ဒေသတွင်းသတင်း

အင်းလေးဒေသတော်လှန်ရေးအတွက် JMC က ထိုင်းနိုင်ငံအတွင်းကနေ ကူညီပေးနေ

မဲခေါင် 30 Jan - 2024
လူထုအတွက် တရားမျှတမှုဖော်ဆောင်ရေးအဖွဲ့-အင်းလေး (Justice Movement for Community-Innlay) က ထိုင်းနိုင်ငံအတွင်းကနေ အင်းလေးဒေသအပါအဝင် ပြည်တွင်းက တိမ်းရှောင်လာတဲ့ သူတွေကို ကူညီလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၃၀

လူထုအတွက် တရားမျှတမှုဖော်ဆောင်ရေးအဖွဲ့-အင်းလေး (Justice Movement for Community-Innlay) က ထိုင်းနိုင်ငံအတွင်းကနေ အင်းလေးဒေသအပါအဝင် ပြည်တွင်းက တိမ်းရှောင်လာတဲ့ သူတွေကို ကူညီလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ယင်းအဖွဲ့ကို ၂၀၂၃ ခုနှစ် မတ်လ က စတင်တည်ထောင်ခဲ့တာဖြစ်တယ်လို့ အဲဒီအဖွဲ့ကို စတင်တည်ထောင်သူလဲဖြစ်၊ ဒါရိုက်တာလည်းဖြစ်တဲ့ ဒေါ်ယုလှိုင်သင်းက ပြောပါတယ်။

ပုဒ်မထိပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲံ လူအခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေဖြစ်တဲ့ အမျိုးသမီး၊ အမျိုးသား၊ LGB အုပ်စုတွေကို ပြည်တွင်းကနေ ပြည်ပကိုလာနိုင်အောင်၊ လမ်းကြောင်းတွေ စီစဉ်ပေးတယ်၊ ခရီးစရိတ်၊ စားစရိတ်တွေ ကူညီပေးတယ်၊ ကလေးသူငယ်တွေ လည်းပါတယ်။ ပြည်ပကိုရောက်တဲ့ အချိန်မှာလည်း နေစရာ၊ စားစရာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ စီစဉ်ပေးတယ်၊ ကလေးတွေ ပညာသင်ခွင့်ရအောင်လို့လည်း တခြားသောအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်စီစဉ်ပေးတယ်လို့ သူက သူ့လုပ်ငန်းစဉ်ကို ရှင်းပြပါတယ်။

လူကြီးတွေ စိတ်ဖိစီးမှုတွေ လျော့ကျအောင်၊ ကိုယ့်ကိုကိုယ် ပြန်လည်ထူထောင်နိုင်အောင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားရေးအစီအစဉ်တွေ၊ ပြည်ပမှာ တရားဝင် နေထိုင်ခွင့်အထောက်အထားတွေပြုလုပ်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိအောင်လည်း သက်ဆိုင်ရာအဖွဲ့တွေ၊ အုပ်စုတွေနဲ့ ချိတ်ဆက်ကူညီပေးနေတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ ထောင်ကျနေတဲ့ လူ့အခွင့်အရေးစောင့်ရှောက်သူတွေရဲ့ မိသားစုတွေအတွက် စားဝတ်နေရေး အဆင်ပြေစေဖို့၊ထောင်ဝင်စာတွေ့နိုင်ဖို့ ထောင်ကျနေသူအတွက် လိုအပ်တဲ့အရာတွေ ဝယ်နိုင်ဖို့ ငွေကြေးဆိုင်ရာ ကူညီထောက်ပံံ့နေသလို ထွက်ပြေးတိမ်းရှောင်နေတဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေရဲ့ မိသားစုတွေကိုလည်း ထောက်ပံ့မှုတွေပြုလုပ်ခဲ့တဲ့လို့ဆိုပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာလည်း စစ်အာဏာသိမ်းမှု ၂န ှစ်ပြည့်တဲ့နေ့မှာ အခြားအဖွဲ့တွေနဲ့ပူးပေါင်းပြီး ချင်းမိုင်တက္ကသိုလ် FACULITY IN LAW ခန်းမမှာ စစ်အာဏာရှင်ပြုလုပ်မဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ကမ်ပိန်းပြုလုပ်ခဲ့ပါသေးတယ်။

အင်းလေးဒေသအတွင်းမှာ စစ်အာဏာရှင်နဲ့လက်ပါးစေတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု သုတေသန စာတမ်းနဲ့ မှတ်တမ်းရုပ်ရှင်ပြုစုပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၆ ရက်မှာ ချင်းမိုင်တက္ကသိုလ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သူ့ထံက သိရပါတယ်။

ဒေါ်ယုလှိုင်သင်းဟာ အင်းလေးဒေသက အင်းသားကိုယ်စားလှယ်အနေနဲ့ တိုင်းရင်းသားလူမျိုးများ အထွေထွေသပိတ်ကော်မတီ (GSCN) မှာပါဝင်ခဲ့သလို အင်လေးကန်အလယ်က ထမိန်သပိတ်ကို ဦးဆောင်ခဲ့ပြီး စစ်အာဏရှင်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့လို့ ပုဒ်မ ၅၀(ည) ထုတ်ခံထားရတဲ့သူပါ။

အင်းလေးဒေသမှာ စစ်ရေးအရ ၁၀၀၉ (IPDF)၊ အင်းလေးထိုးဖောက် တိုက်ခိုက်ရေးအထူးအဖွဲ့ (ဓါးမကူး)တို့ရှိသလို နိုင်ငံရေးနဲ့ ထောက်ပံ့ရေး အဖွဲ့တွေဖြစ်တဲ့ အင်းလေးအမျိူးသမီးသမဂ္ဂ(IWU) အင်းလေးဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု (IFDM)တို့အပြင် ထိုင်းနိုင်ငံ မြို့ ၂မြို့မှာလည်း လူထုအတွက် တရားမျှတမှုဖော်ဆောင်ရေးအဖွဲ့-အင်းလေး((JMC) မှာ စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးမှာ တစ်တပ်တစ် အားပါဝင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

MK – 012
#အင်းလေး

#ကူညီ

#တော်လှန်ရေး

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ
မြန်မာ့နွေဦး

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်က ကျောင်းတွေ ကို မဖြစ်မနေဖွင့်ရမယ်လို့ဆို

လာမယ့် ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ဆီဆိုင်မြို့နယ်အတွင်းက ကျောင်းတွေကို မဖြစ်မနေဖွင့်လှစ်ရမယ်လို့ ပြည်နယ်ပညာရေးမှူးရုံးကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဘောလခဲမှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကား မိုင်းနင်းမိပြီးပျက်စီး

ကရင်နီပြည်၊ ဘောလခဲမြို့ နယ်မှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ တယ်လို့ ကရင်နီတော်လှန်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KNLA နဲ့ PDF ဝင်တိုက်တဲ့ ပဲဒက်စစ်ကောင်စီစခန်းမှ ၂၆ ယောက်ဖမ်းမိ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ ပဲဒက်ရွာမှ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တို့ မေ ၅ ရက်က ဝင်တိုက်ခိုက်မှုမှာ စစ်ကောင်စီအဖွဲ့ ၂၆ ယောက်ကို အရှင်ဖမ်းမိပြီး လက်နက်တွေလည်း သိမ်မိတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မြစ်ကြီးနား ဗလမင်းထင်တံတားထိပ်မှာ တိုက်ပွဲ ပြင်းထန်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား အဝင်က ဗလမင်းထင်တံတားထိပ်မှာ ဒီနေ့ မေ ၉ ရက် မွန်းလွဲ ၂ နာရီခန့်ကစပြီး လက်ရှိ သတင်းရေးသား နေချိန်ထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရှေ့တန်း စစ်မြေပြင်မှာ မြေမြုပ်မိုင်း ထိသွားတဲ့ ရှမ်းတောင် PDF တပ်ဖွဲ့ဝင် တစ်ဦး အကူအညီလိုအပ်နေ

ရှမ်းတောင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် ၁၀၀၅ တပ်ရင်း(SSPDF)က တပ်ဖွဲ့ဝင်တစ်ဦးဟာ မြေမြုပ်မိုင်းကြောင့် ပြင်းထန်ဒဏ်ရာရခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ တော်လှန်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA နဲ့ ပူးပေါင်းအဖွဲ့ မလိုက်နိုင်အောင် တံတားကို မိုင်းခွဲပြီး စစ်ကောင်စီတပ် ထွက်ပြေး

ဗန်းမော် - မြစ်ကြီးနား လမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ်၊ ကဇူးရွာ အနီးက ဒဘတ်ချောင်းကူးတံတားကို မေလ ၈ ရက်နေ့ ည ၈ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့က ကား ၂ စီးနဲ့ လာရောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖယ်ခုံ PDF တည်ထောင်ခြင်း ၃ နှစ်ပြည့် ရဲဘော်အသစ်၊ ဟောင်းတွေ တက်ရောက်

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (ဖယ်ခုံ PDF) တပ်ရင်း ၂၊ တပ်ခွဲ ၁ရဲ့ ၃ နှစ်ပြည့် မျက်နှာစုံညီပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now