နေ့စဥ်သတင်း

မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန် ရှမ်းတောင် အထူးတပ်ဖွဲ့ တောင်းဆို

မဲခေါင် 19 Jun - 2026
မဲခေါင်၊ ဇွန် ၁၉ ယနေ့တွင် အသက် ၈၁ နှစ် ပြည့်ပြီဖြစ်သည့် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသော လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန် ရှမ်းတောင် အထူးတပ်ဖွဲ့ P.9720 က ရုပ်သံလွှင့်၍ တောင်းဆိုလိုက်သည်။ ” ကျမတို့ အခု မတရားချုပ်နှောင်ခြင်း ခံထားရတဲ့ အမေစုဟာ ၈၁ နှစ် ရှိပါပြီ။ ကျမတို့ရဲ့ အမေစု ၈၁ နှစ် ရှိပြီ ဖြစ်တဲ့အတွက်ကြောင့်မို့ ထောင်နဲ့လည်း မထိုက်တန်တော့သလို၊ ထောင်မှာရှိလို့လည်း မသင့်တော် တော့ပါဘူး။ အဲဒါကြောင့် ကျမတို့ရဲ့ အမေစုကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုပါတယ် “ဟု P.9720

မဲခေါင်၊ ဇွန် ၁၉

ယနေ့တွင် အသက် ၈၁ နှစ် ပြည့်ပြီဖြစ်သည့် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသော လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန် ရှမ်းတောင် အထူးတပ်ဖွဲ့ P.9720 က ရုပ်သံလွှင့်၍ တောင်းဆိုလိုက်သည်။

” ကျမတို့ အခု မတရားချုပ်နှောင်ခြင်း ခံထားရတဲ့ အမေစုဟာ ၈၁ နှစ် ရှိပါပြီ။ ကျမတို့ရဲ့ အမေစု ၈၁ နှစ် ရှိပြီ ဖြစ်တဲ့အတွက်ကြောင့်မို့ ထောင်နဲ့လည်း မထိုက်တန်တော့သလို၊ ထောင်မှာရှိလို့လည်း မသင့်တော် တော့ပါဘူး။ အဲဒါကြောင့် ကျမတို့ရဲ့ အမေစုကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုပါတယ် “ဟု P.9720 တပ်ဖွဲ့ခေါင်းဆောင်မနီနီက ယင်းရုပ်သံတွင် တောင်းဆိုထားသည်။

အလားတူ ယင်းတပ်ဖွဲ့မှ ရဲဘော်မောင်မောင်ကလည်း “အမေစု ၈၁ နှစ်ပြည့် မွေးနေ့ကစပြီး အမေစု အသက်ထက်ဆုံး အသက်ရာကျော် နေရပါစေ။ စစ်အစိုးရရဲ့ ချုပ်နှောင်မှုအောက်ကနေ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ကျနော် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်”ဟု ပြောကြားခဲ့သည်။

မြန်မာ့နိုင်ငံရေးအကျဥ်းသားများအရေးဆောင်ရွက်နေသည့် Myanmar Prisons Witness (MPW) ကလည်း မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးအကျဉ်းသူများအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန် ယနေ့ တောင်းဆိုလိုက်သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး အမှုပေါင်းများစွာဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရဟတ်ယာဉ်ငှားရမ်းမှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲမသမာမှု၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ဆက်သွယ်ရေးဥပဒေနှင့် ဆူပူအောင်လှုံ့ဆော်မှု စသည့် စွပ်စွဲချက်အမျိုးမျိုးဖြင့် အမှုပေါင်း ၁၉ မှုဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရပြီး ထောင်ဒဏ် ၃၃ နှစ် အထိ ချမှတ်ခြင်း ခံခဲ့ရသည်။

ထိုထဲမှ လက်ကျန်ထောင်ဒဏ် ၂၇ နှစ်အနက် ပြီးခဲ့သည့် ဧပြီ ၃၀ ရက်တွင် ကျရောက်သော ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံ လွတ်ငြိမ်းသက်သာခွင့်ကြောင့် ထောင်ဒဏ် ၁၈ နှစ်နှင့် ၉ လ ကျခံနေရဆဲဖြစ်သည်။

ယင်းနေ့တွင်ပင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၏ “မိတ်ဆွေဟောင်း” တစ်ဦးဖြစ်ပြီး ၎င်း၏ အခြေအနေကို အမြဲမပြတ် အလေးထား စောင့်ကြည့်နေကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပြီးနောက် ထိုနေ့ညပိုင်းတွင်ပင် ၎င်းအား ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့် နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ကြောင်း စစ်ကောင်စီကကြေညာခဲ့သည်။

သို့ရာတွင် ၎င်းအား ထိန်းသ်မ်းထားသည့်နေရာနှင့် သက်ရှိထင်ရှား ရှိ၊ မရှိကို စစ်ကောင်စီက အများပြည်သူအား ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်း မရှိသေးသလို နိုင်ငံတကာသံတမန်များနှင့်လည်း တွေ့ဆုံခွင့် မပေးသေးပေ။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် သက်ရှိထင်ရှား ရှိ၊ မရှိကို သက်သေပြပေးရန် ၎င်း၏ သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်နှင့်အတူ ပြည်ပရောက် မြန်မာနိုင်ငံသားများက Proof of life အစီအစဉ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနေကြသလို နိုင်ငံတကာသံတမန် အသိုင်းအဝိုင်းကလည်း ပွင့်လင်းမြင်သာစွာ ချပြရန် တိုက်တွန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်များသည် နိုင်ငံရေးအရ လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂတို့က ရှုတ်ချထားပြီး ၎င်းအား ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် စဉ်ဆက်မပြတ် တောင်းဆိုနေကြဆဲ ဖြစ်သည်။

MPW ၏ စာရင်းကောက်ယူချက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၆ ခုနှစ်၊ မေ ၃၁ ရက်အထိ မြန်မာနိုင်ငံတဝန်းလုံးရှိ အကျဉ်းထောင်ပေါင်း ၃၅ ခုမှ နိုင်ငံရေးအကျဉ်းသား ၂၈၂ ဦး ကျဆုံးခဲ့ပြီဟု ဆိုသည်။

ယင်းတို့မှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ ကျဆုံးခဲ့ရသော နိုင်ငံရေး အကျဉ်း သားဦးရေမှာ ၁၄၈ ဦး၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရ၍ ကျဆုံးခဲ့ရသော နိုင်ငံရေးအကျဉ်းသားဦးရေမှာ ၇၁ ဦး၊ သဘာဝဘေးအန္တရာယ်ကြောင့် ကျဆုံးခဲ့ရသော နိုင်ငံရေးအကျဉ်းသားဦးရေမှာ ၅၉ ဦးနှင့် သေဒဏ်ကျခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားမှာ ၄ ဦးအထိ ရှိခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

#MeKongNews
#လူထုခေါင်းဆောင်
#ဒေါ်အောင်ဆန်းစုကြည်
#ရှမ်းတောင်
#အထူးတပ်ဖွဲ့
#တောင်းဆို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now