ပွဲဝင်တဲ့အပြင် အခြားနည်းလမ်းပေါင်းများစွာနဲ့လည်း DPLF အဖွဲ့ကစစ်ကောင်စီကိုတော်လှန်နေတယ်လို့ သိရပါတယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLF ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ချိတ်ဆက်ပြီးတော့မှ ဖြစ်ပေါ်လာတဲ့ အဖွဲ့တစ်ခုဖြစ်တယ်လို့လည်း ဥက္ကဌဖြစ်သူ ဦးထွန်းထွန်းနိုင်ကပြောပါတယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLF ကို ဓနုအမျိုးသားနယ်မြေနဲ့ အတူနေ ညီနောင်တိုင်းရင်းသားများအပါအဝင် ဓနုလူထုအားလုံးကို ကာကွယ်စောင့်ရှောက်ရန်ဆိုတဲ့အချက်အပါအဝင် ရည်ရွယ်ချက် ၄ မျိုးနဲ့အတူ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကိုလည်း ဦးတည်ပြီး ဖွဲ့စည်းခဲ့တယ်လို့ ဦးထွန်းထွန်းနိုင်က ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပင်းတယ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပင်းတယ PDF အဖွဲ့ကို ၂၀၂၁ မေလမှာ NLD လွှတ်တော်အမတ် ဦးထွန်းထွန်းနိုင်က ဦးဆောင်ဖွဲ့စည်းပြီး စစ်ကောင်စီတပ်တွေကို လက်နက်ကိုင်တော်လှန်ခဲ့ပါသေးတယ်။

“ပင်းတယ PDF ကို ဦးဆောင်တုန်းကရော၊ ဓနု တပ်မှာ ဥက္ကဌတာဝန်ထမ်းဆောင်နေတဲ့ကာလအတွင်း NUG MOD နဲ့ချိတ်ဆက်ပြီး ပုံမှန်အစည်းအဝေးတွေလည်းတက်တယ်။လုပ်စရာရှိတာလုပ်တယ်။ ကျွန်တော်တို့ လုပ်နေတဲ့အတိုင်းအတာအနေနဲ့ NUG အတွင်းမှာ ဘာမှအရေးမပါ အရာမရောက် ထိန်းကျောင်းခွင့်လည်းမရဘူး။ အထောက်အပံ့လည်းမရဘူး။ ဘာဆိုဘာမှလုပ်ပိုင်ခွင့်လည်းမရှိဘူး။ဒါ့ကြောင့် ဓနုတပ်ကိုပဲ အားသွန်ခွန်စိုက်လုပ်နေတာပါ။” လို့ ဦးထွန်းထွန်းနိုင်ကပြောပါတယ်။

လွှတ်တော်အမတ် ဦးထွန်းထွန်းနိုင်က အမျိုးသားညီညွတ်ရေးအစိုးရ NUG က ၂၀၀၈ ဖျက်သိမ်းခြင်း မဖျက်သိမ်းခြင်းထက် လက်ရှိ NUG အစိုးရကို ပြည်သူတွေထောက်ခံမှုက အဓိကကျတယ်လို့မြင်မိကြောင်းဆိုပါတယ်။

“၃ နှစ်တာကာလအထိ ထောက်ခံမှုရနေတယ်ဆိုပေမယ့် ပြီးခဲ့တဲ့ ၃ နှစ်တာကာလအတွင်း NUG လုပ်ဆောင်မှုက ကျနော်မှ မဟုတ်ဘူး။တော်တော်များက လုံး၀အားမရဖြစ်နေကြတာ သိသာနေပါတယ်။ အမတ်ဆိုပီး ခံယူထားကြသူတွေအနေနဲ့ လုပ်သင့်တာတွေလုပ်ကြပါ။ ပြောသင့်ပြောကြပါလို့ အချောင်မလိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်။” လို့ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

ရွေးကောက်ခံပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းထွန်းနိုင်ဟာ သဘာဝဘေး စီမံပုဒ်မ ၂၅ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)တို့နဲ့ ၂၀၂၁ ခုနှစ်မှာ တရားစွဲဆိုခံထားရတာပါ။

ဒါ့အပြင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်ရဲ့ နေအိမ်နဲ့ ညီမဖြစ်သူ နေအိမ်တို့ ဧပြီ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ချိပ်ပိတ်ခံရပြီး ပင်းတယမြို့နယ်မှာ နေအိမ်ချိပ်ပိတ်ခံရတဲ့ ဖြစ်စဉ်မှာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

CJ-012

MeKongNews

ပင်းတယ

အမတ်

လက်နက်ကိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now