အာစီယံဒေသတွင်း

အာဏာသိမ်း ဗိုလ်ချုပ်ပါတီတွေနဲ့ လုံး၀မဟာမိတ်မလုပ်ဘဲ ဝန်ကြီးချုပ်လောင်း ပြန်လျှောက်နိုင်ကြောင်း MFP ပါတီ ထုတ်ပြန်

မဲခေါင် 24 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၄ မေ ၁၄ ရက်ကတည်းက ထိုင်းရွေးကောက်ပွဲပြီး ဆုံးသွားပေမယ့် ဝန်ကြီးချုပ်သစ် တင်မြှောက်ခြင်းနဲ့ အစိုးရသစ် ဖွဲ့ရေးဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကြောင့် ပိုမိုရှုပ်ထွေးလာချိန် မဲအများဆုံး အနိုင်ရပါတီ MFP က ဘယ်လို အခြေအနေ ဖြစ်နေပါစေ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေရဲ့ ပါတီတွေနဲ့ လုံး၀ မဟာမိတ်အဖြစ် မပေါင်းနိုင်ကြောင်း ဇူလိုင် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၄

မေ ၁၄ ရက်ကတည်းက ထိုင်းရွေးကောက်ပွဲပြီး ဆုံးသွားပေမယ့် ဝန်ကြီးချုပ်သစ် တင်မြှောက်ခြင်းနဲ့ အစိုးရသစ် ဖွဲ့ရေးဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကြောင့် ပိုမိုရှုပ်ထွေးလာချိန် မဲအများဆုံး အနိုင်ရပါတီ MFP က ဘယ်လို အခြေအနေ ဖြစ်နေပါစေ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေရဲ့ ပါတီတွေနဲ့ လုံး၀ မဟာမိတ်အဖြစ် မပေါင်းနိုင်ကြောင်း ဇူလိုင် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

MFP ပါတီ အထွေထွေ အတွင်းရေးမှူး ချိုင်သာဝပ် က ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက ဖိထာကို အမတ်ဖြစ်ခွင့် ရုပ်သိမ်းလိုက် သလို ဝန်ကြီးချုပ် ထပ်ရွေးချယ်ခံမှုကိုလည်း တားမြစ်လိုက်ခြင်း အတွက် လက်ရှိ ညွှန့် ပေါင်းအစိုးရရုံးဆီ အယူခံ တင်သွင်းပြီး နောက်တစ်ကြိမ် ဝင်အရွေးခံနိုင်သေးကြောင်း၊ စစ်တပ်ခန့် အထက်လွှတ်တော် အမတ် ၂၅၀ ထဲက လိုအပ်တဲ့ ၅၆ မဲကို ဒီတစ်ကြိမ် ထပ်ရွေးရင် ရဖို့ သေချာသလောက်ရှိကြောင်း ရှင်းလင်း ပြောကြားသွားတာ ဖြစ်ပါတယ်။

ဇူလိုင် ၂၃ ရက်နေ့က ဝန်ကြီးချုပ် ရွေးချယ်ခံဖို့နဲ့ အစိုးရသစ် ဖွဲ့ရေး ဆက်လုပ်မယ့် ဒုတိယ မဲအများဆုံးနိုင် ဖွေထိုင်း ပါတီဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ ကွန်ဆာဗေးတစ်တွေ ထူထောင်ထားတဲ့ ဘန်ဂျိုင်းထိုင်းပါတီ၊ PT party နဲ့ Palang Pracharat တို့နဲ့ မဟာမိတ်ပါတီသစ်ဖွဲ့ဖို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဒီပါတီတွေက လက်ရှိ ဖွေထိုင်းရဲ့ မဟာမိတ် ၈ ပါတီထဲမှာ MFP ပါတီ မပါမှသာ ဖွေထိုင်းပါတီကို မဟာမိတ်အဖြစ် ဖွဲ့ပြီး ထောက်ခံမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဒါကြောင့် ဇူလိုင် ၂၅ ရက် အင်္ဂါနေ့မှာ MFP၊ ဖွေထိုင်း အပါအဝင် မဟာမိတ် ၈ ပါတီ အစည်းအဝေးကို ထပ်မံ ကျင်းပမှာ ဖြစ်ပါတယ်။

ဖွေထိုင်းပါတီက တိုင်းပြည်ရဲ့ စီးပွားရေး ပြန်တိုးတက်ဖို့ ခေါင်းဆောင်ကောင်း လိုအပ်မှုကြောင့် စတေးသင့်တာကို စတေးပြီး စစ်တပ် ပတ်သက်တဲ့ ပါတီတွေနဲ့ မဟာမိတ်လုပ်ကောင်း လုပ်ရနိုင်တယ်လို့ ဇူလိုင် ၂၃ ရက် အစည်းအဝေး အပြီး ကြေညာချက် ထုတ်ပြန်လိုက်တဲ့အတွက် MFP ကလည်း ခုလို ပြန်လည် ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ချိုင်သာဝပ်က “ပြည်သူ့ဆန္ဒက MFP နဲ့ အစိုးရအဖွဲ့သစ် ဖြစ်စေချင်တာကို မဲပေးမှုကနေ သက်သေခံလိုက်ပြီး သားပါ။ ဒီအစိုးရအဖွဲ့သစ်မှာ အရင် လူတွေကို မလိုချင်တာ ရှင်းနေတာပဲ။ ဗိုလ်ချုပ် ပရာဝစ်ရဲ့ Palang Pracharat (PPRP) ပါတီ၊ ဗိုလ်ချုပ် ပရာယွတ်ရဲ့ United Thai Nation (UTN) ပါတီတွေနဲ့ လုံး၀ မပူးပေါင်းနိုင်ပါဘူး။ အခု အထက်လွှတ်တော်အမတ် ၂၅၀ ထဲက မဲ ၅၆ မဲ ရဖို့ ယုံကြည်ပါတယ်။ ဒါကြောင့် ညွှန်ပေါင်းအစိုးရရုံးဆီ အယူခံ တင်သွင်းပြီး ဖိထာကို ဝန်ကြီးချုပ် ထပ်ရွေးချယ်ခံခွင့်ပြုဖို့ ကြိုးစားနေပါတယ်” လို့ ပြောကြားပါတယ်။

လက်ရှိ MFP ပါတီနဲ့ မဟာမိတ် ၈ ပါတီ ပြင်ပက ပါတီငယ်လေးတွေဟာ ဖွေထိုင်းနဲ့ စစ်ဗိုလ်ချုပ်တွေပါတီ ပူးပေါင်းခဲ့ရင် အဲဒီဘက်မှာ ပူးပေါင်းပြီး ဖွေထိုင်းကို ထောက်ခံမယ့် အခြေအနေအပေါ် စစ်တပ်ခန့် အထက် လွှတ်တော်အမတ် ၂၅၀ ထဲက တစ်ဝက်လောက်က လက်မခံနိုင်တဲ့ အနေအထားကြောင့် MFP ဟာ ဒီတစ်ကြိမ် ဖိထာကို ဝန်ကြီးချုပ် ရွေးရင် အနည်းဆုံး ၅၆ မဲ ထည့်လောက်တယ်လို့ MFP ပါတီက ယုံကြည်နေတာ ဖြစ်ပါတယ်။

MKF-001

#MekongNews

#MFP ပါတီ

#ဝန်ကြီးချုပ်လောင်း

#စစ်ဗိုလ်ချုပ်

Ref: bangkokpost

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

တရားမဝင် ကျောင်းဖွင့်လို့ မြန်မာအမျိုးသမီးအပါ နိုင်ငံခြားသားတွေကို ထိုင်းရဲ ဖမ်းဆီး

ထိုင်းနိုင်ငံ ပြည်ပခရီးသွားတွေအလာများတဲ့ ကို့ဖန်ဂန်ဒေသမှာ တရားမဝင်နေ့ ကလေးထိန်းကျောင်း ဖွင့်လှစ်မှု၊ မော်တော်ဘုတ်နောက်က ရေလွှာလျှောစီး ဘုတ်စီးသင်တန်းဖွင့်မှုတွေ လုပ်နေတဲ့ နေရာကို ထိုင်းပြည်ပခရီးသွား
အာစီယံဒေသတွင်း

ထိုင်းမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု မြန်မာ ဒုတိယအများဆုံးဖြစ်လာ

ထိုင်းအစိုးရ အိမ်ရာဘဏ်စစ်ဆေးရေးမှူးချုပ် နဲ့ အိမ်ခြံမြေ သတင်းအချက်အလက်ဌာန (REIC) ညွှန်ကြားရေးမှူး ဝီချိုင်းက ၂၀၂၄ ခုနှစ် ပထမ ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

နှစ်ပတ်အတွင်း ထိုင်းမှာ စိတ်ကြွဆေး သန်း ၄၀ နီးပါးနဲ့ Ice တစ်တန်ကျော် ဖမ်းမိ

ထိုင်းနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးဌာနချုပ်မှာ မေ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ၂ ပတ်အတွင်း နိုင်ငံတစ်ဝန်း စိတ်ကြဆေး အလုံး သန်း ၄၀ နီးပါးနဲ့ Ice တစ်တန်ကျော် ဖမ်းဆီးရမိကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘန်တာလူဝမ် ထောင်တွင်းအစာငတ်ခံဆန္ဒပြရင်း သေဆုံး

ထိုင်းနိုင်ငံက နာမည်ကြီးနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘန်တာလူဝန် ခေါ် နက်တီပွန်ဆာနီဆန်ခွန်းဟာ ဇန်နဝါရီ ၂၇ ရက်နေ့ကတည်းက ထောင်ထဲမှာ အစာငတ်ခံဆန္ဒပြခဲ့ရာက ၂၀၂၄ မေ ၁၄ ရက်နေ့မနက်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အောက်တိုဘာကစပြီး အနည်းဆုံးတစ်နေ့လုပ်ခ ဘတ် ၄၀၀ ပေးဖို့ ထိုင်းအစိုးရ ထုတ်ပြန်

ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူက လာမယ့်အောက်တိုဘာလကစလို့ အလုပ်သမားတွေအတွက် တစ်နေ့ အနည်းဆုံးလုပ်ခ ဘတ် ၄၀၀ (၁၀ . ၈၄ ဒေါ်လာ) ပေးသွားမှာဖြစ်ကြောင်း မေ ၂ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မဏိပူရမှာ ၁၈ နှစ်အတွင်း မြန်မာပြည်ကလာတဲ့ ခိုလှုံသူတွေကြောင့် ရွာ ၉၀၀ ကျော်တိုးလာ

မြန်မာနိုင်ငံကလာတဲ့ တရားမဝင်ခိုလှုံသူတွေ များသထက် များလွန်းလာလို့ သူတို့ပြည်နယ်မှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ရွာသစ်ပေါင်း ၉၉၆ ရွာအထိ တိုးလာပြီး လူမျိုးရေး ပဋိပက္ခ၊ တောပြုန်းမှုနဲ့ ဘိန်းစိုက်ခင်းတွေ တိုးတက်လာမှုတွေကြောင့် ကိုင်တွယ်ဖြေရှင်းရခက်ကြောင်း X (အရင် တွစ်တာ)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းမှာ လက်နက်အများအပြားကို အာသံရိုင်ဖယ်တပ် ဖမ်းဆီး

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းအနီး မွန်စီရင်စုမှာ လက်နက်ခဲယမ်းအမြောက် အများသိုလှောင်ထားရှိမှုကို အာသံရိုင်ဖယ်တပ်က ဧပြီ ၂၉ ရက်မှာ သတင်းအရ ရှာဖွေဖော်ထုတ် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဒုဝန်ကြီးချုပ် နုတ်ထွက်မှု ထိုင်းဝန်ကြီးချုပ် တောင်းပန်စကားဆို

န်ကြီးနေရာ ၆ ခုကို ဖွေထိုင်းမဟာမိတ်အဖွဲ့က ၄ ယောက်၊ တော်ဝင်မျိုးရိုးထောက်ခံပါတီဝင် ၂ ယောက်ပဲရ ထိုင်းနိုင်ငံ အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းမှာ နာမည်ကောင်းရနေတဲ့ ပန်ပရီးကို ဒုဝန်ကြီးချုပ်ရာထူးက ဖယ်ရှားပြီးနောက် ပူးတွဲရယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကပါ နုတ်ထွက်စာတင် ထွက်ခွာသွားခြင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now