မဲခေါင်၊ ဇန်နဝါရီ ၂၀
မြောင်မြို့နယ်မှာ ဒေသခံ ပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ် ဒီကနေ့ ပြုလုပ်ခဲ့ကြတယ်လို့ Youths for Community- Myaung မှ သိရပါတယ်။
“ ကျေးရွာတွေက စပြီး မြို့နယ် လမ်းမကြီးပေါ်က တစ်ဆင့် မြို့နယ်ချင်းဆက် လမ်းမကြီးပေါ်အထိ ပြည်သူတွေရဲ့ အသံဟာ တဖြည်းဖြည်း ပိုမိုကျယ်လောင်လာခဲ့ပါပြီ။ ပြည်သူတွေရဲ့ တိမ်မြုပ် ပျောက်ကွယ်နေတဲ့ ရင်းတွင်း အသံများ တစတစ ထွက်ပေါ်လာခဲ့ပါပြီ” လို့ Youths for Community- Myaung က ဆိုပါတယ်။
“မင်းတို့ ကာကွယ်ပေးနေတာ ရာဇဝတ်ကောင်တွေ၊ သေနတ်ပြောင်းတွေ ဘက်ပြောင်းကြ” ဆိုတဲ့ စာသားနဲ့ အတူ မြောင်လူငယ်ကွန်ရက်-YfC မှ ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ မြောင်မြို့နယ်က လမ်းမကြီးထက်မှာ စစ်ကောင်စီနဲ့ အာဏာရှင်စနစ်ကို လက်မခံဘူးလို့ လူထုအင်အားနဲ့ သက်သေပြခဲ့ကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- Youths for Community- Myaung။
MK-003