မြန်မာ့နွေဦး

မိုးဗြဲမှာ နေအိမ်ခြံဝန်းအတွင်း မိုင်းနင်းမိလို့ အသက် ၁၇ နှစ်အရွယ် မိန်းကလေး ဒဏ်ရာပြင်းထန်

မဲခေါင် 7 Jul - 2023
မဲခေါင်၊ ဇူလိုင် ၇ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ ဈေးကုန်းရပ်ကွက်မှာ အသက် ၁၇ နှစ်အရွယ် မိန်းကလေး တစ်ဦး ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့၊ မနက်ပိုင်းက နေအိမ်ခြံဝန်းအတွင်း သွားလာစဉ် မိုင်းနင်းမိလို့ ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၇

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ ဈေးကုန်းရပ်ကွက်မှာ အသက် ၁၇ နှစ်အရွယ် မိန်းကလေး တစ်ဦး ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့၊ မနက်ပိုင်းက နေအိမ်ခြံဝန်းအတွင်း သွားလာစဉ် မိုင်းနင်းမိလို့ ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီတပ်က တစ်အိမ်တက်ဆင်း စစ်ကြောင်းထိုးရှင်းလင်း စခန်းချစဉ် မိုင်းထောင်ထားခဲ့တာဖြစ်ပြီး စစ်ကောင်စီ အထိုင်ချရာ လူနေအိမ်တွေရဲ့ အနီးတဝိုက်မှာ မိုင်းတွေ အများကြီး ထောင်ထားခဲ့တယ်လို့ ဆိုပါတယ်။

“ မနက် ၈ နာရီခွဲ လောက်မှာ ဖြစ်တာ။ ဖြစ်ပြီးတော့ ချက်ချင်းသွေးတွေနဲ့ လဲသွားတာ။ ဘယ်ကိုထိလည်းတော့ ကောင်းကောင်းမသိဘူး။ မိုင်းဆိုတော့ အနီးသွားမကြည့်ရဲကြဘူးလေ။ ထပ်ရှိနိုင်တယ်ဆိုပြီး အဝေးကပဲ ကြည့်နေကြတယ်။ လုံခြုံရေး ယူထားတဲ့ စကစတွေ ချက်ချင်း ရောက်လာတယ်။ သွားမကြည့်ကြတာ ကောင်းတယ်၊ မဟုတ်ရင် သံသယနဲ့ ခေါ်သွားကြမှာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မိုင်းနင်းမိတဲ့ မိန်းကလေးကို လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်ထားပြီး ထိခိုက်မှုနဲ့ ဖြစ်စဉ် အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

လူဦးရေ ၂ သောင်းဝန်းကျင် နေထိုင်တဲ့ မိုးဗြဲမြို့က ဒေသခံ အများစု မြို့ကို စွန့်ခွာသွားပေမယ့် မြို့ခံတစ်ချို့ နေထိုင်နေဆဲ ဖြစ်ပြီး တိုက်ပွဲငြိမ်သက်ချိန် ရိက္ခာ ပြန်ယူသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ မိုးဗြဲမြို့ခံတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေရဲ့ နေထိုင်သွားလာမှုကို စစ်ကောင်စီတပ်က စောင့်ကြည့်နေပြီး ရပ်ကွက်အတွင်း ဝင်ထွက်သွားလာခွင့် ပိတ်ပင်တားမြစ်တာတွေ ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်မရဘဲ အပြင်ထွက်လို့ ပစ်သတ်ခံရသူတွေ ရှိခဲ့ပေမယ့် အလောင်းကို ချက်ချင်း မြေမြှုပ်လိုက်တဲ့ အတွက် သေဆုံးသူ ဘယ်သူဆိုတာ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

CJ-004

#MekongNews

#မိုးဗြဲမြို့

#မိုင်းနင်းမိ

#လွိုင်ကော်ဆေးရုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ ညောင်ကုန်းရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီဒရုန်း ဗုံးကြဲ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း ၄ ရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီက ဧပြီ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ဗုံးချခဲ့လို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထားဝယ်မှာ တိုက်ပွဲပြင်းထန်နေလို့ နိုင်ငံသားတွေကို ကယ်တင်ရေး ထိုင်းစစ်သင်္ဘော ၄ စီး အသင့်ပြင်ထား

တနင်္သာရီတိုင်း ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေလို့ ပိုဆိုး ဝါးလာရင် စစ်ဇုန်ထဲရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်တင်ဖို့ ထိုင်းလေတပ်က စစ်သင်္ဘော ၄ စီးကို အန်ဒမန်ပင်လယ်ကမ်းရိုးတန်းမှာ အသင့် ချထားပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now