မဲခေါင်၊ မတ် ၅
နက်မောက်မြို့နယ်၊မြို့မရပ်ကွက် မှာ မြို့နယ်ပညာရေးမှူးကို သေနတ်သမား ၂ ဦးက မနေ့က မွန်းလွဲပိုင်းမှာ ပစ်သတ်သွားခဲ့တယ်လို့သိရပါတယ်။
နတ်မောက်မြိုနယ် ပညာရေးမှုး သန်းထိုက်ဟာ မြို့မရပ်ကွက် အောင်ဟိဏ်းစားသောက်ဆိုင်မှာ မနေ့က နေ့လည်စာစား ဆိုင်ကယ်စီးပြီးအပြန် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းနားမှာ သေနတ်နဲ့ ပစ်သတ်သွားတာလို့ စုံစမ်းသိရပါတယ်။
ပစ်ခတ်ခံရတဲ့ မြို့နယ်ပညာရေးမှုး သန်းထိုက်ဟာ နေရာမှာပဲ သေနတ်ဒဏ်ရာ ၅ ချက်ကြောင့် သေသွားတယ်လို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို ဘယ်အဖွဲ့လုပ်သွားတယ်ဆိုတာတော့ မသိရသေးပါဘူး။
MK-007