ဒေသတွင်းသတင်း

အင်းလေး အတိုင်ပင်ခံကောင်စီ ဖွဲ့နိုင်ဖို့ လုပ်ဆောင်နေ

မဲခေါင် 24 Jan - 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန် ဒေသရှိ နိုင်ငံရေးနဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး အင်းလေးအတိုင်ပင်ခံကောင်စီဖွဲ့စည်းနိုင်ရေး ကြိုးစားလုပ်ဆောင်နေတယ်လို့ အင်းလေးအမျိုးသမီးသမဂ္ဂ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မဲခေါင် ၊ ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန် ဒေသရှိ နိုင်ငံရေးနဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး အင်းလေးအတိုင်ပင်ခံကောင်စီဖွဲ့စည်းနိုင်ရေး ကြိုးစားလုပ်ဆောင်နေတယ်လို့ အင်းလေးအမျိုးသမီးသမဂ္ဂ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

`ကျွန်မတို့ အင်းလေးဒေသရဲ့ အနာဂတ်အရေးအတွက် လက်ရှိမှာ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF)၊ အင်းလေးဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု (IFDM)၊ အင်းလေးအမျိုးသမီးသမဂ္ဂ (IWU)နဲ့အတူ အင်းလေးဒေသမှာ မှီတင်းနေထိုင်တဲ့ လူမျိုးပေါင်းစုံ စုစည်းပြီးလုပ်ဆောင်လျက်ရှိပါတယ်။

‘ကျန်ရှိနေသေးတဲ့ တော်လှန်ရေး အင်အားစုတွေကို စုစည်းပြီး အင်းလေးအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်၊။ အင်းလေးဒေသမှာ နေထိုင်တဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံရဲ့ အေးချမ်းတဲ့ လူမှုဘဝ၊ တရားမှတမှုနဲ့ လူ့အခွင့်အရေးတွေ အပြည့်အဝရှိစေရန်နဲ့စစ်မှန်တဲ့ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်အတွက် တစ်တပ်တစ်အား ကြိုးစားလုပ်ဆောင်ဖို့ တော်လှန်ရေးအင်အားစုအားလုံးကို စုစည်းပြီး `အင်းလေးအတိုင်ပင်ခံကောင်စီ“ ပေါ်ပေါက်လာအောင်လုပ်ဆောင်ကြမှာ ဖြစ်တယ်လို့ အင်းလေးအမျိုးသမီးသမဂ္ဂရဲ့ ဒုတိယဥက္ကဌ မိခင်လေးက မဲခေါင်သတင်းဌာနကို ပြောကြားပါတယ်။

မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာလည်း အင်းလေးဒေသအတွင်းမှာရှိတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများကို စုစည်း၍ အနာဂတ် အင်းလေးဒေသအရေးနဲ့ ပြည်ထောင်စုအရေးအရာ ကိစ္စများကို ဦးစီးဦးဆောင်ပြုနိုင်သည့် အင်းလေးအတိုင်ပင်ခံကောင်စီပေါ်ပေါက်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု အသိပေးအပ်ပါသည်လို့ ပါရှိထားပါတယ်။

လက်ရှိတွင် အမှတ် ၁၀၀၉ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF)၊ အင်းလေးဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု(IFDM)၊ အင်းလေးအမျိုး သမီး သမဂ္ဂ (IWU) နဲ့အတူ IPRD)၊ အင်းလေးထိုးဖောက်တိုက်ခိုက်ရေးအထူူးအဖွဲ့(ဓါးမကူး)၊ အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့(Voice of Inle)၊ လူထုအတွက်တရားမျှတမှုဆောင်ရွက်ရေးအဖဖွဲ့-အင်းလေး(Justice Movement for Community-Inllay) စတဲ့ အဖွဲ့အစည်းများက အင်းလေးဒေသအတွက်တော်လှန်တိုက်ပွဲဝင် ထောက်ပံ့ကူညီပေးနေကြတယ်လို့ သိရပါတယ်။

MK – 012

#MeKongNews

#အင်းလေး

#အတိုင်ပင်ခံ

#ကောင်စီ

#ဖွဲ့စည်း

#လုပ်ဆောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြစ်ကြီးနား ပိတ်ဆို့မယ် ကောလဟာလကြောင့် မြို့ခံတွေ ကုန်ဈေးနှုန်းတက်မှာ စိုးရိမ်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အဝင်/ထွက် လမ်းတွေကို ဒီနေ့ (မေ ၂၁)ရက် ညနေပိုင်း ၅ နာရီကစပြီး စစ်ကောင်စီက ပိတ်ဆို့မယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်လတာအတွင်း အရပ်သား ၅၄ ဦး သေဆုံး

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုနဲ့ မိုးမိတ်မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်လတာအတွင်း အရပ်သား ၅၄ ဦး သေဆုံးခဲ့ပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

လဝက လာဘ်ယူပြီး နေထိုင်ခွင့် ပေးထားတဲ့ တရားမဝင် တရုတ်နိုင်ငံသား ၂ ဦး ကို ရဲက ဆက်ကြေးမရလို့ ဝင်ဖမ်း

ရှမ်းပြည်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့မှာ တရားမဝင် သတ္တုတူးဖေါ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရင်း အိမ်ငှားနေထိုင်တဲ့ တရုတ်နိုင်ငံသား တစ်ဦးကို ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဟဲဟိုး ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တအာင်းတပ်ဖွဲ့ TNLA အုပ်ချုပ်မှုနယ်မြေအတွင်း ကျောင်းပေါင်း ၅၀၀ ဖွင့်လှစ်မည်

တအာင်း ပညာရေးကောင်စီ(TLEC)က တအာင်း(TNLA)အုပ်ချုပ်နယ်မြေ (၉)မြို့နယ်အတွင်း ကျောင်းပေါင်း ၅၀၀ ကျော်ဖွင့်လှစ်သွားမယ်လို့ ကြေငြာထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်အားထပ်ဖြည့်ထားတဲ့ ကဇူး စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အင်အား ၂၀၀ ခန့် ထပ်ဖြည့်ထားတဲ့ ကဇူးရွာအခြေစိုက် စစ်ကောင်စီစခန်းကို မေလ ၁၉ ရက်ည ၁၁ နာရီ ၄၅ မိနစ်ခန့်က အပြီးသတ် သိမ်းတယ်လို့ KIA ရှေ့တန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်အကျဉ်းထောင်အတွင်း အကျဉ်းသားတွေ အဟာရချို့တဲ့ရောဂါ ခံစားနေရ

တိုက်ပွဲတွေကြောင့် မိသားစုဝင်တွေ စစ်ရှောင်ကြရလို့ ထောင်ဝင်စာ မပို့နိုင်တော့တာကြောင့် ဆန် ၊ ငါးပိနဲ့ ဆားကြမ်းကိုသာ ကျွေးမွေးစားနေကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကွန်ယက်(PPNM) ကသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့က ထပ်မံသိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ ‌နီးစပ်သူတွေ ဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now