မြန်မာ့နွေဦး

တာချီလိတ်မှာ အပျော်ရိုက်တဲ့ဖဲဝိုင်းကို စခန်းမှူးကိုယ်တိုင် အရပ်ဝတ်နဲ့ ဝင်ဖမ်း

မဲခေါင် 3 Sep - 2023
တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ထဲက နေအိမ်တစ်အိမ်မှာ အပျော်တမ်းကစားနေတဲ့ ဖဲဝိုင်းကို တာချီလိတ်မြို့မစခန်းမှူးကိုယ်တိုင် အရပ်ဝတ်နဲ့ ဝင်ဖမ်းတာကြောင့် ဖဲကစားနေသူ အမျိုးသား ၄ ဦး ဖမ်းဆီးခံရတယ်လို့ ရပ်ကွက်နေပြည်သူတွေထံကနေ သိရပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၃

တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ထဲက နေအိမ်တစ်အိမ်မှာ အပျော်တမ်းကစားနေတဲ့ ဖဲဝိုင်းကို တာချီလိတ်မြို့မစခန်းမှူးကိုယ်တိုင် အရပ်ဝတ်နဲ့ ဝင်ဖမ်းတာကြောင့် ဖဲကစားနေသူ အမျိုးသား ၄ ဦး ဖမ်းဆီးခံရတယ်လို့ ရပ်ကွက်နေပြည်သူတွေထံကနေ သိရပါတယ်။

ဩဂုတ်လ ၃၁ရက် ညနေ ၃နာရီလောက်က ဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီး ဖမ်းဆီးရာမှာ ရပ်ကွက်တာဝန်ရှိသူတွေလည်း မပါဘူးလို့ ဒေသခံတစ်ဦးပြောပါတယ်။

“ဖမ်းတာက သာမာန်တင်ဖမ်းတာနဲ့တူဘူး။ ဝင်စီးသလိုမျိုးပဲ။ ပတ်ဝန်းကျင်ကလူတွေတောင် လန့်ကုန်ကြတယ်။ တကယ်တော့ အဲဒီဖဲဝိုင်းက ၁၀ဘတ်၊ ဘတ် ၂၀ ရိုက်ကြတာပါ” လို့ သူက ပြောပါတယ်။

တာချီလိတ်မြို့မှာ လောင်းကစားဝိုင်းတွေ၊ လောင်းကစားရုံငယ်၊ ရုံကြီးကနေ ကာစီနိုရုံတွေအထိ လက်ညိုးထိုးမလွဲ ရှိနေချိန်မှာ ဒီလို အပျော်တမ်းဖဲဝိုင်းကို ဝင်ဖမ်းတာဟာ ရယ်စရာဖြစ်နေတယ်လို့ တာချီလိတ်မြို့ခံတစ်ဦးက မှတ်ချက်ပြုပါတယ်။

“ရဲတပ်ဖွဲ့ကြီးရဲ့ ရွပ်ရွပ်ချွံချွံ လမ်းဘေးအပျော်တမ်းဖဲဝိုင်း ဖမ်းဆီးမှုကြီးကို လေးစားပါတယ်ဗျာဆိုပြီး ပြောရမလိုဖြစ်နေတယ်။ အဲဒီလိုအပျော်တမ်းဖဲဝိုင်းတွေက တာချီလိတ်မှာ လမ်းတိုင်းနီးပါးရှိတယ်။ ခရိုင်ရဲရုံးဘေးမှာတင် ရှိတယ်ဗျာ။ ရဲတွေတောင်သွားသွားရိုက်သေးတယ်။ တကယ့်ဟာသပဲ” လို့ သူက ပြောပါတယ်။

တာချီလိတ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်ကယ်အပါအဝင် ပစ္စည်းခိုးခံရတာတွေ နေ့စဉ်လို ဖြစ်နေပြီး ပြန်ပေးဆွဲမှု၊ လုယက်မှုတွေလည်း ပေါ်ပေါ်တင်တင်ကို ဆက်တိုက်ဖြစ်ပွားနေပါတယ်။

ဒီလိုမှုခင်းတွေကို တာချီလိတ်အာဏာပိုင်တွေအနေနဲ့ တစ်မှုမျှ မကိုင်တွယ်နိုင်ဘဲ နိုင်ငံရေးမှုတွေနဲ့ မယောင်ရာဆီလူးတဲ့အမှုတွေကိုပဲ ဖမ်းဆီးနေတာတွေ့ရတယ်လို့ ဒေသခံတွေက ဝေဖန်နေပါတယ်။

MK – 004

#MeKongNews

#တာချီလိတ်

#ဖဲဝိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သရက်ကုန်းရွာ တိုက်ပွဲ စစ်ကောင်စီ ၅၉ ဦး သေပြီး ၄၀ ခန့် ဒဏ်ရာရ

မန္တလေး PDF (MDY-PDF) တို့က သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၉ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ဥရောပသမဂ္ဂက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်နှစ်ထပ်တိုး

ဥရောပသမဂ္ဂ (EU) ဟာ ဧပြီ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ပတ်သက်လို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုတွေ ကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း အတည်ပြုကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် ပြည်သူတွေ စိုးရိမ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သာလေးကျေးရွာမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် စစ်မှုထမ်း အကြုံးဝင်သူတွေရဲ့ မိသားစုဝင်တွေဟာ စိုးရိမ်ပူပန်နေရတယ်လို့ စုံစမ်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KA အပတ်စဥ် (၇၅) စစ်သင်တန်းဆင်း

ကရင်နီတပ်မတော် (KA) ရဲ့ အပတ်စဥ် (၇၅) စစ်သင်တန်းဆင်းပွဲကို ကရင်နီပြည်တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ KnIC က ဒီနေ့ ဧပြီ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ ပြီးနောက် ဖြိုဖျက်လိုက်ပြီး အသစ်ပြန်လည် ပြုလုပ်ပြီးစီးထားပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now