စစ်ရေးသတင်း

ကရင်နီပြည်က စစ်ကောင်စီတပ်တွေ ဘက်ပြောင်းခိုလှုံဖို့ KNDF တိုက်တွန်း

မဲခေါင် 25 Jan - 2024
ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေအနေနဲ့ ပြည်သူ့ဘက်ကို ဘက်ပြောင်းခိုလှုံဖို့အတွက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDF က ဇန်နဝါရီလ ၂၄ ရက်နေ့က တိုက်တွန်းထားပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၅

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေအနေနဲ့ ပြည်သူ့ဘက်ကို ဘက်ပြောင်းခိုလှုံဖို့အတွက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDF က ဇန်နဝါရီလ ၂၄ ရက်နေ့က တိုက်တွန်းထားပါတယ်။

ကရင်နီပြည်မှာ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ တပ်မ ၅၅နဲ့ တပ်မ ၆၆ လက်အောက်ရှိ တပ်ရင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က အများအပြားသေဆုံးတဲ့အပြင် လက်နက်ချအညံ့ခံသူတွေလည်း ရှိတယ်လို့သိရပါတယ်။

တပ်ရင်းတချို့က ပြည်သူ့နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ စစ်ရာဇဝတ်မှုကိုကျူးလွန်တဲ့သူတွေကို ချေမှုန်းဖို့ပြင်ဆင်ထားပြီး လက်နက်ချအညံ့ခံသူတွေကိုတော့ စစ်သုံ့ပန်းအဖြစ် နိုင်ငံတကာ ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။

“ ကျွန်တော်တို့က စစ်ဆင်ရေးတွေကို အပြီးသတ်လုပ်ဆောင်မှာဖြစ်တယ်။ အပြီးသတ်ချေမှုန်းမှာဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ အာဏာရှင်စနစ်ကို ကာကွယ်မယ့်အစား သူတို့ဘက်က ဘက်ပြောင်းခိုလှုံမယ်ဆိုရင် အထိအခိုက်နည်းမယ်။ သွေးထွက်သံယိုနည်းမယ်။ ပြည်သူတွေရဲ့တိုင်းပြည်အေးချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဆောင်ရွက်ရေးတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်” လို့ KNDF တပ်က ပြန်ကြားရေးတာဝန်ရှိသူ တယောက်က ပြောပါတယ်။

ဘက်ပြောင်းခိုလှုံလာသူတွေအနေနဲ့ လက်ရှိရာထူးရာခံများအတိုင်း တော်လှန်ရေးအစိုးရဘက်မှာ တာဝန်ပြန်လည်ထမ်းဆောင်နိုင်အောင် စီမံပေးပြီး ကရင်နီပြည်နယ်မှာရှိတဲ့ ခြေမြန်တပ်၊ ခြေလျင်တပ်၊ အမြောက်တပ်က တပ်သားတွေက မိသားစုနဲ့အတူ ပြည်သူ့ဘက်ကို ဘက်ပြောင်းခိုလှုံလာရင်ဖြစ်စေ၊ တပ်ရင်းအလိုက် ခိုလှုံလာရင်ဖြစ်စေ ကြိုဆိုနေပြီး ဘက်ပြောင်းရေးအစီအမံအတိုင်း အထူးအကျိုး ခံစားခွင့်များကို စီမံဆောင်ရွက် ပေးမယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်အတွင်း တစ်ပြိုင်တည်း စုပေါင်းဘက်ပြောင်းမှု အစီအစဥ်ကို အကောင်အထည်ဖော်ဆောင်နေပြီး စစ်ကောင်စီတပ်ရင်း အချို့ကတာဝန်ရှိသူတွေနဲ့ ကနဦး ညှိနှိုင်းသဘောတူမှု ရရှိထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်အာဏာရှင်ကို ကျောခိုင်းပြီး ပြည်သူ့အောင်ပွဲတွေမှာ ပါဝင်နိုင်ဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်တွင် သာယာလှပသော ဘဝအနာဂတ်များကို မျိုးဆက်သစ်တွေကိုပါ လက်ဆင့်ကမ်းနိုင်ဖို့အတွက် ပြည်သူဘက်ကို မျက်နှာမူပြီး ဘက်ပြောင်းခိုလှုံဖို့ကို တိုက်တွန်းရတာဖြစ်တယ်လို့ ဆိုပါတယ်။

CJ-004

#MeKongNews

#KNDF

#စစ်ကောင်စီ

#ဘက်ပြောင်း

#ခိုလှုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now