မြန်မာ့နွေဦး

အသိမ်းခံရတဲ့ တိုင်းရင်းသားဒေသမြို့ရွာတွေကိုလက်နက်ဆန်းတွေသုံးပြီး အမြဲတမ်းဗုံးကြဲမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

မဲခေါင် 1 Jan - 2024
ညီနောင်မဟာမိတ်တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ တိုင်းရင်းသားဒေသမြို့ရွာတွေကို ဘယ်တော့မှ မအေးချမ်းအောင် လက်နက်ဆန်းသုံးပြီး အမြဲတမ်းဗုံးကြဲမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ဆိုပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁

ညီနောင်မဟာမိတ်တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ တိုင်းရင်းသားဒေသမြို့ရွာတွေကို ဘယ်တော့မှ မအေးချမ်းအောင် လက်နက်ဆန်းသုံးပြီး အမြဲတမ်းဗုံးကြဲမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ဆိုပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးစဉ် စစ်ကောင်စီကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အဲ့ဒီလို ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်တယ်လို့ ဗိုလ်မှူးချုပ်တားဘုန်းကျော်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ “NSPNC – အတွင်းရေးမှူးရဲ့ တိုင်းရင်းသားနဲ့ တိုင်းပြည်အပေါ်စေတနာ” ဆိုပြီး ပြန်လည်ဖော်ပြတာဖြစ်ပါတယ်။

စစ်ကောင်စီကိုယ်စားလှယ် NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်ရဲ့ ခြိမ်းခြောက်စကားမှာ “ မင်းတို့တိုင်းရင်းသားတွေရဲ့ မြို့ရွာဒေသတွေကို စစ်ရေးနည်းနဲ့ တိုက်ယူလို့ရခဲ့ရင်တောင် မင်းတို့ဒေသတွေ ဘယ်တော့မှ အေးချမ်းသာယာမှာ မဟုတ်ဘူး။ ငါတို့မှာရှိတဲ့ လက်နက်ဆန်းတွေသုံးပြီး လေကြောင်းတိုက်ခိုက်ရေးနဲ့ အမြဲတမ်းဗုံးကြဲနေမှာပဲ” လို့ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆွေးနွေးပွဲအတွင်း ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။

တရုတ်ကြားဝင် ဆောင်ရွက်မှုနဲ့ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ဟာ ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက်ရရှိခြင်းမရှိပဲ ဆွေးနွေးပွဲပျက်ခဲ့ပါတယ်။

အဲ့ဒီဆွေးနွေးပွဲအတွင်း ဒီဇင်ဘာ ၂၃ ရက်နေ့ ဆွေးနွေးချိန်မှာ စစ်ကောင်စီကိုယ်စားလှယ်က ခြိမ်းခြောက်စကားကို ပြောဆိုခဲ့တာဖြစ်တယ်လို့ TNLA အထွေအထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ဆိုပါတယ်။

ဗိုလ်မှူးချုပ် တာဘုန်းကျော်ကတော့ ယုံကြည်ရာကို သွေးချွေးနဲ့ ဗျူဟာကျကျ ထုဆစ်မယ်လို့ ၂၀၂၄ နှစ်သစ်ကူး ကတိစကားကို ၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပါတယ်။

“ဒီခေတ်ရဲ့ မျိုးဆက်တွေအာလုံး တွဲလက်နဲ့ ယုံကြည်ရာကို သွေးချွေးနဲ့ ဗျူဟာကျကျ ထုဆစ်မယ်” လို့ တားဘုန်းကျော်က တအာင်း ၊ မြန်မာ ၊ အင်္ဂလိပ် ၃ ဘာသာနဲ့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ဟာ ညီနောင်မဟာမိတ်အဖွဲ့နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးအဖြစ် စစ်ကောင်စီကို တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်စခန်းပေါင်းများစွာနဲ့ နမ့်ဆန် ၊ နမ္မတူ ၊ နမ့်ခမ်း ၊ မိုင်းလုံ ၊ မိုင်းငေါ့၊ မန်တုံ မြို့တိုကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

CJ – 002

#MeKongNews

#စစ်ကောင်စီ

#ညီနောင်မဟာမိတ်၃ဖွဲ့

#ကူမင်း

#တားဘုန်းကျော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now