ဒေသတွင်းသတင်း

အင်းလေးဒေသမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပြန်လည်အခြေချနေပြီး စစ်ကောင်စီရွေးကောက်ပွဲ ကူညီသူတွေကို အရေးယူမယ်လို့ သတိပေး

မဲခေါင် 24 Jan - 2024
အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အင်းလေးဒေသကိုစတင်အခြေချနေပြီဖြစ်ပြီး အတုအယောင်ရွေးကောက်ပွဲကို ပါဝင်ကူညီအားဖြည့်နေသူတွေကို ထိရောက်စွာအရေးယူမယ်လို့ ဒီနေ့မှာ အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့တွေက ဒီနေ့ ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်တယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၄

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အင်းလေးဒေသကိုစတင်အခြေချနေပြီဖြစ်ပြီး အတုအယောင်ရွေးကောက်ပွဲကို ပါဝင်ကူညီအားဖြည့်နေသူတွေကို ထိရောက်စွာအရေးယူမယ်လို့ ဒီနေ့မှာ အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့တွေက ဒီနေ့ ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်တယ်။

၁၁.၁၁ စစ်ဆင်ရေးနဲ့အတူ လွိုင်ကော်မြို့ နေရာအများအပြားကို တော်လှန်ရေးတပ်ပေါင်းစုတွေ က ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်များဟာ စစ်စခန်းကြီးတွေကလွဲလို့ မည်သည့်နေရာမျှမနေရဲတော့ပဲ နေ့စဉ်လက်နက်တဖွဲဖွဲချနေပြီး စိတ်ဓတ်တွေလည်းအောက်ဆုံးကိုရောက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မိုးဗြဲမြို့၊ ဆောင်ကမ်းလမ်းခွဲနဲ့ စက်တော်နေရာတွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး ဖယ်ခုံမြို့ကိုလည်း ဝန်းရံပိတ်ဆို့ထားကြောင်း၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်က ဖယ်ခုံအင်းအရှေ့ခြမ်း၊ ဆောင်နန်းခဲစခန်းကို သိမ်းယူလိုက်ပြီဖြစ်လို့ ညောင်ရွှေမြို့နယ်၊ တောင်ဘို့ကွဲ၊ ဟိုပန်နဲ့ ညောင်လေးပင်ရွာတွေ၊ ပင်လောင်းမြို့နယ် နမ့်တုတ်၊ ကုန်းသာနဲ့အိမ်မူရွာကို တော်လှန်ရေးတပ်တွေ ရောက်နေပြီဖြစ်လို့ အင်းလေးကာကွယ်ရေးပြည်သူ့တပ်ဖွဲ့တွေဟာ အင်းလေးဒေသကိုစတင် အခြေချနေပြီလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်ကစပြီး အင်းလေးတိုက်ခိုက်ရေးအထူးတပ်(ဓါးမကူး)တပ်တွေဟာ စစ်ကောင်စီရဲ့ အရေးပါတဲ့ အင်းပျူ ခေါင်းဆောင်နဲ့နောက်လိုက်တစ်ဦးကို ပျူအားကောင်းတဲ့ မင်းချောင်းရွာအနီးမှာ ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့တာဖြစ်လို့ တော်လှန်ရေးဟာ အင်းမြောက်ခြမ်းနဲ့ ညောင်ရွှေမြို့ကိုလည်း လက်လမ်းမီတယ်ဆိုတာ ပြနေတယ်လို့ ဖော်ပြထားပါတယ်။

စစ်ရှုံးနေတဲ့ စစ်တပ်ဟာ လူမျိုးရေးပဋိပက္ခ ဖန်တီးဖို့ တော်လှန်ရေးတပ်တွေ ထီရီးစခန်းကိုတိုက်ရင် ရွာကိုမီးရှို့ရမယ်လို့သူ့တပ်တွေကို ညွန်ကြားထားပြီး PDF တွေက မီးရှိုှုတယ်လို့ ဝါဒဖြန့်ချိရေးလို့ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။

ပအိုဝ်းလူမျိုးတွေရဲ့ အဆင့်အတန်း၊ ရပိုင်ခွင့်၊ အချုပ်အချာကို အစဉ်လေးစားလျက်ရှိပြီး ဖောက်ပြန်တဲ့ PNO အဖွဲ့အစည်းနဲ့ခွဲခြားရှုုမြင်သလို ရန်သူကောင်စီနဲ့ပူးပေါင်းပြီး လူထုအခက်အခဲဖြစ်အောင်စာရေရိက္ခာနဲ့ စက်သုံးဆီ ပိတ်ဆို့နေတာကိုလည်းပြင်းထန်စွာ ဆန့်ကျင်တယ်လို့ ပါရှိပါတယ်။

စစ်ကောင်စီရဲ့ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြင်းထန်စွာဆန့်ကျင်ပြီး ယင်းကို ပါဝင်ကူညီအားဖြည့်နေသူတွေကိုလည်း ထိရောက်စွာ အရေးယူမယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်၊ ဆယ်အိမ်မှူးတွေ စစ်လက်အောက်ခံဝန်ထမ်းတွေ အမြန်ဆုံးအသိတရားရရန်နဲ့ ဆက်လက်လုပ်ဆောင်နေပါက ကိုယ့်လုပ်ရပ် ကိုယ်တာဝန်ခံကြရမယ်လို့လည်း သတိပေးထားပါတယ်။

ယင်းစာကို အင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ အင်းလေးဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု((IFDM)၊ အင်းလေးအမျိုးသမီးသမဂ္ဂ((IWU)၊ မြို့နယ်ရပ်မိရပ်ဖ ကိုယ်စားလှယ်တွေက လက်မှတ်ထိုးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

MK – 012
#MeKongNews

#အင်းလေး

#စစ်ကောင်စီ

#သတိပေး

#အုပ်ချုပ်ရေးမှူး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သရက်ကုန်းရွာ တိုက်ပွဲ စစ်ကောင်စီ ၅၉ ဦး သေပြီး ၄၀ ခန့် ဒဏ်ရာရ

မန္တလေး PDF (MDY-PDF) တို့က သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၉ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ဥရောပသမဂ္ဂက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်နှစ်ထပ်တိုး

ဥရောပသမဂ္ဂ (EU) ဟာ ဧပြီ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ပတ်သက်လို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုတွေ ကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း အတည်ပြုကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် ပြည်သူတွေ စိုးရိမ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သာလေးကျေးရွာမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် စစ်မှုထမ်း အကြုံးဝင်သူတွေရဲ့ မိသားစုဝင်တွေဟာ စိုးရိမ်ပူပန်နေရတယ်လို့ စုံစမ်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KA အပတ်စဥ် (၇၅) စစ်သင်တန်းဆင်း

ကရင်နီတပ်မတော် (KA) ရဲ့ အပတ်စဥ် (၇၅) စစ်သင်တန်းဆင်းပွဲကို ကရင်နီပြည်တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ KnIC က ဒီနေ့ ဧပြီ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ ပြီးနောက် ဖြိုဖျက်လိုက်ပြီး အသစ်ပြန်လည် ပြုလုပ်ပြီးစီးထားပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now