နေ့စဥ်သတင်း

မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း တော်လှန်ရေးရဲဘော် ရဲရင့်ထွန်းကွယ်လွန်

မဲခေါင် 11 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၁၁ ရတနာပုံအသင်းနှင့် ရှမ်းယူနိုက်တက်ကစားသမားဘဝမှ CDM ပြုလုပ်ကာ လက်နက်ကိုင်တော်လှန်ရေးအတွင်းပါဝင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ-၂၃ ကစားသမားဟောင်း ကိုရဲရင့်ထွန်း ဖေဖော်ဝါရီလ ၅ ရက်နေ့၌ ရွှေဘိုမြို့တနေရာတွင်ကွယ်လွန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ကိုရဲရင့်ထွန်းသည် ရွှေဘိုမြို့အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခု၌ တာဝန်ထမ်းဆောင်နေစဉ် ကျန်းမာရေးအခြေအနေကြောင့် အနားယူကာ ထောက်ပို့တာဝန်ထမ်း​ဆောင်နေစဉ် ကျန်းမာရေးဆိုးရွားလာပြီး ရွေဘိုမြို့တနေရာ၌ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။ ဘောလုံးသမားဘဝမှ CDM ပြုလုပ်ကာ တော်လှန်ရေးထဲသို့ဝင်ရောက်လာသည့် ဘောလုံးကစားသမားအရေအတွက် အနည်းငယ်သာ ရှိခဲ့ပြီး ကိုရဲရင့်ထွန်းတယောက်အပါအဝင်ဖြစ်သည်ဟု ရတနာပုံအသင်းကစားဖော်ဟောင်း CDM ပြုလုပ်ထားသူတစ်ဦးက ဆိုသည်။ “အနုပညာလောကတို့၊ အဆိုတော်လောကတို့ကဆို နည်းနည်းများသေးတယ်။ ကျနော်တို့ဘောလုံးသမားထဲကဆို လက်နှစ်ဖက်စာမပြည့်ဘူး။ အဲ့ထဲမှာသူက လက်နက်ကိုင်တယ်။ ကျန်းမာရေး မကောင်းလို့ ရွာကို

မဲခေါင်၊ ဖေဖော်ဝါရီ ၁၁

ရတနာပုံအသင်းနှင့် ရှမ်းယူနိုက်တက်ကစားသမားဘဝမှ CDM ပြုလုပ်ကာ လက်နက်ကိုင်တော်လှန်ရေးအတွင်းပါဝင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ-၂၃ ကစားသမားဟောင်း ကိုရဲရင့်ထွန်း ဖေဖော်ဝါရီလ ၅ ရက်နေ့၌ ရွှေဘိုမြို့တနေရာတွင်ကွယ်လွန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။

ကိုရဲရင့်ထွန်းသည် ရွှေဘိုမြို့အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခု၌ တာဝန်ထမ်းဆောင်နေစဉ် ကျန်းမာရေးအခြေအနေကြောင့် အနားယူကာ ထောက်ပို့တာဝန်ထမ်း​ဆောင်နေစဉ် ကျန်းမာရေးဆိုးရွားလာပြီး ရွေဘိုမြို့တနေရာ၌ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။

ဘောလုံးသမားဘဝမှ CDM ပြုလုပ်ကာ တော်လှန်ရေးထဲသို့ဝင်ရောက်လာသည့် ဘောလုံးကစားသမားအရေအတွက် အနည်းငယ်သာ ရှိခဲ့ပြီး ကိုရဲရင့်ထွန်းတယောက်အပါအဝင်ဖြစ်သည်ဟု ရတနာပုံအသင်းကစားဖော်ဟောင်း CDM ပြုလုပ်ထားသူတစ်ဦးက ဆိုသည်။

“အနုပညာလောကတို့၊ အဆိုတော်လောကတို့ကဆို နည်းနည်းများသေးတယ်။ ကျနော်တို့ဘောလုံးသမားထဲကဆို လက်နှစ်ဖက်စာမပြည့်ဘူး။ အဲ့ထဲမှာသူက လက်နက်ကိုင်တယ်။ ကျန်းမာရေး မကောင်းလို့ ရွာကို ဆေးလာကုနေတယ်လို့ဘဲသတင်းကြားတယ်။ ထောက်ပို့အနေနဲ့ တာဝန်ထမ်းဆောင်ရင်းဆုံးသွားတာ” ဟု ၎င်းကဆိုသည်။

စိတ်ရင်းစိတ်ထားကောင်းမွန်မှုနှင့် ပျော်ပျော်နေတတ်သူအဖြစ် အပေါင်းအသင်းများနှင့် ကစားဖော်များကြားတွင်ပြောစမှတ်တွင်ခဲ့သူ ကိုရဲရင့်ထွန်းကွယ်လွန်ချိန်၌ အသက် ၃၀ သာရှိသေးသည်။

“သူ အေးချမ်းစွားအနားယူပြီး ခေတ်စိုး စနစ်စိုးကြီးကနေ လွှတ်မြောက်သွားပြီလို့ဘဲတွေးမိတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ တလရမှာ ကျွန်တော်တို့တွေ မလုပ်နိုင်တဲ့အရာကို သူလုပ်ရင်း အခုလိုမျိုး ​လူ့ဘဝကြီးကနေ အစောကြီးထွက်ခွာသွားရလို့ ဝမ်းနည်းမိပါတယ်။ နောက်ပြီး သူလည်းလက်ရွေးစင် ဖြစ်ခဲ့ဘူးတဲ့သူတစ်ယောက်မို့ သူအတွက် ဝမ်းနည်းချင်းအထိမ်းအမှတ်/ဝမ်းနည်းကြောင်းစာလေးတောင်ထုတ်မပေးနိုင်တဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကိုတော့ လေးစားမိတယ်” ဟု ကိုရဲရင့်ထွန်း၏ ကစားဖော်မိတ်ဆွေတစ်ဦးက မဲခေါင်ကိုပြောသည်။

၂၀၁၄ ခုနှစ်တွင် ရတနာပုံ လူငယ်အသင်းသို့ရှေ့တန်းတိုက်စစ်မှူးနေရာမှတဆင့် ဘောလုံးလောကသို့စတင်ဝင်ရောက်လာခဲ့ပြီး မြင့်မားသည့်အရပ်အမောင်းနှင့် ခပ်တင်းတင်း ကစားဟန်များကြောင့် လူငယ်အသင်းများကြား နာမည်ကြီးခဲ့သူဟု ၎င်းနှင့် ရင်းနှီးသူများက ဆိုသည်။

၂၀၁၆ ခုနှစ်တွင် ရတနာပုံလူငယ်အသင်းမှတဆင့် ရတနာပုံ စီနီယာအသင်းသို့ ရောက်ရှိခဲ့ပြီး ဘောလုံး အထိန်းအသိမ်းကောင်းမွန်ကာ အားနှင့်မာန်ဖြင့် ကစားတတ်သူ ဖြစ်သောကြောင့် ကွင်းလယ်ကစားသမားနေရာတွင်နာမည်ကောင်းရခဲ့သည်။

၂၀၁၇ ခုနှစ်တွင် မလေးရှားတွင်ကျင်းပသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံလက်ရွေးစင်ကစားသမားအဖြစ်သွားရောက်ကစားခဲ့ရပြီး အရှေ့တောင်အာရှအတင့် စတုတ္ထရရှိခဲ့သည်။

“ဘာပဲဖြစ်ဖြစ် ဒီကာလမှာ ဘောလုံးအဖွဲ့ချုပ်က အခုချိန်မှာသူ့ကိုဘောလုံးသမားအဖြစ် အသိအမှတ်ပြုမှာမဟုတ်ဘူး။ ပုံမှန်ဆို ဒီလိုလက်ရွေးစင်တယောက်ကွယ်လွန်ရင် လက်ပတ်အနက်ကလေးပတ်ပြီး တမိနစ်ငြိမ်ဂုဏ်ပြုတာမျိုးပြုလုပ်လေ့ရှိတယ်။ အခုတော့အဲ့လိုမရှိဘူး” ဟုကိုရဲရင့်ထွန်း၏ မိတ်ဆွေက ဆိုသည်။

စစ်အာဏာသိမ်းမှုမတိုင်ခင် ၂၀၂၀ ခုနှစ်အထိ ရှမ်းယူနိုက်တက်တွင်ကစားခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ဘောလုံးသမားဘဝမှ CDM ပြုလုပ်လိုက်ခြင်းဖြစ်သည်။

ကွယ်လွန်ချိန်၌ မိခင်တဦးသာကျန်ခဲ့ပြီး မိခင်ဖြစ်သူမှာ စစ်ကောင်စီတပ်၏ ရွာမီးရှို့မှုကြောင့် စစ်ဘေးရှောင်နေရသူဖြစ်ကြောင်းသိရသည်။

ဂနိုက်
#MeKongNews
#တော်လှန်ရေးရဲဘော်
#ရဲရင့်ထွန်း
#မြန်မာ့လက်ရွေးစင်
#ဘောလုံးသမား
#ရတနာပုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now