အာစီယံဒေသတွင်း

ဖိထာ ဝန်ကြီးချုပ် မဖြစ်တာကို ရိုင်းစိုင်းတဲ့ ဝမ်းမြောက်စာသား ရေးတင်ခဲ့မှု ဖိထာ ကို မရည်ရွယ်ကြောင်း ဟွမ်ဆန် ဖြေရှင်း

မဲခေါင် 14 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၄ ဇူလိုင် ၁၃ ရက်နေ့ ထိုင်းလွှတ်တော်မှာ ဝန်ကြီးချုပ်အဖြစ် တစ်ဦးတည်း အဆိုပြု လျှောက်ထားသူ MFP ပါတီ ခေါင်းဆောင် ဖိထာလင်ဂျာရိုအန်နက် လိုအပ်တဲ့ မဲအရေအတွက် မရခဲ့မှု အပေါ် တွစ်တာမှာ ရိုင်းစိုင်းတဲ့ ဝမ်းမြောက် စာသား ရေးတင်ခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် အာဏာရှင် ဟွမ်ဆန်က သူ့မှတ်ချက်ဟာ ဖိထာကို မရည်ရွယ်ကြောင်းနဲ့ အဓိပ္ပါယ် အယူကောက် မလွဲကြဖို့ ပြန်လည် ဖြေရှင်း သွားခဲ့ပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၄

ဇူလိုင် ၁၃ ရက်နေ့ ထိုင်းလွှတ်တော်မှာ ဝန်ကြီးချုပ်အဖြစ် တစ်ဦးတည်း အဆိုပြု လျှောက်ထားသူ MFP ပါတီ ခေါင်းဆောင် ဖိထာလင်ဂျာရိုအန်နက် လိုအပ်တဲ့ မဲအရေအတွက် မရခဲ့မှု အပေါ် တွစ်တာမှာ ရိုင်းစိုင်းတဲ့ ဝမ်းမြောက် စာသား ရေးတင်ခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် အာဏာရှင် ဟွမ်ဆန်က သူ့မှတ်ချက်ဟာ ဖိထာကို မရည်ရွယ်ကြောင်းနဲ့ အဓိပ္ပါယ် အယူကောက် မလွဲကြဖို့ ပြန်လည် ဖြေရှင်း သွားခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာလည်း ရွေးကောက်ပွဲ နီးလာပြီဖြစ်ပြီး အာဏာရှင်အဖြစ် နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ် နေတဲ့ ဟွမ်ဆန်ဟာ အတိုက်အခံပါတီ ခေါင်းဆောင်တွေကို ရက်စက်စွာ ခြိမ်းခြောက် ဖမ်းဆီးမှုတွေ လုပ်နေသူ ဖြစ်ပါတယ်။

ဖိထာ ဝန်ကြီးချုပ် မဲအလုံအလောက် မရတော့ ဟွမ်ဆန်က “ဝန်ကြီးချုပ် ဖြစ်ဖို့ ဖိထာ လုံလောက်တဲ့ မဲမရဘဲ ကျရှုံးမှုဟာ ကမ္ဘောဒီးယားက အဓိက အရိုင်းအစိုင်း အတိုက်အခံတွေအတွက် ကျရှုံးမှုပဲ” လို့ ရေးတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီရေးသားမှုနဲ့ ပတ်သက်လို့ ကမ္ဘောဒီးယားနိုင်ငံမှာသာမက ထိုင်းနိုင်ငံသား အများစုကပါ ဟွမ်ဆန် ရဲ့ ရိုင်းစိုင်းတဲ့ မှတ်ချက်အပေါ် ဒေါသထွက် ပေါက်ကွဲပြီး တုံ့ပြန်မှုများစွာ ပြုလုပ်ခဲ့ကြပါတယ်။

ဇူလိုင် ၁၄ ရက်နေ့ မှာတော့ ဟွမ်ဆန်က “အခု ရက်စက်ရိုင်းစိုင်းတဲ့ အတိုက်အခံ အစုအဖွဲ့တွေရဲ့ မျှော်လင့်ချက်ဟာ ရေထဲ ဆားထည့်လိုက်သလို ပျော်ဝင်ပျောက်ကွယ်သွားရပါပြီ။ နိုင်ငံရေးကို နိုင်ငံရေး လမ်းစဉ်နဲ့ မလုပ်ဘဲ အစွန်းရောက်လမ်းစဉ်နဲ့ လုပ်ကြတဲ့ သူတွေကို ရည်ညွှန်းတာပါ။ ကမ္ဘောဒီးယားမှာရော ထိုင်းနိုင်ငံပါသွားပြီး ဒီအတိုက်အခံ အုပ်စုတွေက ဖိထာ နာမည် သုံးလို့ ကျွန်တော့်ကို တိုက်ခိုက်နေခဲ့တာ ထိုင်းရွေးကောက်ပွဲအပြီး ၂ လစလုံးပဲ။ သူတို့ကို ရည်ရွယ်တာပါ။ ဖိထာ ကိုရော၊ ထိုင်းနိုင်ငံ ပြည်တွင်းရေးကို ပါဝင်ပတ်သက် ပြောဆိုမှု မဟုတ်ပါဘူး။ ဖိထာ ဝန်ကြီးချုပ် ဖြစ်လာရင်လည်း ပူးပေါင်းဆောင်ရွက်သွားဖို့ ကျွန်တော်တို့ဘက်က အဆင်သင့် ပြင်ဆင်ထားတာပါ။ သူ့ကို ဆန့်ကျင်တာမဟုတ်ပါဘူး” လို့ ဖြေရှင်း ပြောကြားသွားခဲ့ပါတယ်။

MKF-001

#MekongNews

#ဝန်ကြီးချုပ်

#ဟွမ်ဆန်

#ဖိထာလင်ဂျာရိုအန်နက်

Ref:phnompenhpost

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

တရားမဝင် ကျောင်းဖွင့်လို့ မြန်မာအမျိုးသမီးအပါ နိုင်ငံခြားသားတွေကို ထိုင်းရဲ ဖမ်းဆီး

ထိုင်းနိုင်ငံ ပြည်ပခရီးသွားတွေအလာများတဲ့ ကို့ဖန်ဂန်ဒေသမှာ တရားမဝင်နေ့ ကလေးထိန်းကျောင်း ဖွင့်လှစ်မှု၊ မော်တော်ဘုတ်နောက်က ရေလွှာလျှောစီး ဘုတ်စီးသင်တန်းဖွင့်မှုတွေ လုပ်နေတဲ့ နေရာကို ထိုင်းပြည်ပခရီးသွား
အာစီယံဒေသတွင်း

ထိုင်းမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု မြန်မာ ဒုတိယအများဆုံးဖြစ်လာ

ထိုင်းအစိုးရ အိမ်ရာဘဏ်စစ်ဆေးရေးမှူးချုပ် နဲ့ အိမ်ခြံမြေ သတင်းအချက်အလက်ဌာန (REIC) ညွှန်ကြားရေးမှူး ဝီချိုင်းက ၂၀၂၄ ခုနှစ် ပထမ ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

နှစ်ပတ်အတွင်း ထိုင်းမှာ စိတ်ကြွဆေး သန်း ၄၀ နီးပါးနဲ့ Ice တစ်တန်ကျော် ဖမ်းမိ

ထိုင်းနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးဌာနချုပ်မှာ မေ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ၂ ပတ်အတွင်း နိုင်ငံတစ်ဝန်း စိတ်ကြဆေး အလုံး သန်း ၄၀ နီးပါးနဲ့ Ice တစ်တန်ကျော် ဖမ်းဆီးရမိကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘန်တာလူဝမ် ထောင်တွင်းအစာငတ်ခံဆန္ဒပြရင်း သေဆုံး

ထိုင်းနိုင်ငံက နာမည်ကြီးနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘန်တာလူဝန် ခေါ် နက်တီပွန်ဆာနီဆန်ခွန်းဟာ ဇန်နဝါရီ ၂၇ ရက်နေ့ကတည်းက ထောင်ထဲမှာ အစာငတ်ခံဆန္ဒပြခဲ့ရာက ၂၀၂၄ မေ ၁၄ ရက်နေ့မနက်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အောက်တိုဘာကစပြီး အနည်းဆုံးတစ်နေ့လုပ်ခ ဘတ် ၄၀၀ ပေးဖို့ ထိုင်းအစိုးရ ထုတ်ပြန်

ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူက လာမယ့်အောက်တိုဘာလကစလို့ အလုပ်သမားတွေအတွက် တစ်နေ့ အနည်းဆုံးလုပ်ခ ဘတ် ၄၀၀ (၁၀ . ၈၄ ဒေါ်လာ) ပေးသွားမှာဖြစ်ကြောင်း မေ ၂ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မဏိပူရမှာ ၁၈ နှစ်အတွင်း မြန်မာပြည်ကလာတဲ့ ခိုလှုံသူတွေကြောင့် ရွာ ၉၀၀ ကျော်တိုးလာ

မြန်မာနိုင်ငံကလာတဲ့ တရားမဝင်ခိုလှုံသူတွေ များသထက် များလွန်းလာလို့ သူတို့ပြည်နယ်မှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ရွာသစ်ပေါင်း ၉၉၆ ရွာအထိ တိုးလာပြီး လူမျိုးရေး ပဋိပက္ခ၊ တောပြုန်းမှုနဲ့ ဘိန်းစိုက်ခင်းတွေ တိုးတက်လာမှုတွေကြောင့် ကိုင်တွယ်ဖြေရှင်းရခက်ကြောင်း X (အရင် တွစ်တာ)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းမှာ လက်နက်အများအပြားကို အာသံရိုင်ဖယ်တပ် ဖမ်းဆီး

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းအနီး မွန်စီရင်စုမှာ လက်နက်ခဲယမ်းအမြောက် အများသိုလှောင်ထားရှိမှုကို အာသံရိုင်ဖယ်တပ်က ဧပြီ ၂၉ ရက်မှာ သတင်းအရ ရှာဖွေဖော်ထုတ် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဒုဝန်ကြီးချုပ် နုတ်ထွက်မှု ထိုင်းဝန်ကြီးချုပ် တောင်းပန်စကားဆို

န်ကြီးနေရာ ၆ ခုကို ဖွေထိုင်းမဟာမိတ်အဖွဲ့က ၄ ယောက်၊ တော်ဝင်မျိုးရိုးထောက်ခံပါတီဝင် ၂ ယောက်ပဲရ ထိုင်းနိုင်ငံ အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းမှာ နာမည်ကောင်းရနေတဲ့ ပန်ပရီးကို ဒုဝန်ကြီးချုပ်ရာထူးက ဖယ်ရှားပြီးနောက် ပူးတွဲရယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကပါ နုတ်ထွက်စာတင် ထွက်ခွာသွားခြင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now