ဒေသတွင်းသတင်း

ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေသွားကြိုတဲ့ လူနာတင်ကား လေဆိပ်မှာ မတော်တဆထပ်ဖြစ်

မဲခေါင် 24 Jan - 2024
မီဇိုရမ်ပြည်နယ်၊ လဲန်ပွီး(Lengpui )လေဆိပ်မှာလမ်းချော်သွားလို့ စစ်ကောင်စီလေယာဉ်ပေါ်ကလူနာတွေသွားကယ်တဲ့ အရေးပေါ်လူနာတင်ယာဉ်ဟာလည်း လေဆိပ်အထွက် ယာဉ်မတော်တဆ ထပ်မံဖြစ်ပွါးခဲ့တယ်လို့ လေဆိပ်ဝန်ထမ်းတွေဆီက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၄

မီဇိုရမ်ပြည်နယ်၊ လဲန်ပွီး(Lengpui )လေဆိပ်မှာလမ်းချော်သွားလို့ စစ်ကောင်စီလေယာဉ်ပေါ်ကလူနာတွေသွားကယ်တဲ့ အရေးပေါ်လူနာတင်ယာဉ်ဟာလည်း လေဆိပ်အထွက် ယာဉ်မတော်တဆ ထပ်မံဖြစ်ပွါးခဲ့တယ်လို့ လေဆိပ်ဝန်ထမ်းတွေဆီက သိရပါတယ်။

အဲဒီလူနာတင်ယာဉ်ဟာ အရေးပေါ်ထွက်ပေါက်ကနေထွက်လာစဉ် ခုံးကျော်တံတားနဲ့ ငြိပြီး အချိန်အတော်ကြာသောင်တင်နေခဲ့ပြီးမှ ကားဟာ နောက်ပြန်ဆုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

“လူနာယာဉ်ပေါ်ပါလာတဲ့လူနာတွေ ထပ်မံထိခိုက်မှုရှိ၊မရှိတော့ မသိရပေမယ့် လူနာတင်ယာဉ် ကိုယ်ထည်တော့ ပျက်စီးမှုအချို့ရှိတယ်”လို့ အိုက်ဇောဒေသခံတစ်ဦးကပြောပါတယ်။

AA နဲ့တိုက်ပွဲမှာ ရှုံးနိမ့်ပြီး အိန္ဒိယကိုထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေကို သွားခေါ်တဲ့ လေယာဉ်ဟာ ဇန်နဝါရီလ ၂၃ရက်နေ့မှာ မီဇိုရမ်ပြည်နယ်ထဲက အိုက်ဇောလ်မြို့လေယာဉ်ကွင်းမှာ ဆင်းသက်စဉ် ပြေးလမ်းချော်သွားခဲ့ပါတယ်။

လေယာဉ်မှူးနဲ့ အမှုထမ်း ၁၄ ဉီးအနက် ၈ ဦး ဒဏ်ရာရရှိခဲ့ကြပြီးဒဏ်ရာရရှိတဲ့ လေယာဉ်အမှုထမ်းတွေကို ဆေးရုံသို့ပို့ဆောင်ဖို့ လေဆိပ်ကိုသွားကြိုတဲ့အရေးပေါ်လူနာတင်ကားဟာ လေဆိပ်အထွက်မှာ အခုလို မတော်တဆမှုထပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် (AA) နှင့်ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲတွေအတွင်း ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၆ဦး မီဇိုရမ်ပြည်နယ်၊ လောင်လိုင်ခရိုင်၊ ဗန်သုဘန်ကား ကျေးရွာမှာ ဇန်နဝါရီလ ၁၇ ရက်နေ့က ရောက်ရှိလာခဲ့တာပါ။

အဲဒီကတဆင့် အိုက်ဇောလ်မြို့ရှိ အာသံရိုင်ဖယ်ဌာနချုပ်ကို ဇန်နဝါရီလ ၂၁ရက်နေ့ မှာ ရောက်ရှိခဲ့ပြီး ဇန်နဝါရီလ ၂၂ရက် မနေ့က ၁၈၄ဦးကို မြန်မာစစ်တပ်လေယာဉ်နဲ့ လဲန်းပွီလေဆိပ်ကို လာရောက်ခေါ်ဆောင်ပြီး စစ်တွေမြို့ကို ပို့ဆောင်ခဲ့တယ်လို့ All India Radio News က ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီလ ၂၃ရက်မှာ ဒုတိယအသုတ်အနေနဲ့လက်ကျန်၉၂ဦးကို လာရောက်ခေါ်ဆောင်စဉ်မှာ တိမ်းမှောက်မှုဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။

အခုတကြိမ် အိန္ဒိယနိုင်ငံထဲကိုထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၇၆ဦးမှာ အရာရှိ ၃၆ဦး နဲ့ တပ်သား ၂၄၀ပါဝင်ပြီး ၁၁ဦးမှာ ဒဏ်ရာရရှိထားတယ်လို့ ဒေသခံသတင်းတွေမှာ ဖော်ပြထားပါတယ်။

CJ-012

#MeKongNews

#မီဇိုရမ်

#စစ်ကောင်စီ

#လေယာဉ်

#လူနာတင်ကား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now