မဲခေါင်၊ ဇူလိုင် ၁၃
ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်သစ်ကို ဒီကနေ့ ထိုင်းလွှတ်တော်မှာ မဲပေးရွေးချယ်မှာဖြစ်ပြီး ထိုင်းဒေသ စံတော်ချိန် ညနေ ၅ နာရီမှာ အပြီး မဲခွဲဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဇူလိုင် ၁၃ ရက် မနက် အစောပိုင်း ကတည်းက မဲအများဆုံး အနိုင်ရပါတီ Move Forward Party က ဝန်ကြီးချုပ်အဖြစ် လျှောက်ထားတဲ့ ပါတီခေါင်းဆောင် ဖိထာလင်ဂျာရိုအန်နက်ကို အားပေးတဲ့ လိမ္မောရောင်ဝတ် ထောက်ခံသူတွေ လွှတ်တော်အနီး စုရုံးရောက်ရှိ နေခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ကလည်း လွှတ်တော်ရှေ့ Kiak Kai လမ်းဆုံမှာ သံဆူးကြိုး အကာအရန်တွေကို မနက် ၁ နာရီကတည်းက ချထားပြီး လုံခြုံရေး တင်းကျပ်ထားခဲ့ ပါတယ်။
လွှတ်တော်ထဲမှာ မနက်ပိုင်းအထိ ထိုင်းဝန်ကြီးချုပ်အဖြစ် အဆိုပြု တင်သွင်းသူဟာ MFP ပါတီ ခေါင်းဆောင် ဖိထာ တစ်ဦးတည်း ရှိသေးပြီး ဒီအဆိုကို မဟာမိတ် လုပ်ထားတဲ့ ဒုတိယ မဲအများဆုံးအနိုင်ရ ဖွေထိုင်းပါတီ ခေါင်းဆောင် ချိုလ်နန်ဆရီကရော က ပဏာမ တင်သွင်းခဲ့ပါတယ်။
ဒီလျှောက်ထား တင်သွင်းမှုအပြီး ထိုင်းစစ်တပ်ခန့် အထက်လွှတ်တော်အမတ် ပရာဖန်ကွန်မီးက ဖိထာဟာ မနေကပဲ ရွေးကောက်ပွဲ ကော်မရှင်က ဖွဲ့စည်းအုပ်ချုပ်ပုံ တရားရုံမှာ လွှတ်တော်အမတ်အဖြစ် စည်းမျဉ်းဖောက် ဖျက်ထားတယ်လို့ အမှုတင်ပေးခံရသူဖြစ်လို့ ထိုင်းဝန်ကြီးချုပ် လျှောက်ထားဖို့ ခွင့်မပြုသင့်ဘူးလို့ ကန့်ကွက်ပါ တယ်။
ဖိထာဟာ သေဆုံးသွားတဲ့ ဖခင်ရဲ့ iTV မီဒီယာ ရှယ်ယာတွေကို ဆက်ခံရရှိလို့ ထိုင်းဥပဒေအရ လွှတ်တော် အမတ်ဟာ မီဒီယာပိုင်ရှင် မဖြစ်စေရဘူးဆိုပြီး စွဲချက်တင်တာ။ ဖိထာက ဆွေမျိုးသားချင်းတစ်ယောက်ကို လွှဲပေးပြီးသားလို့ ရှင်းထားပြီးသား အနေအထားမှာ ဝန်ကြီးချုပ် ရွေးကာနီးမှ စွဲချက်တင် ခံလိုက်ရတာ ဖြစ်ပါတယ်။
ဖိထာကတော့ သူဟာ ဒီနေ့ ဝန်ကြီးချုပ်ရွေးပွဲမှာ Qualified ဖြစ်သူဖြစ်ကြောင်း၊ စွဲချက်က အပြစ်ရှိကြောင်း မဆုံး ဖြတ်ရသေးခင်အထိ လွှတ်တော်ဟာ သူ့ကို ဝန်ကြီးချုပ် ရွေးကောက်ခံမှုမှာ တားမြစ်ပိုင်ခွင့် မရှိဘူးလို့ တုံ့ပြန်ရှင်း လင်းပြောဆို သွားခဲ့ပါတယ်။
MKF-001
Photo:Thai News Pix
#MekongNews
#ဝန်ကြီးချုပ်
#လွှတ်တော်
#Move-Forward-Party