မဲခေါင်၊ နိုဝင်ဘာ ၁၉
လောက်ကိုင်မြို့တွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ကိုယ့်ရဲ့အသက်ဘေးအန္တရာယ်လုံခြုံရေးအတွက် တရုတ်နိုင်ငံသို့ အမြန်ဆုံးပြန်ကြဖို့ ကိုးကန့်တော်လှန်ရေးတပ်ဖွဲ့ MNDAAက မနေ့ညမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် လောင်ကိုင်မြို့အတွင်း နေထိုင်ကြတဲ့ အရပ်သားများအနေနဲ့လည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဌာန ၊ စစ်ကောင်စီရဲ့ တပ်စခန်းများနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ နေထိုင်ကြဖို့ MNDAAက အသိပေးထားပါတယ်။
လက်ရှိအချိန်မှာ လောက်ကိုင်အနီးတစ်ဝိုက်တစ်ခုလုံးဟာ စစ်မြေပြင်များဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုမှ ကာကွယ်ရန်အတွက် အရပ်သားများအနေနဲ့ မိမိသဘောနဲ့ နေရာပြောင်းရွေ့တာတွေ မပြုလုပ်ကြဖို့ကိုလည်း MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MNDAA မှ ထုတ်ပြန်တဲ့ အချက်များကို လိုက်နာကြရန် နဲ့ လိုက်နာမှုမရှိပဲ ချိုးဖောက်ပါက နောက်ဆက်တွဲ ပြဿနာတွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ MNDAAက ဆိုပါတယ်။
CJ-002
#MeKongNews
#လောက်ကိုင်
#တရုတ်
#အိမ်ပြန်
#ကိုးကန့်








