မြန်မာ့နွေဦး

ဒေါပုံမှာ အမျိုးသမီး ၃၇ ဦးကို စစ်တပ်က ဖမ်းဆီးသွား

မဲခေါင် 25 Aug - 2023
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်၊ မင်းနန္ဒာလမ်း၊ (၁) စျေးကွေ့ရှိ ဂျပန် သင်တန်းကျောင်းက အမျိုးသမီး ၃၇ ဦးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၂၅

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်၊ မင်းနန္ဒာလမ်း၊ (၁) စျေးကွေ့ရှိ ဂျပန် သင်တန်းကျောင်းက အမျိုးသမီး ၃၇ ဦးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မနေ့ ဩဂုတ်လ ၂၄ ရက်၊ ည ၁၁ နာရီခွဲကျော်မှာ စစ်ကောင်စီတပ်က ဂျပန်သင်တန်းကျောင်းကို ဧည့်စာရင်း ၀င်စစ်ပြီးနောက် သင်တန်းတက်နေတဲ့ အမျိုးသမီးတွေကို ဖမ်းဆီးသွားတာလို့ သူကပြောပါတယ်။

“ လူက အရမ်းများတော့ သူတို့ ကားတွေနဲ့တောင် မဆန့်ဘူး။ လမ်းမှာ မောင်းနေတဲ့ ကားတွေ တားပြီး ကလေးမလေးတွေကို ဖမ်းပြီး တင်နေကြတာ။ ဖမ်းခံရတာတော့ သင်တန်း လာတက်နေတဲ့ ကလေးတွေ ဖမ်းခံရတာလို့ ကြားတယ်။ ဒီမနက် ရဲစခန်းကိုတော့ သွားပြီး ညှိနေတာတွေရှိတယ်” လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။

ရန်ကုန်မှာ စစ်တပ်က ရပ်ကွက်တွေ အတွင်း ဧည့်စာရင်းစစ် ဖမ်းဆီးငွေညှစ်တာ၊ အရက်သောက်နေတဲ့ လူငယ်တွေကို ဖမ်းဆီးတာ၊ ဖုန်းတွေစစ်ဆေး ဖမ်းဆီးတာတွေ အရင်ကထက် ပိုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ ခုပုံစံ အရင်ကထက် ပိုဆိုးတယ်။ ဖမ်းတာတော့ မဟုတ်ဘူး၊ ရဲစခန်းမှာ တစ်ညအိပ်ခိုင်းပြီး ငွေညှစ်တာ။ အမှု တစ်ခုကို အနည်းဆုံး တစ်သိန်း တောင်းတယ်။ မနက်ကျရင် သူတို့က သက်ဆိုင်တဲ့ မြို့နယ် တရားရုံးကို ပို့လိုက်တယ်။ အဲ့တရားရုံးမှာလည်း တစ်သိန်းလောက် ကုန်တယ်။ ပြီးတော့မှ လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးတာမျိုးတွေ လုပ်နေတာ” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက‌ ပြောပါတယ်။

လက်ရှိ ရန်ကုန်မှာ စစ်ကောင်စီက လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီး ငွေညှစ်နေလို့ မိဘတွေ အနေနဲ့ နေစဥ် စိုးရိမ်သောက ရောက်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

MK-005

#MeKongNews

#ဒေါပုံမြို့နယ်

#သင်တန်း

#ဧည့်စာရင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သရက်ကုန်းရွာ တိုက်ပွဲ စစ်ကောင်စီ ၅၉ ဦး သေပြီး ၄၀ ခန့် ဒဏ်ရာရ

မန္တလေး PDF (MDY-PDF) တို့က သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၉ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ဥရောပသမဂ္ဂက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်နှစ်ထပ်တိုး

ဥရောပသမဂ္ဂ (EU) ဟာ ဧပြီ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ပတ်သက်လို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုတွေ ကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း အတည်ပြုကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် ပြည်သူတွေ စိုးရိမ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သာလေးကျေးရွာမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် စစ်မှုထမ်း အကြုံးဝင်သူတွေရဲ့ မိသားစုဝင်တွေဟာ စိုးရိမ်ပူပန်နေရတယ်လို့ စုံစမ်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KA အပတ်စဥ် (၇၅) စစ်သင်တန်းဆင်း

ကရင်နီတပ်မတော် (KA) ရဲ့ အပတ်စဥ် (၇၅) စစ်သင်တန်းဆင်းပွဲကို ကရင်နီပြည်တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ KnIC က ဒီနေ့ ဧပြီ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ ပြီးနောက် ဖြိုဖျက်လိုက်ပြီး အသစ်ပြန်လည် ပြုလုပ်ပြီးစီးထားပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now