ဒေသတွင်းသတင်း

ရှမ်းတောင် တပ်ရင်း ၃ ခု ပူးပေါင်းပြီး “၁၃ မျဉ်းစောင်း မအလ ဂျောင်း” ဒရုန်း ကမ်းပိန်း ပြုလုပ်

မဲခေါင် 29 Nov - 2023
ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက် တော်လှန်ရေး တပ်ရင်း ၃ ခု ပူးပေါင်းပြီး ဒရုန်း ဝယ်ယူနိုင်ဖို့ အတွက် “၁၃ မျဉ်းစောင်း မအလ ဂျောင်း” ကမ်ပိန်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

မဲခေါင်၊ နို၀င်ဘာ ၂၉

ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက် တော်လှန်ရေး တပ်ရင်း ၃ ခု ပူးပေါင်းပြီး ဒရုန်း ဝယ်ယူနိုင်ဖို့ အတွက် “၁၃ မျဉ်းစောင်း မအလ ဂျောင်း” ကမ်ပိန်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

SSPDF လက်အောက်ခံ (၁၀၀၅) တပ်ရင်း၊ SSRY မှ (၁၀၀၈) တပ်ရင်း နဲ့ ရှမ်းပြည် တောင်ပိုင်း ဒေသခံ တော်လှန်ရေး တပ်ပေါင်းစု-SSLRU တို့ ပူးပေါင်းပြီး ဒီကမ်းပိန်း ပြုလုပ်နေတာလို့ သိရပါတယ်။

“၁၃ မျဉ်းစောင်း ဆိုတာ ရှမ်းတောင် တပ်ရင်း ၃ ရင်းကို ရည်ညွှန်းပါတယ်။ ဒီ ၃ ရင်းမှာ ရှမ်းတောင်က ရဲဘော် အများစု ပါဝင်ပြီး တခြားနယ်စုံက ရှမ်းတောင်-ကရင်နီပွဲတွေမှာ တိုက်နေတဲ့ ရဲဘော်တွေလည်း အများကြီး ပါဝင်ပါတယ်။ ဒရုန်းမြန်မြန်ရရင် ပွဲမြန်မြန် ကရမှာပါ။ ဘာကြောင့် တိုက်ခိုက်ရေး ဒရုန်းကမ်ပိန်း လုပ်လဲဆိုရင် ဖြစ်နိုင်သမျှ ရဲဘော်တွေရဲ့ တန်ဖိုးရှိတဲ့ အသက်ကို ကာကွယ်ပေးချင်လို့ပါ။ ငွေက ပြန်ရှာလို့ရတယ်။ တော်လှန်ရေး ပြီးရင် ကိုယ်တိုင်လည်း အလုပ်လုပ်နိုင်ပြီ ဆိုပြီး ပြန်ရှာမရတဲ့ အသက်တွေကို ကာကွယ်ပေးဖို့ပါ” လို့ ကမ်ပိန်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီကမ်ပိန်းမှာ ကျပ်သိန်းတစ်ထောင်ရဖို့ မျှော်မှန်းထားပြီး ပမာဏ အပြည့်ရပါက တိုက်ခိုက်ရေး ဒရုန်း ၃ စင်း ဝယ်ယူနိုင်မယ်လို့ သူကဆိုပါတယ်။

ကမ်ပိန်းက ရသမျှ ငွေအားလုံးကို Federal Wings အဖွဲ့က စီမံခန့်ခွဲပေးမှာဖြစ်ပြီး အဲ့ဒီကနေ တပ်ရင်း ၃ ရင်းအတွက် ဒရုန်းတွေ ဝယ်ယူမှာ ဖြစ်တယ်လို့ သူကဆက်ရှင်းပြပါတယ်။

ကမ်ပိန်းမှာ ပါဝင်သူတွေ အတွက် Certificate တွေကို ကိုယ်လှူတဲ့ သက်ဆိုင်ရာ page တွေကနေ ထုတ်ယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ်ပိန်း Target မပြည့်ပါကလည်း ရဲဘော်တွေ မြေပြင်မှာ ဆက်လက် တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

အဆိုပါ “၁၃မျဉ်းစောင်း မအလ ဂျောင်း” ကမ်ပိန်းနဲ့ ပတ်သက်ပြီး မရှင်းလင်းပါက Project SSS ရဲ့ Page messenger မှာ တိုက်ရိုက် မေးမြန်းနိုင်တယ်လို့ သိရပါတယ်။

Page Link : https://www.facebook.com/61553497771656/posts/pfbid02NxKkbWXkUci3WPqVz3xNWrZ4Scvo5zXMxXzvGbEJBjC34idmbQKDB75cD7Shm3bpl/

CJ-001

#MeKongNewsProjectSSS

#1005infantary

#1008Infantary

#SSLRU

#Drone

#၁၃မျဉ်းစောင်းမအလဂျောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now