မြန်မာ့နွေဦး

မူးယစ်မှု၊ လက်နက်မှုတွေနဲ့ ထောင် ၁၁ နှစ်ချခံထားရတဲ့ ဗိုလ်လုံမြင့်ထွေး ပြန်လည်လွတ်မြောက်လာ

မဲခေါင် 3 Sep - 2023
တာချီလိတ်မြို့မှာ မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီး ထောင်ချခံရတဲ့ ရဲတပ်ဖွဲ့ဝင် ဗိုလ်လုံမြင့်ထွေးဟာ ဩဂုတ်လ ၂၉ ရက်က ပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းရင်းမြစ်တွေထံကနေ စုံစမ်းသိရပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၃

တာချီလိတ်မြို့မှာ မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီး ထောင်ချခံရတဲ့ ရဲတပ်ဖွဲ့ဝင် ဗိုလ်လုံမြင့်ထွေးဟာ ဩဂုတ်လ ၂၉ ရက်က ပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းရင်းမြစ်တွေထံကနေ စုံစမ်းသိရပါတယ်။

ဗိုလ်လုံမြင့်ထွေးဟာ ဩဂုတ်လ ၂၉ ရက်က ပြန်လည်လွတ်မြောက်လာပြီး ၃၀ ရက်နေ့မှာ အမှတ် ၁ တံတားကနေတဆင့် ချင်းရိုင်ကို သွားရောက်လည်ပတ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“ချင်းရိုင်ကို ဘာသွားလုပ်တာလဲတော့ မသိဘူး။ ဆေးသွားစစ်တာ ဖြစ်နိုင်တယ်လို့တော့ ပြောကြတယ်” သူက ပြောပါတယ်။

ထောင်ဒဏ်နှစ်ရှည်ချခံထားရတဲ့ ဗိုလ်လုံမြင့်ထွေးဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတာမျိုးမဟုတ်ဘဲ အယူခံဝင်ပြီး အယူခံအောင်လို့ ပြန်လွတ်လာတာမျိုးဖြစ်မယ်လို့ တရားရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက သုံးသပ်ပါတယ်။

ဒီအရင်ကလည်း တာချီလိတ်မြို့မှာ လူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဇွဲသာယာကမ်းခြေပိုင်ရှင် ဦးဇွဲလည်း ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

လူကုန်တားရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဗိုလ်လုံမြင့်ထွေးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက် ညပိုင်းက တာချီလိတ်မြို့က ကေတီဗီတစ်ခုမှာ ဖမ်းဆီးခံရတာဖြစ်ပြီး သူဖွင့်ထားတဲ့ Music Zone KTV ကိုလည်း စစ်တပ်က ဝင်ရောက်စီးနင်းရှာဖွေခဲ့တာ ဖြစ်ပါတယ်။ အဲဒီကေတီဗီမှာ ဝန်ထမ်းတစ်ချို့လည်း ဖမ်းဆီးခံရပြီး ဒေသအခေါ် ‘ခေး’လို့ ခေါ်တဲ့ မူးယစ်ဆေးတွေလည်း ဖမ်းဆီးရမိခဲ့ပါတယ်။

ဗိုလ်လုံမြင့်ထွေးဟာ တာချီလိတ်မြို့လောင်းကစားရုံဖွင့်လှစ်တာ၊ မူးယစ်ဆေးဝါးဖြန့်ဖြူးတာတွေနဲ့ ပတ်သက်ပြီး နာမည်ဆိုးထွက်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

MK – 004

#MeKongNews

#တာချီလိတ်

#ဗိုလ်လုံမြင့်ထွေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သရက်ကုန်းရွာ တိုက်ပွဲ စစ်ကောင်စီ ၅၉ ဦး သေပြီး ၄၀ ခန့် ဒဏ်ရာရ

မန္တလေး PDF (MDY-PDF) တို့က သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၉ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ဥရောပသမဂ္ဂက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်နှစ်ထပ်တိုး

ဥရောပသမဂ္ဂ (EU) ဟာ ဧပြီ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ပတ်သက်လို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုတွေ ကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း အတည်ပြုကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် ပြည်သူတွေ စိုးရိမ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သာလေးကျေးရွာမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် စစ်မှုထမ်း အကြုံးဝင်သူတွေရဲ့ မိသားစုဝင်တွေဟာ စိုးရိမ်ပူပန်နေရတယ်လို့ စုံစမ်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KA အပတ်စဥ် (၇၅) စစ်သင်တန်းဆင်း

ကရင်နီတပ်မတော် (KA) ရဲ့ အပတ်စဥ် (၇၅) စစ်သင်တန်းဆင်းပွဲကို ကရင်နီပြည်တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ KnIC က ဒီနေ့ ဧပြီ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ ပြီးနောက် ဖြိုဖျက်လိုက်ပြီး အသစ်ပြန်လည် ပြုလုပ်ပြီးစီးထားပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now