မြန်မာ့နွေဦး

တာလေတံတားကနေ အိမ်စီးကားနဲ့ ၂၃တန်အောက်ယာဉ်တွေ ပြန်လည်ဖြတ်သန်းခွင့်ပြု

မဲခေါင် 20 Jan - 2024
တံတားနံရံ အက်ကွဲတာကြောင့် ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ တာလေတံတားပေါ်ကနေ အိမ်စီးကားနဲ့ ၂၃ တန်အောက်ယာဉ်တွေကို ဒီနေ့ ဇန်နဝါရီလ ၂၀ ရက်က စပြီး ပြန်လည်ဖြတ်သန်းခွင့်ပြုနေပြီလို့ ဒေသခံတွေထံကနေ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၀

တံတားနံရံ အက်ကွဲတာကြောင့် ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ တာလေတံတားပေါ်ကနေ အိမ်စီးကားနဲ့ ၂၃တန်အောက်ယာဉ်တွေကို ဒီနေ့ ဇန်နဝါရီလ ၂၀ရက်က စပြီး ပြန်လည်ဖြတ်သန်းခွင့်ပြုနေပြီလို့ ဒေသခံတွေထံကနေ သိရပါတယ်။

နံရံအက်ကွဲနေတဲ့ တာလေတံတားပေါ်မှာ သစ်သားဘေလီတံတားတံစင်း ယာယီထိုးပြီး အဲဒီအပေါ်ကနေ ဖြတ်သန်းသွားလာခွင့် ပြုတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“နံရံအက်နေတဲ့ တံတားကိုတော့ ကျောက်တွေဖြည့်နေတယ်။ ဘေလီတံတားကိုတော့ ကောင်းတဲ့ဘက်မှာ ပိုးထားတယ်။ အက်ကြောင်းထတဲ့ဘက်မှာ မထားဘူး” လို့ သူက ပြောပါတယ်။

မူလတံတားကို ပြုပြင်ပြီး ၂၃တန်အထက် ကုန်တင်ယာဉ်တွေပြန်လည်သွားလာနိုင်မယ့်ရက်ကိုတော့ အတိအကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တာချီလိတ်ဒေသခံတွေအနေနဲ့ တာလေတံတား ပြုပြင်နေစဉ်အတွင်း မိုင်းဖြတ်မြို့နဲ့ ကျိုင်းတုံမြို့တွေကို သွားလာဖို့အတွက် တာချီလိတ်မြို့ ပုံလို့ဘက်ကနေ မိုင်းဖြတ်မြို့ကို ပေါက်တဲ့ ဘူရှီးလမ်းကို အသုံးပြုကြတယ်လို့ တာချီလိတ်မ်ြို့ခံတွေက ပြောပါတယ်။

တာချီလိတ်မြို့နယ်နဲ့ မိုင်းဖြတ်၊ ကျိုင်းတုံ မြို့နယ်တွေကို သွားလာကုန်သွယ်ရာမှာ အဓိကအသုံးပြုရတဲ့ တာလေတံတားဇန်နဝါရီ ၁၈ရက် နေ့လည်ပိုင်းမှာ နံရံတွေအက်ကွဲတာကြောင့် ကုန်တင်ယာဉ်သွားလာမှုတွေ ယာယီပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

MK – 004

#MeKongNews

#တာလေတံတား

#တာချီလိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သရက်ကုန်းရွာ တိုက်ပွဲ စစ်ကောင်စီ ၅၉ ဦး သေပြီး ၄၀ ခန့် ဒဏ်ရာရ

မန္တလေး PDF (MDY-PDF) တို့က သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၉ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ဥရောပသမဂ္ဂက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်နှစ်ထပ်တိုး

ဥရောပသမဂ္ဂ (EU) ဟာ ဧပြီ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ပတ်သက်လို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုတွေ ကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း အတည်ပြုကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် ပြည်သူတွေ စိုးရိမ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သာလေးကျေးရွာမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် စစ်မှုထမ်း အကြုံးဝင်သူတွေရဲ့ မိသားစုဝင်တွေဟာ စိုးရိမ်ပူပန်နေရတယ်လို့ စုံစမ်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KA အပတ်စဥ် (၇၅) စစ်သင်တန်းဆင်း

ကရင်နီတပ်မတော် (KA) ရဲ့ အပတ်စဥ် (၇၅) စစ်သင်တန်းဆင်းပွဲကို ကရင်နီပြည်တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ KnIC က ဒီနေ့ ဧပြီ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ ပြီးနောက် ဖြိုဖျက်လိုက်ပြီး အသစ်ပြန်လည် ပြုလုပ်ပြီးစီးထားပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now