ဒေသတွင်းသတင်း

ရှမ်း-ကယား အထူးစစ်ဆင်ရေးမှူး ဒုဗိုလ်ချုပ်ကြီးအောင်အောင် ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် စစ်ကောင်စီအစားထိုး ခန့်အပ်

မဲခေါင် 1 Feb - 2024
ရှမ်း-ကယား အထူးစစ်ဆင်ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တယ်လို့ မနေ့က ဇန်နဝါရီ ၃၁ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁

ရှမ်း-ကယား အထူးစစ်ဆင်ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တယ်လို့ မနေ့က ဇန်နဝါရီ ၃၁ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီထုတ်ပြန်ချက်တွင် ဒုတိယဗိုလ်ချုပ်ကြီးအောင်အောင်ကို အရပ်သား ဦးအောင်အောင်အဖြစ်ဖော်ပြပြီး ဝန်ကြီးချုပ် ဦးအောင်ဇော်အေး နေရာမှာ အစားထိုးခန့်အပ်တာလို့ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်း ၃ နှစ်ပြည့်မှာ ဦးအောင်ဇော်အေးကို အနားပေးလိုက်ပြီး ဦးအောင်အောင်ကို စစ်ယူနီဖောင်းကနေ အရပ်ဝတ်ပြောင်းပြီး ရာထူးအပြောင်းအလဲလုပ်လိုက်တာ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးအောင်အောင်ဟာ ကစထ ၂ လို့ခေါ်တဲ့ အမှတ်(၂) စစ်ဆင်ရေး အထူးအဖွဲ့မှူးလို့ခေါ်တဲ့ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ခိုလန်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ကို ဦးစီးရတဲ့ တိုင်းမှူးချုပ်ရာထူးကနေ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာတာပါ။

ဦးအောင်ဇော်အေးကလည်း ဒုတိယဗိုလ်ချုပ်ကြီး ကစထ(၂) မှူးကနေ ရှမ်းဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာက အစုအပြုံလိုက်အသတ်ခံရမှုမှာ အဓိကတာဝန်ရှိသူဖြစ်ပြီး နောက်တစ်ဦးကတော့ ယခင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ယခု ရဲချုပ်ဖြစ်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းမောင် ဖြစ်ပါတယ်။

ရှမ်းဝန်ကြီးချုပ် ဦးအောင်ဇော်အေးကို အနားပေးတာမဟုတ်ဘဲ အထက်ပိုင်းရာထူးတစ်ခုခုကို ပေးဖို့ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။

သူက သူ့ဆရာ အကြိုက်လူယုံလေ၊ အခြားနေရာပေးဖို့များမယ်၊ ဒါပေမယ့် ရှမ်းဝန်ချုပ်အနေနဲ့ စားတာလဲများတော့ ဖြုတ်တာလဲဖြစ်နိုင်တယ်၊ ရှေ့မှာက လူရင်းတွေတောင် ဖြုတ်ထုတ်ချနေသေးတာ လို့ အထက်မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က နိုင်ကျဉ်းတစ်ဦးကပြောပါတယ်။

ယခုခန့်လိုက်တဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်သစ် ဦးအောင်အောင်ဟာ DSA ကျောင်းအုပ်၊ တပ်မ ၃၃ တပ်မမှူး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကနေ ကစထ ၂ မှူး၊ အခု ရှမ်းဝန်ကြီးချုပ်တို့ ဖြစ်လာတာလာပါ။

ရခိုင်မှာ တပ်မမှူးအနေနဲ့တာဝန်ယူစဉ်မှာ လူ့အခွင့်အရေးချိုးဖောက်မှု၊ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အမေရိကန်က ဘဏ္ဏာရေးထိန်းချုပ်မှုဆိုင်ရာ နာမည်ပျက် စာရင်းသွင်းခံထားရသူ တစ်ဦးဖြစ်သလို ကစထမှူးအနေနဲ့လည်း ကရင်နီပြည်နယ်က စစ်ရာဇဝတ်မှုတွေကို ကျုးလွန်ရာမှာအဓိက တာဝန်ရှိသူ တစ်ဦးလို့ စုံစမ်းသိရှိရပါတယ်။

MK-012

#MeKongNews

#အောင်အောင်

#ဒုဗိုလ်ချုပ်ကြီး

#ရှမ်းဝန်ကြီးချုပ်

#ကထစ

#အစားထိုး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now