မဲခေါင်၊ ဒီဇင်ဘာ ၁၃
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ဆက်တိုက် ဘိန်းစိုက်ပျိုးမှုလုပ်ငန်းတွေ ပြန်လည် တိုးမြှင့်လုပ် ဆောင်လာတဲ့အတွက် အခု မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းအထွက်ဆုံးနိုင်ငံဖြစ်တဲ့ အာဖဂန်နစ္စတန်ကိုပါ ကျော် ဖြတ်ပြီး ကမ္ဘာ့ဘိန်းအများဆုံးထုတ်လုပ်တဲ့ နိုင်ငံဖြစ်လာကြောင်း ဒီဇင်ဘာ ၁၂ ရက်ထုတ် ကုလသမဂ္ဂမူးယစ်ဆေး နဲ့ ရာဇဝတ်ရုံUNODC ရဲ့ အရှေ့တောင်အာရှ ဘိန်းစစ်တမ်း နှစ်ပတ်လည် အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ဧကဟာ ၂၀၂၁ ခုနှစ်မှာ ၃၀၂၀၀ ဟက်တာရှိပြီး ၂၀၂၂ ခုနှစ်မှာ ၄၀၁၀၀ ဟက်တာကနေ ၂၀၂၃ ခုနှစ်ထဲမှာ ရှေ့တစ်နှစ်ကထက် ၁၈ ရာခိုင်နှုန်းတိုးမြင့်လာပြီး ဟက်တာ ၄၇၁၀၀ အထိ စိုက်ပျိုးခဲ့တယ်လို့ ကုလ စစ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။
UNODC ရဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျရီမီဒေါက်ဂလက်စ်က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စီးပွားရေး၊ လုံခြုံရေး၊ အစိုးရစီမံအုပ်ချုပ်ရေးပိုင်းအားလုံး ယိုယွင်သွားပြီး ပဋိပက္ခ နဲ့ ပရမ်းပတာအခြေအနေတွေကြောင့် လယ်သမားတွေဟာ စားသောက်နိုင်ရေး ဝေးလံသီခေါင်နေရာတွေကို သွား ပြီး ဘိန်းစိုက်ခင်းတွေ တိုးမြှင့်စိုက်ပျိုးရုံကလွဲလို့ တခြားအလုပ်မရှိတော့တဲ့အတွက် ဘိန်းစိုက်ပျိုးမှု မြင့်တက်ခြင်း နဲ့ ဘိန်းထုတ်ကုန်တွေပါ မြင့်တက်လာလို့ အာဖဂန်နစ္စတန်ကိုကျော်ပြီး ကမ္ဘာ့ ဘိန်းအထွက်ဆုံးနိုင်ငံဖြစ်လာရတာ လို့ ပြောသွားပါတယ်။
အရင်က အာဖဂန်နစ္စတန်နိုင်ငံဟာ ဆယ်စုနှစ် ၂ ခုကျော် ကမ္ဘာ့ဘိန်းအထွက်ဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့ပေမယ့် တာလီဘန်တွေ အာဏာပြန်သိမ်းသွားနိုင်ပြီးနောက် ဘိန်းစိုက်ခင်းတွေကို ပိတ်ပင်ခြင်း၊ ဘိန်းခင်းတွေကို ဖျက်ဆီး ခြင်းတွေလုပ်ခဲ့တာကြောင့် ၂၀၂၂ ခုနှစ်က ဟက်တာ ၂၃၃၀၀၀ စိုက်ပျိုးခဲ့ရာက ဒီနှစ်မှာ ၁၁၀၀၀ ဟက်တာ အောက်အထိ ကျဆင်းသွားပြီး ဘိန်းထုတ်လုပ်မှုဟာ စံချိန်တင် ၅၈၀၀၀ တန်အထိ ကျဆင်းသွားလို့ မြန်မာနိုင်ငံ ဟာ ကမ္ဘာ့ဘိန်းစိုက်ပျိုးမှုအများဆုံးနဲ့ ဘိန်းဆက်စပ်ထုတ်ကုန်အများဆုံးထွက်တဲ့ နိုင်ငံဖြစ်လာခဲ့တာဖြစ်ပါတယ်။
Ref: thediplomat
MKF-001
#MeKongNews
#ဘိန်း
#အာဖဂန်
#မြန်မာ
#ကုလ