မြန်မာ့နွေဦး

မယ်စဲ့ဒေသကို လက်နက်နဲ့ ရိက္ခာလာပို့တဲ့ စစ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ရှေ့ဆက်မတိုးနိုင် ဖြစ်နေ

မဲခေါင် 23 Sep - 2023
ကရင်နီပြည်နယ်၊ မယ်စဲ့၊ ဘောလခဲ၊ ဖား‌ဆောင်းမြို့နယ်ဘက်က စစ်ကောင်စီတပ်တွေကို လက်နက်နဲ့ ရိက္ခာ လာပို့တဲ့ စစ်ယာဥ်တန်းဟာ ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဖရူဆိုမြို့နယ်ကို မကျော်နိုင်သေးဘူးလို့ ဒီးမော့ဆို PDF တွဲဖက်ပြန်ကြားရေး တာ၀န်ခံ ခွန်းဖရန့်စစ်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၂၃

ကရင်နီပြည်နယ်၊ မယ်စဲ့၊ ဘောလခဲ၊ ဖား‌ဆောင်းမြို့နယ်ဘက်က စစ်ကောင်စီတပ်တွေကို လက်နက်နဲ့ ရိက္ခာ လာပို့တဲ့ စစ်ယာဥ်တန်းဟာ ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဖရူဆိုမြို့နယ်ကို မကျော်နိုင်သေးဘူးလို့ ဒီးမော့ဆို PDF တွဲဖက်ပြန်ကြားရေး တာ၀န်ခံ ခွန်းဖရန့်စစ်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မယ်စဲ့၊ ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်တွေမှာ ကရင်နီ တော်လှန်ရေး အင်အားစုတွေ ၀ိုင်း၀န်း တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေ ပိတ်မိနေပြီး လက်နက်နဲ့ ရိက္ခာ ပြတ်တောက်နေလို့ အခုလို စစ်ယာဥ်တန်းနဲ့ ထောက်ပို့ဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။

အဲဒီလို ပိတ်မိနေတဲ့ စစ်ကောင်စီတပ်တွေ အတွက် စစ်လက်နက် ခဲယမ်းနဲ့ ရိက္ခာတွေ ပို့ဆောင်နိုင်ဖို့ ဖရူဆိုမြို့နယ်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတယ်လို့ ခွန်းဖရန့်စစ် ကပြောပါတယ်။

“ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့ ဘက်ထိ ရောက်ဖို့ အတွက် ဖရူဆိုမြို့နယ်တို့ ဘာတို့ ဖြတ်ဖို့ လိုတဲ့အတွက်ကြောင့် ထိတွေ့မှုတော့ မကြာခဏ ဖြစ်တယ်။ အခြေအနေကတော့ အသေးစိတ် မပြောပြတော့ဘူး။ ယာဥ်တန်းကတော့ ဖြတ်လို့မရသေးဘူး။ ဖရူဆို ဘက်မှာပဲ ရှိသေးတယ်” လို့ သူကရှင်းပြပါတယ်။

လက်ရှိမှာတော့ ကားအစီးရေ ၃၀ ထက် မနည်း ပါ၀င်တဲ့ စစ်ကောင်စီ ထောက်ပို့ ယာဥ်တန်းဟာ ဖရူဆို-ဘောလခဲကြား၊ မော်ခရော် ရှေ့နဲ့ ထားလဲ ဒေသမှာ ရောက်ရှိနေပြီး ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မယ်စဲ့၊ ဘောလခဲ၊ ဖားဆောင်းမြို့နယ်ဘက်တွေမှာ ပိတ်မိနေတဲ့ တပ်တွေကို အရင်က လေကြောင်းကနေ စစ်လက်နက် ရိက္ခာ ပို့ဆောင်ပေးခဲ့ပေမဲ့ လက်ရှိမှာတော့ ကားလမ်းကနေ စစ်ကားတွေနဲ့ ပို့ဆောင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒီလို ကုန်းကြောင်းက ပို့ဆောင်ရာမှာ အရေးပါတဲ့ လမ်းဖြစ်တဲ့ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စု လမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ကြိုးစားနေတာကြောင့် အဆိုပါ လမ်းမကြီး တစ်လျှောက် တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ ကရင်နီပြည်နယ် တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိနာကာ ပြည်နယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို တော်လှန်ရေး အင်အားစုတွေဘက်က ထိန်းချုပ်ထားပြီလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ-IEC ဒုဥက္ကဌ၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF ဥက္ကဌ ခွန်ဘီထူး က ပြောဆိုထားပါတယ်။

MK-007

#MeKongNews

#ဖရူဆိုမြို့နယ်

#KNDF

#IEC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now