ဒေသတွင်းသတင်း

ရှမ်းမြောက်စစ်ဘေးရှောင်တချို့ နေရပ်ပြန်ကြပေမယ့် နေအိမ်မရှိတော့လို့ မပြန်နိုင်သူတွေလည်း ရှိနေ

မဲခေါင် 15 Jan - 2024
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေသူတချို့ နေရပ်ပြန်သွားကြပေမယ့် စစ်ဘေးရှောင်စခန်းတွေမှာသာ ဆက်လက်နေထိုင်နေသူတွေလည်း ရှိတယ်လို့ စစ်ဘေးရှောင်များကို ကူညီပေးနေသူတွေက ပြောပါတယ်။

မဲခေါင် ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေသူတချို့ နေရပ်ပြန်သွားကြပေမယ့် စစ်ဘေးရှောင်စခန်းတွေမှာသာ ဆက်လက်နေထိုင်နေသူတွေလည်း ရှိတယ်လို့ စစ်ဘေးရှောင်များကို ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ နမ္မတူမြို့နယ်မှ စစ်ရှောင်အများစုက နေရပ်ပြန်သွားကြပေမယ့် သိန္နီမြို့နယ်မှ စစ်ရှောင်ပြည်သူတွေကတော့ နေအိမ် ဗုံးကြဲခံရတာတွေကြောင့် ပျက်စီးမှုတွေရှိလို့ အိမ်မပြန်နိုင်သေးဘူးလို့ ဆိုပါတယ်။

“အခု ဒီမှာ စခန်း ၅ ခုပေါင်းရင် ၁၅၀၀ လောက်ရှိတယ်၊ အရင်က စားနပ်ရိက္ခာနဲ့ဆေးဝါး ထောက်ပံ့မှုတွေရှိပေမယ့် အခုတစ်ပါတ်အတွင်း ဘာမှမရှိတေ့ဘူး၊ ဆေးဘက်ကလည်း အရင်ကလို မလာတော့ဘူး၊ ဒီမှာ တစ်ရက်ကို လူ ၁၀၀ ရှိတဲ့ စခန်းဆိုရင် ၂ သိန်း ၃ သိန်းအနည်းဆုံးကုန်တယ်၊ အထောက်အပံ့ တွေ လိုနေတယ်” လို့ လားရှိုးစစ်ဘေးရှောင်များကို ကူညီနေတဲ့ ဆရာတော် စဝ်ဆုဓမ္မ က မိန့်ကြားပါတယ်။

အိပ်ယာ၊ စောင်၊ အနွေးထည်လိုအပ်ချက်ကို နေထွက်လာရင် နေစာလှုံနေကြရတာဖြစ်လို့ လိုအပ်ချက်တွေအများအပြားရှိနေတာ အကူအညီတွေ လိုနေဆဲလို့ ဆရာတော်(စဝ်ဆု)က ဆက်လက်မိန့်ကြားပါတယ်။

လက်ရှိ လားရှိုးမှာ ရှိတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ မန်ဆူကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၈၀၀၊ ကန်မိုင်း ကျောင်း ၄၂၀ဦး၊ရိပ်သာကျောင်းတွင် ၁၅၀ ဦး၊ မန်ကောင်းကျောင်း ၄၅ ဦး၊ ရွှေကျောက်ဂူကျောင်း ၃၀ ဦးနဲ့ တောရကျောင်းတွင် ၂၀ ဦးတို့ ရှိနေကာ စုစုပေါင်း ၁၄၆၅ ဦးရှိပြီး အားလုံးမှ သိန္နီမြို့နယ်အတွင်းက စစ်ဘေးရှောင်သူတွေဖြစ်တယ်လို့ သိရပါတယ်။

နမ့်ခမ်း စစ်ဘေးရှောင်များကို ကူညီပေးနေတဲ့ ဆရာတော်(ဦးနန္ဒဝံသ)ကတော့ အားလုံးနေရပ်ပြန်သွားကြပေမယ့် အိမ်အများစုမှာ ဗုံးဒဏ်များအပြင် ဖျက်ဆီးယူငင်မှုတွေ အများအပြားရှိခဲ့လို့ ပြန်ထူထောင်ဖို့ အလွန်ခက်ခဲနေတယ်လို့ ဆိုပါတယ်။

“ပြည်သူလူထု အိမ်တွေ ထိခိုက်တာ များတယ်၊ များတယ်ဆိုတာက စစ်သားတွေက ပြည်သူလူထုအိမ်တွေပဲလိုက်နေကြတာ၊ နောင်တိုင်းရွာဆိုရင် အိမ်တွေမှာပဲနေကြတာ၊ အိမ်တွေကိုဖွင့်ပေးခိုင်းတာ ဖွင့်မပေးရင် ဖျက်ဝင်တာ၊ အဲတာ ပြည်သူတွေက တအားကြောက်သွားတာ” လို့ ပြောပါတယ်။

နမ့်ခမ်းဒေသခံအများဆုံးက တရုတ်နိုင်ငံဘက်နဲ့ အနီးဝန်းကျင်တစ်ဝိုက်ကိုသာ စစ်ရှောင်ခဲ့ကြပြီး ပြန်လာသူများတွင် အနီးဝန်းကျင်ရှောင်သူများက ပြန်လာခဲ့ကြပေမယ့် တရုတ်နိုင်ငံဘက်ရှောင်ကြသူအများစုက ပြန်မလာကြသေးဘူး လို့ ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင်ပြည်သူများဟာ ရှမ်းပြည်နယ်တောင်ပိုင်းမြို့တွေဖြစ်သည့် ကွန်ဟိန်း၊ ကာလိ၊ တောင်ကြီး၊ ဟိုပုံး၊ နမ်စန်၊ မိုးနဲ၊ ကျိုင်းတောင်း၊ မိုင်းပန် မြို့တွေကို ရောက်လာတာ ဦးရေ ၉၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်သူတွေဟာ ယခင်က ငွေကြေးချမ်းသာကြပေမယ့် စစ်ဘေးရှောင်ပြီးနောက် ဈေးရောင်းခြင်း၊ ခြံအငှားလုပ်ခြင်း၊ အိမ်အကူလုပ်တာတွေစတဲ့ ကြုံရာအလုပ်တွေကို လုပ်ကိုင်နေကြရပါတယ်။

MK – 012

#MeKongNews

#စစ်ရှောင်

#ရှမ်းမြောက်

#နေရပ်ပြန်

#မပြန်နိုင်

#စစ်ကောင်စီ

#တိုက်ပွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now