အာစီယံဒေသတွင်း

စစ်တပ်အာဏာ ထပ်မသိမ်းရေးအဆို ထိုင်းပြည်ထဲရေးဝန်ကြီး မထောက်ခံ

မဲခေါင် 10 Dec - 2024
စစ်တပ်အာဏာ ထပ်မသိမ်းရေးအဆို ထိုင်းပြည်ထဲရေးဝန်ကြီး မထောက်ခံ

စစ်တပ်အာဏာ ထပ်မသိမ်းရေးအဆို ထိုင်းပြည်ထဲရေးဝန်ကြီး မထောက်ခံ

မဲခေါင်၊ ဒီဇင်ဘာ ၁၀

လက်ရှိထိုင်းမှာ အာဏာရ ဖွေထိုင်းပါတီက တင်သွင်းတဲ့ စစ်တပ်အာဏာထပ်မသိမ်းရေးအဆိုကို လက်ရှိ ပြည်ထဲရေးဝန်ကြီးလည်းဖြစ် ၂၀၂၃ ခုနှစ်နောက်ပိုင်း ဒုဝန်ကြီးချုပ်ရာထူးလည်း ရယူထားသူ ဘမ်ဂျိုင်းထိုင်း ပါတီခေါင်းဆောင် အနူတင်က မထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုသွားပါတယ်။

စစ်အာဏာသိမ်းမှု အများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ထိုင်းမှာ လက်ရှိ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထူထောင်ခဲ့တဲ့ ဖွေထိုင်းပါတီဟာ ရှေးရိုးစွဲနဲ့ ဘုရင်၊ စစ်တပ်သစ္စာခံ ပါတီတွေနဲ့ မဟာမိတ်ဖွဲ့ပြီး တကယ်တမ်း မဲအနိုင်ရခဲ့တဲ့ Move Forward ပါတီကို အာဏာမရစေဖို့ ကန့်ကွက်ခဲ့ကြပြီးမှ အစိုးရသစ် ဖြစ်လာတာပါ။

ဒါပေမဲ့လည်း သက်ဆင်လက်ထက်နဲ့ တူမဖြစ်သူ ယင်းလတ် လက်ထက် ၂ ကြိမ်စလုံး စစ်အာဏာသိမ်းခဲ့မှုကြောင့် လက်ရှိ သက်ဆင်သမီး ပေထောင်တန် ဝန်ကြီးချုပ်ဖြစ်ချိန် ဖွေထိုင်းပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့ ကာကွယ်ရေးဝန်ကြီးဌာန အုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်ပြီး စစ်တပ်က နောက်တစ်ဖန် အာဏာမသိမ်းရေးအဆို တင်ဖို့ စီစဥ်နေတာပါ။

စစ်ဗိုလ်ချုပ်တွေမှာ ရာဇဝတ်မှု မှတ်တမ်းမရှိရေး၊ အာဏာအသုံးချပြီး ကိုယ်ကျိုးစီးပွား ရှာဖွေမှု၊ မူးယစ်ဆေး၊ လူမှောင်ခို၊ သဘာ၀ရင်းမြစ်နဲ့ ပတ်ဝန်းကျင်အရေးတွေမှာ လွှမ်းမိုးမှု မရှိရေး၊ စစ်တပ် အဆင့်မြင့်ရာထူးတွေကို ဗိုလ်ချုပ်တွေက ခန့်အပ်နေတဲ့မူကိုပြင်ပြီး ဝန်ကြီးချုပ် (ပေထောင်တန်) ဥက္ကဌ လုပ်မယ့် ကာကွယ်ရေးကောင်စီကနေ တိုက်ရိုက်ခန့်အပ်ရေးဆိုတဲ့ အဆိုတွေကို ဇန်နဝါရီ ၁ ရက်နေ့ ပြည်သူ့ဆန္ဒခံယူပြီး လွှတ်တော်မှာ အဆိုတင်ဖို့ စီစဉ်နေခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ပရာယွတ်လက်ထက်မှာ ဒုဝန်ကြီးချုပ်လုပ်ခဲ့သေးသလို ကျန်းမာရေးဝန်ကြီးလည်း တာဝန်ထမ်းခဲ့ဖူးတဲ့ အနူတင်က ဒီအဆိုနဲ့ပတ်သက်ပြီး “ ၁၉၉၁ ခုနှစ် စစ်အာဏာသိမ်းမှုအပါ အာဏာသိမ်းမှု ပေါင်းများစွာ အတွေ့အကြုံရှိပါတယ်။ တကယ်တမ်းက စစ်အာဏာသိမ်းမှုကို အခြေအနေ တချို့မှာ ရှောင်လွှဲနိုင်တာမို့ ခုလို အာဏာထပ်မသိမ်းရေးအဆိုကို မထောက်ခံပါဘူး။ မဲပေးမှာလည်း မဟုတ်ဘူး” လို့ ပြောသွားခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ဖမ်သမ်ဝီချုင်ယာချိုင်ကလည်း လက်ရှိ အစိုးရနဲ့ ဒီအဆိုတင်သွင်းမှုကို စစ်တပ်ကိုယ်စားလှယ်တွေပါစေလွှတ်ပြီး ပူးပေါင်းဆောင်ရွက်မှာဖြစ်လို့ ဘာပြဿနာမှ မရှိပေမယ့် ဒီအဆိုဟာ ထိုင်းစစ်တပ်ရဲ့ အင်အားကို လျော့ပါးစေသလို အစိုးရနဲ့ လက်နက်ကိုင် စစ်တပ်အကြား ပဋိပက္ခကိုသာ ပိုဖြစ်စေနိုင်တာကြောင့် တုံ့ပြန်လာမှုတွေကို စောင့်ကြည့်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာ စစ်တပ်က အာဏာသိမ်းဖို့လည်း အစီအစဉ်မရှိသလို နိုင်ငံရေးသမားတွေက စစ်တပ်အပေါ် အကျပ်ရိုက်မှုမလုပ်ရင် အာဏာသိမ်းမှုဆိုတာ ရှိလာမှာမဟုတ်ဘူးလို့ အနူတင်က ပြောဆိုသွားခဲ့ပါတယ်။

Ref: bangkokpost
MKF-001
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ထိုင်းနိုင်ငံ၏ ပထမဆုံး AGT ချန်ပီယံဖြစ်ခဲ့သည့် နီနီရွိုင်ရယ်ကို CP Group ဥက္ကဌက ကွန်ဒိုတိုက်ခန်း ချီးမြှင့်

မဲခေါင်၊ စက်တင်ဘာ ၂၄ ကမ္ဘာကျော် America’s Got Talent (AGT) ပြိုင်ပွဲကြီးတွင် ဗိုလ်လုပွဲတက်ရောက်ခဲ့သည့်အပြင် ချန်ပီယံပါဖြစ်ခဲ့သည့် ၁၆
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ထိုင်းတွင် ၉ နှစ်အရွယ် မိန်းကလေးက ကလေးမွားဖွားခဲ့ပြီး အသက်အငယ်ဆုံး မိခင်အဖြစ် မှတ်တမ်းဝင်၊ ဖခင်မှာ ၁၃ နှစ် အရွယ်ရှိ

မဲခေါင်၊ စက်တင်ဘာ ၂၄ ထိုင်းနိုင်ငံ၊ ဥဒုံဌာနီတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးက ကလေးမွားခဲ့ရာ ထိုင်းတွင် အသက်အငယ်ဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မွေးဖွားနှုန်း ကျဆင်းလွန်းနေသဖြင့် ရင်သွေးတစ်ဦးမွေးသည့် မိဘတိုင်း ဒေါ်လာ ၇ သောင်းပေးမည်ဟု စင်ကာပူ မက်လုံးပေးနေရ

မဲခေါင်၊ ဩဂုတ် ၂၇ စင်ကာပူနိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းပြီး သက်ကြီးရွယ်အိုနှုန်း များပြားလာသည့် လူဦးရေကျုံ့မှု အန္တရာယ်ကြောင့် ရင်သွေးတစ်ဦး မွေးဖွားသည့်မိဘတိုင်းအား စင်ကာပူဒေါ်လာ ၇ သောင်း ထောက်ပံ့ပေးသွားမည်ဟု ဝန်ကြီးချုပ် လောရန့်ဝေါင်က လှုံ့ဆော်ကမ်းလှမ်းခဲ့သည်။ ယမန်နှစ်က စင်ကာပူနိုင်ငံရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မယ်ဆိုင်တွင် ရပ်ထားသည့်ကားအတွင်း ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီး မယ်ဟောင်ဆောင်နေ အမျိုးသားတစ်ဦးကို ဖမ်းဆီး

မဲခေါင်၊ ဩဂုတ် ၂၆ ယမန်နေ့ညနေပိုင်းက ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ရှိ ဘန်ပိုင်ယန်ကျောင်းရှေ့ ရပ်ထားသော အနက်ရောင် ကားတစ်စီးကို မသင်္ကာသဖြင့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီးနောက် အနီးအနားရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်ပိုင်းလော့ ဖြစ်လာရန် ထိုင်းမိဖုရား ဆုသီတာ စတင်လေ့ကျင့်

မဲခေါင်၊ ဩဂုတ် ၂၀ ပြီးခဲ့သည့် ဆီးဂိမ်းမှာပင် ရွက်လွှင့်ပြိုင်ပွဲ၌ ဦးဆောင်ယှဉ်ပြိုင်ခဲ့သလို အားကစားနည်းများစွာကို ကျွမ်းကျင်သည့် ထိုင်းမိဖုရားကြီး ဆုသီတာသည် ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်လေယာဉ်မောင်းသည့် မိဖုရားဖြစ်လာနိုင်စေရန် ယနေ့မှစတင်ပြီး ထိုင်းတော်ဝင်လေတပ်၌ ဆွီဒင်ထုတ် Gripen ဖိုက်တာဂျက်လေယာဉ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြန်မာဘက်မှ တရုတ်မြေရှားလုပ်ကွက်များကြောင့် ရေထုညစ်ညမ်းမှု အထောက်အထားများကို တရုတ်သံရုံးမှတစ်ဆင့် တရုတ်အစိုးရထံ ထိုင်းပြည်သူ့ပါတီ တင်သွင်း

မဲခေါင်၊ ဇူလိုင် ၁၅ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တရားမဝင် တူးဖော်နေသည့် မြေရှားနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များကြောင့် ထိုင်းဘက်သို့ စီးဆင်းလာသည့် မြစ်ချောင်းများအတွင်း အန္တရာယ်အလွန်များသော ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ် နေရမှုကို ကိုင်တွယ်ဖြေရှင်းပေးရန် အထောက်အထား အချက်အလက်များစွာဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now