အာစီယံဒေသတွင်း

ထိုင်းဝန်ကြီးချုပ် မဲပေးရွေးချယ်ပွဲ MFP ရဲ့ ဘုရင်အသရေဖျက်ခြင်း ဥပဒေ ပြင်ဆင်ရေး အချေအတင် ဖြစ်နေ

မဲခေါင် 13 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၃ ဇူလိုင် ၁၃ ရက် ဒီနေ့မှာ ကျင်းပနေတဲ့ ထိုင်းလွှတ်တော် ဝန်ကြီးချုပ်သစ် မဲပေးရွေးချယ်မှုမှာ တစ်ဦးတည်း လျှောက်ထားသူ ရွေးကောက်ပွဲ အနိုင်ရပါတီ Move Forward Party (MFP) ရဲ့ ထိုင်းဘုရင်မိသားစု ဂုဏ်သရေ ညှိုးနွမ်းစေမှု ဥပဒေ ပုဒ်မ ၁၂၂ (The lese majeste law) ဖျက်သိမ်းရေး သို့မဟုတ် ပြင်ဆင်ရေး ကိစ္စအတွက် အတိုက်အခံပါတီတွေနဲ့ အချေအတင် ငြင်းခုန်ပြောဆို နေကြရပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၃

ဇူလိုင် ၁၃ ရက် ဒီနေ့မှာ ကျင်းပနေတဲ့ ထိုင်းလွှတ်တော် ဝန်ကြီးချုပ်သစ် မဲပေးရွေးချယ်မှုမှာ တစ်ဦးတည်း လျှောက်ထားသူ ရွေးကောက်ပွဲ အနိုင်ရပါတီ Move Forward Party (MFP) ရဲ့ ထိုင်းဘုရင်မိသားစု ဂုဏ်သရေ ညှိုးနွမ်းစေမှု ဥပဒေ ပုဒ်မ ၁၂၂ (The lese majeste law) ဖျက်သိမ်းရေး သို့မဟုတ် ပြင်ဆင်ရေး ကိစ္စအတွက် အတိုက်အခံပါတီတွေနဲ့ အချေအတင် ငြင်းခုန်ပြောဆို နေကြရပါတယ်။

MFP ပါတီ အထွေထွေ အတွင်းရေးမှူး ချိုင်တာဝပ်တူလာသွန်က “ဘုရင်စနစ် အဖွဲ့အစည်းဟာ လွှတ်တော်နဲ့ ဥပဒေ အထက်မှာ ရှိသင့်ပါသလား။ အဖွဲ့အစည်းတိုင်းဟာ ပါဝင်ပတ်သက်တဲ့ လူသားတွေနဲ့ပဲ သက်ဆိုင်တယ်။ သူတို့ဆီက လာတဲ့ သဘောတရားကပဲ ဥပဒေ တည်စေသင့်တယ်” လို့ တင်ပြ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ကမှ နိုင်ငံရေး လောကက အနားယူပြီလို့ ပြောခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ပါတီ United Thai Nation Party လွှတ်တော်အမတ် ဆာထရာဆရီပန်က ချိုင်တာဝပ် အဆိုကို လက်မခံနိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

“ဘုရင် ဂုဏ်သရေညှိုးနွမ်းမှု ဥပဒေ ဖျက်သိမ်းဖို့ MFP ရဲ့ အဆိုကို လက်မခံနိုင်ပါဘူး။ ထိုင်း ပြည်သူတွေရဲ့ နှလုံးသားတွေကို ချမနင်းဖို့ တောင်းပန်ပါတယ်။ လူပေါင်းများစွာဟာ ကိုယ့်ဘုရင်အတွက် အသေခံဖို့ အသင့်ပါပဲ။ ဥပဒေကို မပြင်ဖို့ ကျေးဇူးပြုပြီး တောင်းပန်ပါတယ်” လို့ သူကပြောသွားခဲ့တယ်။

စစ်တပ်ခန့်အထက်လွှတ်တော်အမတ် ခမ်နွန်းချစ်ဟီဆာမန် ကလည်း ဘုရင်မင်းမြတ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မယ်၊ ဘုရင်စနစ်ရဲ့ အကာအကွယ်အဆင့်ကို နိမ့်ကျစေလိမ့်မယ်၊ ပြစ်မှုကျူးလွန်သူတွေကို နောက်ဖေးတံခါးကနေ လွတ်ငြိမ်းခွင့် ပေးနေသလို ဖြစ်စေတယ်လို့ ထကန့်ကွက်ခဲ့တယ်။

ဘုရင့်သစ္စာတော်ခံ၊ ရှေးရိုးစွဲဝါဒီ လက်ကိုင်ထားတဲ့ ထိုင်းနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး Democrat Party လွှတ်တော် အမတ် ချိုင်ချနာဒါဒီချို ကလည်း “ဘာကြောင့် ဘုရင်မင်းမြတ်ကို အကာအကွယ်ပေးတဲ့ ဥပဒေကို ပယ်ဖျက်ချင်နေတာလဲ။ အဆုံးအထိ ဆန့်ကျင်သွားရပါလိမ့်မယ်။ MFP ပါတီဝင်တွေဟာ တောင်ပိုင်းခွဲထွက်ရေး တောင်းဆိုမှုတွေကိုလည်း ထောက်ခံအားပေးနေကြသူတွေ” လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

ဒီစွပ်စွဲချက်ကို ဖိထာ ကိုယ်တိုင်က လုံးဝမဟုတ်ကြောင်း၊ တောင်ပိုင်းခွဲထွက်ရေးကို သူတို့ပါတီ မထောက်ခံ ကြောင်းနဲ့ စက်တင်ဘာလမှာ ကုလသမဂ္ဂ အစည်းအဝေးကို နယူးယောက်မှာ လုပ်မှာဖြစ်လို့ ဝန်ကြီး ချုပ်ရွေးချယ်မှုကို အမြန်အတည်ပြုဖို့လိုကြောင်း၊ ထိုင်းနိုင်ငံသားများ အရေးဟာ စီးပွားရေးသာဖြစ်ပြီး စူပါပါဝါ နိုင်ငံကြီးတွေနဲ့ စီးပွာရေးချိန်ခွင်လျှာ မျှတရေးကို စောလျှင်စွာ လုပ်ဖို့ လိုအပ်နေပါတယ်လို့ ရှင်းလင်း ပြောဆိုပါတယ်။

ပါတီအထွေထွေအတွင်းရေးမှူး ချိုင်တာဝပ် ကလည်း “ဘုရင်ဂုဏ်သရေ ဥပဒေကို ပြင်ရင် အနာဂတ်အတွက် ချိန်ကိုက်ဗုံး တစ်လုံးလို ဖြစ်စေပါလိမ့်မယ်၊ ဒီဥပဒေကြောင့် ရာနဲ့ချီပြီး ဖမ်းဆီးထောင်ချခံထား ရတယ်။ ဥပဒေကို မျက်မှောက်မပြု၊ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ဆိုတဲ့ ဒီမိုကရေစီ စံနှုန်းကို ဖျက်ဆီးနေတဲ့ ဥပဒေသာ ဖြစ်တယ်” လို့ ထပ်ပြီး ရှင်းလင်းပြောဆိုခဲ့ပြန်ပါတယ်။

MKF-001
#MekongNews

#ဝန်ကြီးချုပ်

#လွှတ်တော်

#Move-Forward-Party

Ref: Khaosod

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

တရားမဝင် ကျောင်းဖွင့်လို့ မြန်မာအမျိုးသမီးအပါ နိုင်ငံခြားသားတွေကို ထိုင်းရဲ ဖမ်းဆီး

ထိုင်းနိုင်ငံ ပြည်ပခရီးသွားတွေအလာများတဲ့ ကို့ဖန်ဂန်ဒေသမှာ တရားမဝင်နေ့ ကလေးထိန်းကျောင်း ဖွင့်လှစ်မှု၊ မော်တော်ဘုတ်နောက်က ရေလွှာလျှောစီး ဘုတ်စီးသင်တန်းဖွင့်မှုတွေ လုပ်နေတဲ့ နေရာကို ထိုင်းပြည်ပခရီးသွား
အာစီယံဒေသတွင်း

ထိုင်းမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု မြန်မာ ဒုတိယအများဆုံးဖြစ်လာ

ထိုင်းအစိုးရ အိမ်ရာဘဏ်စစ်ဆေးရေးမှူးချုပ် နဲ့ အိမ်ခြံမြေ သတင်းအချက်အလက်ဌာန (REIC) ညွှန်ကြားရေးမှူး ဝီချိုင်းက ၂၀၂၄ ခုနှစ် ပထမ ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

နှစ်ပတ်အတွင်း ထိုင်းမှာ စိတ်ကြွဆေး သန်း ၄၀ နီးပါးနဲ့ Ice တစ်တန်ကျော် ဖမ်းမိ

ထိုင်းနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးဌာနချုပ်မှာ မေ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ၂ ပတ်အတွင်း နိုင်ငံတစ်ဝန်း စိတ်ကြဆေး အလုံး သန်း ၄၀ နီးပါးနဲ့ Ice တစ်တန်ကျော် ဖမ်းဆီးရမိကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘန်တာလူဝမ် ထောင်တွင်းအစာငတ်ခံဆန္ဒပြရင်း သေဆုံး

ထိုင်းနိုင်ငံက နာမည်ကြီးနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘန်တာလူဝန် ခေါ် နက်တီပွန်ဆာနီဆန်ခွန်းဟာ ဇန်နဝါရီ ၂၇ ရက်နေ့ကတည်းက ထောင်ထဲမှာ အစာငတ်ခံဆန္ဒပြခဲ့ရာက ၂၀၂၄ မေ ၁၄ ရက်နေ့မနက်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အောက်တိုဘာကစပြီး အနည်းဆုံးတစ်နေ့လုပ်ခ ဘတ် ၄၀၀ ပေးဖို့ ထိုင်းအစိုးရ ထုတ်ပြန်

ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူက လာမယ့်အောက်တိုဘာလကစလို့ အလုပ်သမားတွေအတွက် တစ်နေ့ အနည်းဆုံးလုပ်ခ ဘတ် ၄၀၀ (၁၀ . ၈၄ ဒေါ်လာ) ပေးသွားမှာဖြစ်ကြောင်း မေ ၂ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မဏိပူရမှာ ၁၈ နှစ်အတွင်း မြန်မာပြည်ကလာတဲ့ ခိုလှုံသူတွေကြောင့် ရွာ ၉၀၀ ကျော်တိုးလာ

မြန်မာနိုင်ငံကလာတဲ့ တရားမဝင်ခိုလှုံသူတွေ များသထက် များလွန်းလာလို့ သူတို့ပြည်နယ်မှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ရွာသစ်ပေါင်း ၉၉၆ ရွာအထိ တိုးလာပြီး လူမျိုးရေး ပဋိပက္ခ၊ တောပြုန်းမှုနဲ့ ဘိန်းစိုက်ခင်းတွေ တိုးတက်လာမှုတွေကြောင့် ကိုင်တွယ်ဖြေရှင်းရခက်ကြောင်း X (အရင် တွစ်တာ)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းမှာ လက်နက်အများအပြားကို အာသံရိုင်ဖယ်တပ် ဖမ်းဆီး

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းအနီး မွန်စီရင်စုမှာ လက်နက်ခဲယမ်းအမြောက် အများသိုလှောင်ထားရှိမှုကို အာသံရိုင်ဖယ်တပ်က ဧပြီ ၂၉ ရက်မှာ သတင်းအရ ရှာဖွေဖော်ထုတ် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဒုဝန်ကြီးချုပ် နုတ်ထွက်မှု ထိုင်းဝန်ကြီးချုပ် တောင်းပန်စကားဆို

န်ကြီးနေရာ ၆ ခုကို ဖွေထိုင်းမဟာမိတ်အဖွဲ့က ၄ ယောက်၊ တော်ဝင်မျိုးရိုးထောက်ခံပါတီဝင် ၂ ယောက်ပဲရ ထိုင်းနိုင်ငံ အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းမှာ နာမည်ကောင်းရနေတဲ့ ပန်ပရီးကို ဒုဝန်ကြီးချုပ်ရာထူးက ဖယ်ရှားပြီးနောက် ပူးတွဲရယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကပါ နုတ်ထွက်စာတင် ထွက်ခွာသွားခြင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now