အာစီယံဒေသတွင်း

စစ်တပ်ခန့်အမတ်တွေ ဒီမိုကရေစီ နှောင့်ယှက်သူ၊ သရဲဘောကြောင်သူတွေလို့ သမ်မာဆတ်တက္ကသိုလ် ကျောင်းသားအဖွဲ့အစည်း ၂၉ ခုရှုတ်ချ

မဲခေါင် 14 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၄ ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရပါတီ ခေါင်းဆောင် ဖိထာ ဝန်ကြီးချုပ် ဖြစ်ရေး ဇူလိုင် ၁၃ ရက်နေ့က မဲခွဲ ဆုံးဖြတ်မှုမှာ စစ်တပ်ခန့် အထက်လွှတ်တော် အမတ် အားလုံး နီးပါးက ကန့်ကွက်မဲ ပေးခဲ့ကြလို့ မဲမပြည့်ခဲ့မှု အပေါ် သမ်မာဆတ်တက္ကသိုလ် ကျောင်းသား အဖွဲ့အစည်းပေါင်း ၂၉ ခုက ပြင်းထန်စွာ ရှုတ်ချကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၄

ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရပါတီ ခေါင်းဆောင် ဖိထာ ဝန်ကြီးချုပ် ဖြစ်ရေး ဇူလိုင် ၁၃ ရက်နေ့က မဲခွဲ ဆုံးဖြတ်မှုမှာ စစ်တပ်ခန့် အထက်လွှတ်တော် အမတ် အားလုံး နီးပါးက ကန့်ကွက်မဲ ပေးခဲ့ကြလို့ မဲမပြည့်ခဲ့မှု အပေါ် သမ်မာဆတ်တက္ကသိုလ် ကျောင်းသား အဖွဲ့အစည်းပေါင်း ၂၉ ခုက ပြင်းထန်စွာ ရှုတ်ချကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

MFP ပါတီခေါင်းဆောင် ဖိထာ ဝန်ကြီးချုပ် ဖြစ်ရေးအတွက် ပါတီ ၈ ခု မဟာမိတ်ဖွဲ့ပြီး မဲပေးမှုဟာ ၃၁၂ မဲရှိ ထားပြီးသား ဖြစ်ပေမယ့် ၃၇၆ မဲရမှ အနိုင်ရမှာဖြစ်လို့ မဲပေးရာမှာ စစ်တပ်ခန့် အထက်လွှတ်တော် အမတ် ၂၅၀ ထဲက ဖိထာကို ထောက်ခံမဲပေးသူ ၁၃ မဲသာပေးပြီး ဝိုင်းကန့်ကွက်ခဲ့လို့ ၃၂၄ မဲသာရပြီး မအောင်မြင်ဘဲ နောက်ထပ် မဲပေးမှုတွေ ထပ်လုပ်ရတော့မှာ ဖြစ်ပါတယ်။

အာဏာသိမ်း ထိုင်းစစ်တပ်ရဲ့ လွှတ်တော် သက်တမ်း ၂၀၁၇ မှာ စစ်တပ်ခန့် လွှတ်တော်အမတ် ၂၅၀ ကို အထက် လွှတ်တော်မှာ အခန့်သားထားရှိပြီး ပြည်သူလူထု မဲအများဆုံးပေးတဲ့ ကိုယ်စားလှယ်ကို ဝန်ကြီးချုပ် မဖြစ်အောင် ဝိုင်းကန့်ကွက်ခဲ့ကြမှုနဲ့ ပတ်သက်လို့ သမ်မာဆတ်တက္ကသိုလ် ကျောင်းကောင်စီ၊ ကျောင်းသား သမဂ္ဂ၊ အင်စတီကျု၊ ဌာန၊ ကောလိပ်နဲ့ ပရိုဂရမ် အဖွဲ့အစည်းပေါင်း ၂၉ ဖွဲ့က ရှုတ်ချခဲ့တာပါ။

ပြည်သူ့ဆန္ဒကို လက်နဲ့ချေမွခြင်း၊ တိုင်းပြည်တိုးတက်ရေး အတွက် ဒီမိုကရေစီ ပြောင်းလဲမှုကို ဖျက်လိုဖျက်ဆီး လုပ်ခြင်း၊ ပညာမဲ့ပြီး သူရဲဘောကြောင်ခြင်း၊ တစ်ကိုယ်ရေ စိတ်ဆန္ဒကို ပြည်သူ တစ်ရပ်လုံးရဲ့ ဆန္ဒကို မျက်ကွယ်ပြုပြီး နှောင့်ယှက်ခြင်းသာ ဖြစ်တယ်လို့ ပြင်းထန်တဲ့ စကားလုံးတွေသုံးပြီး ရှုတ်ချစာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တိုင်းပြည် တိုးတက်ဖို့၊ ပြည်သူလူထု ဘ၀ တိုးတက်ဖို့ အရေး အားလုံးက သူတို့ကိုယ်ပိုင် အခွင့်အရေး မဟုတ်ပါ ဘူး။ ဒီမိုကရေစီ အသိပညာ ခေါင်းပါးပြီး အလုပ်မဖြစ်တဲ့ အုပ်ချုပ်ရေး ယန္တရားကို အလုံးစုံ သိပါလျှက် တိုင်းပြည် တိုးတက်ဖို့ အဟန့်အတားပြုကြသူ လွှတ်တော်အမတ်တွေ အတွက် စကားလုံး မရှိတော့ပါဘူး။ ငြိမ်းချမ်းစွာနဲ့ မဲရုံတွေမှာ ဆန္ဒမဲပေးပြီး တိုင်းပြည်တိုးတက်ပြောင်းလဲဖို့ လုံလောက်တဲ့ မဲပေးခဲ့သူတွေ၊ ပြည်သူတွေ အားလုံး ဆန္ဒကို ဆန့်ကျင်တဲ့ ဒီလူတွေကို ကျောင်းသားထု ကိုယ်စား၊ မဲပေးသူအားလုံး ကိုယ်စား၊ ထိုင်းပြည်သူ တစ်ရပ်လုံး ကိုယ်စား ရှုတ်ချကြောင်း ပူးတွဲစာ ထုတ်ပြန်လိုက်ပါတယ်။ နောက်ဆုံးမှာ ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ မဲပေးခြင်းနဲ့ တိုင်းပြည်ပြောင်းလဲ တိုးတက်မှုကို မလုပ်နိုင်ရင် စိတ်ရှည်မှုတွေဟာလည်း အားလုံး ကုန်ဆုံးသွားပါပြီ။ လူတွေရဲ့ မျှော်လင့်ချက်တွေတိုင်း ဖျက်ဆီးခံနေရလို့ နောက်ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျွနှ်ပ်တို့လည်း မသိနိုင်တော့ပြီ” လို့ ထုတ်ပြန်သွားခဲ့ပါတယ်။

MKF-001

#MekongNews

#ဝန်ကြီးချုပ်

#သမ်မာဆတ်တက္ကသိုလ်

#ဖိထာလင်ဂျာရိုအန်နက်

Ref: The Reporters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

တရားမဝင် ကျောင်းဖွင့်လို့ မြန်မာအမျိုးသမီးအပါ နိုင်ငံခြားသားတွေကို ထိုင်းရဲ ဖမ်းဆီး

ထိုင်းနိုင်ငံ ပြည်ပခရီးသွားတွေအလာများတဲ့ ကို့ဖန်ဂန်ဒေသမှာ တရားမဝင်နေ့ ကလေးထိန်းကျောင်း ဖွင့်လှစ်မှု၊ မော်တော်ဘုတ်နောက်က ရေလွှာလျှောစီး ဘုတ်စီးသင်တန်းဖွင့်မှုတွေ လုပ်နေတဲ့ နေရာကို ထိုင်းပြည်ပခရီးသွား
အာစီယံဒေသတွင်း

ထိုင်းမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု မြန်မာ ဒုတိယအများဆုံးဖြစ်လာ

ထိုင်းအစိုးရ အိမ်ရာဘဏ်စစ်ဆေးရေးမှူးချုပ် နဲ့ အိမ်ခြံမြေ သတင်းအချက်အလက်ဌာန (REIC) ညွှန်ကြားရေးမှူး ဝီချိုင်းက ၂၀၂၄ ခုနှစ် ပထမ ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

နှစ်ပတ်အတွင်း ထိုင်းမှာ စိတ်ကြွဆေး သန်း ၄၀ နီးပါးနဲ့ Ice တစ်တန်ကျော် ဖမ်းမိ

ထိုင်းနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးဌာနချုပ်မှာ မေ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ၂ ပတ်အတွင်း နိုင်ငံတစ်ဝန်း စိတ်ကြဆေး အလုံး သန်း ၄၀ နီးပါးနဲ့ Ice တစ်တန်ကျော် ဖမ်းဆီးရမိကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘန်တာလူဝမ် ထောင်တွင်းအစာငတ်ခံဆန္ဒပြရင်း သေဆုံး

ထိုင်းနိုင်ငံက နာမည်ကြီးနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘန်တာလူဝန် ခေါ် နက်တီပွန်ဆာနီဆန်ခွန်းဟာ ဇန်နဝါရီ ၂၇ ရက်နေ့ကတည်းက ထောင်ထဲမှာ အစာငတ်ခံဆန္ဒပြခဲ့ရာက ၂၀၂၄ မေ ၁၄ ရက်နေ့မနက်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အောက်တိုဘာကစပြီး အနည်းဆုံးတစ်နေ့လုပ်ခ ဘတ် ၄၀၀ ပေးဖို့ ထိုင်းအစိုးရ ထုတ်ပြန်

ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူက လာမယ့်အောက်တိုဘာလကစလို့ အလုပ်သမားတွေအတွက် တစ်နေ့ အနည်းဆုံးလုပ်ခ ဘတ် ၄၀၀ (၁၀ . ၈၄ ဒေါ်လာ) ပေးသွားမှာဖြစ်ကြောင်း မေ ၂ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မဏိပူရမှာ ၁၈ နှစ်အတွင်း မြန်မာပြည်ကလာတဲ့ ခိုလှုံသူတွေကြောင့် ရွာ ၉၀၀ ကျော်တိုးလာ

မြန်မာနိုင်ငံကလာတဲ့ တရားမဝင်ခိုလှုံသူတွေ များသထက် များလွန်းလာလို့ သူတို့ပြည်နယ်မှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ရွာသစ်ပေါင်း ၉၉၆ ရွာအထိ တိုးလာပြီး လူမျိုးရေး ပဋိပက္ခ၊ တောပြုန်းမှုနဲ့ ဘိန်းစိုက်ခင်းတွေ တိုးတက်လာမှုတွေကြောင့် ကိုင်တွယ်ဖြေရှင်းရခက်ကြောင်း X (အရင် တွစ်တာ)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းမှာ လက်နက်အများအပြားကို အာသံရိုင်ဖယ်တပ် ဖမ်းဆီး

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းအနီး မွန်စီရင်စုမှာ လက်နက်ခဲယမ်းအမြောက် အများသိုလှောင်ထားရှိမှုကို အာသံရိုင်ဖယ်တပ်က ဧပြီ ၂၉ ရက်မှာ သတင်းအရ ရှာဖွေဖော်ထုတ် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဒုဝန်ကြီးချုပ် နုတ်ထွက်မှု ထိုင်းဝန်ကြီးချုပ် တောင်းပန်စကားဆို

န်ကြီးနေရာ ၆ ခုကို ဖွေထိုင်းမဟာမိတ်အဖွဲ့က ၄ ယောက်၊ တော်ဝင်မျိုးရိုးထောက်ခံပါတီဝင် ၂ ယောက်ပဲရ ထိုင်းနိုင်ငံ အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းမှာ နာမည်ကောင်းရနေတဲ့ ပန်ပရီးကို ဒုဝန်ကြီးချုပ်ရာထူးက ဖယ်ရှားပြီးနောက် ပူးတွဲရယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကပါ နုတ်ထွက်စာတင် ထွက်ခွာသွားခြင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now