မြန်မာ့နွေဦး

၃ လအတွင်း စစ်ကောင်စီတပ်သား ၂၈ ဦးသေဆုံးပြီး ၄၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်း ထုတ်ပြန်

မဲခေါင် 5 Oct - 2023
မွန်ပြည်နယ်၊ ရေးမြို့နယ် အတွင်း ဇူလိုင်လမှ စက်တင်ဘာလ အထိ ရက်ပေါင်း ၈၀ အတွင်း စစ်ကောင်စီတပ်သား ၂၈ ဦး သေဆုံးပြီး ၄၀ ဒဏ်ရာရရှိခဲ့တယ်လို့ ရေးမြို့နယ် အခြေစိုက် ဒေါနစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၅

မွန်ပြည်နယ်၊ ရေးမြို့နယ် အတွင်း ဇူလိုင်လမှ စက်တင်ဘာလ အထိ ရက်ပေါင်း ၈၀ အတွင်း စစ်ကောင်စီတပ်သား ၂၈ ဦး သေဆုံးပြီး ၄၀ ဒဏ်ရာရရှိခဲ့တယ်လို့ ရေးမြို့နယ် အခြေစိုက် ဒေါနစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ဒေါနစစ်ကြောင်းဟာ မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ YAF၊ ABSDF တပ်ရင်း(၁) တို့နဲ့ ရေးမြို့နယ် အခြေစိုက် စကခ (၁၉) ဌာနချုပ်၊ ခလရ (၆၁) နဲ့ အမြောက်တပ် အမတ (၃၁၆) တပ်ရင်းတွေကို ဇူလိုင် ၁၃ ရက်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး အများအပြား ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က တစ်ယောက်မှ ထိခိုက်ကျဆုံးခြင်း မရှိပါဘူး။ ဒရုန်း တစ်စီးပဲ ပျက်စီးခဲ့ပါတယ်” လို့ ဒေါနစစ်ကြောင်း တာဝန်ခံက ပြောပါတယ်။

ဇူလိုင် ၂၇ ရက်မှာ ဘုရားသုံးဆူဘက် စစ်ကောင်စီ အမြောက်တပ်(၂၈၃) မူဂျာထိပ် စခန်းကို MSRF၊ YAF ၊ T-5 ၊ KBPDF ၊ TPLF ၊ ABSDF တပ်ရင်း(၁) တို့နဲ့ ပူးပေါင်းကာ Drone နဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဒေါနစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဇူလိုင် ၂၈ ရက်နေ့မှာ ရေးမြို့ အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်နဲ့ ခလရ (၆၁) တို့ကို တိုက်ခိုက်ခဲ့ရာ SF-Z အမျိုးအစား ဒရုန်း တစ်စီး ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၉ ရက်နေ့မှာတော့ စစ်ကောင်စီ လက်ပါးစေ ပျူစောထီးခေါင်းဆောင် ရီဝေ အပါ ၄ ဦးကို ဒေါနစစ်ကြောင်း မြို့ပြပြောက်ကျားများက သုတ်သင်နိုင်ခဲ့သလို ၂ ဦးကို ဒဏ်ရာရရှိစေခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဩဂုတ် ၂၈ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ အစည်းအဝေးခန်းမမှာ စစ်ကောင်စီ ၆၀ ဦးခန့် အစည်းအဝေး ပြုလုပ်နေစဥ် ဒေါနစစ်ကြောင်းနဲ့ မဟာမိတ် ပူးပေါင်းတပ်များ လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၉ ရက်နေ့မှာ ရေးမြို့နယ် ခလရ (၆၁) တပ်ရင်းထဲ လက်နက်ကြီး 81 MM နဲ့ ပစ်ခတ်ရာ စစ်ကောင်စီ ဗိုလ်ကြီး အပါအ၀င် ၈ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို ၃၁ ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက် စက်တင်ဘာ ၁၂ ရက်မှာ ရေးမြို့နယ် ခမရ (၅၈၃) နဲ့ ခမရ (၅၉၁) တို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့လို့ ၃ လ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စုစုပေါင်း ၂၈ ဦးသေဆုံးပြီး ၄၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

CJ-005

#MekongNews

#ဒေါနစစ်ကြောင်း

#ဒေါနမမ

#Dawna_Column

#Dawna_Sniper

#Dawna_Medic

#ပူးပေါင်းစစ်ဆင်ရေး

#MSRF

#YGF

#YAF

#ABSDF-တပ်ရင်း-၁

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သရက်ကုန်းရွာ တိုက်ပွဲ စစ်ကောင်စီ ၅၉ ဦး သေပြီး ၄၀ ခန့် ဒဏ်ရာရ

မန္တလေး PDF (MDY-PDF) တို့က သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၉ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ဥရောပသမဂ္ဂက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်နှစ်ထပ်တိုး

ဥရောပသမဂ္ဂ (EU) ဟာ ဧပြီ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ပတ်သက်လို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုတွေ ကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း အတည်ပြုကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် ပြည်သူတွေ စိုးရိမ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သာလေးကျေးရွာမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် စစ်မှုထမ်း အကြုံးဝင်သူတွေရဲ့ မိသားစုဝင်တွေဟာ စိုးရိမ်ပူပန်နေရတယ်လို့ စုံစမ်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KA အပတ်စဥ် (၇၅) စစ်သင်တန်းဆင်း

ကရင်နီတပ်မတော် (KA) ရဲ့ အပတ်စဥ် (၇၅) စစ်သင်တန်းဆင်းပွဲကို ကရင်နီပြည်တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ KnIC က ဒီနေ့ ဧပြီ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ ပြီးနောက် ဖြိုဖျက်လိုက်ပြီး အသစ်ပြန်လည် ပြုလုပ်ပြီးစီးထားပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now