မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီလက်နက်ကြီး ပစ်

မဲခေါင် 5 Mar - 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ ၊ ဆီဆိုင်မြို့ကို မနေ့ မတ် ၄ ရက်က လက်နက်ကြီး ကြိမ်ရေ ၄၀ ကျော်ပစ်ခတ်တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တယ် လို့ ဒီနေ့ မတ်လ ၅ ရက်မှာ PNLA က သတင်းထုတ်ပြန်ပါတယ်။

မဲခေါင်၊ မတ် ၅

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ ၊ ဆီဆိုင်မြို့ကို မနေ့ မတ် ၄ ရက်က လက်နက်ကြီး ကြိမ်ရေ ၄၀ ကျော်ပစ်ခတ်တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တယ် လို့ ဒီနေ့ မတ်လ ၅ ရက်မှာ PNLA က သတင်းထုတ်ပြန်ပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့အပေါင်းပါတွေကို မနေ မတ်လ ၄ ရက် မနက် ၆ နာရီက ညနေ ၅ နာရီထိ ဆီဆိုင်မြို့ရဲ့မြောက်ဘက်မှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်တွေ အထိအခိုက်များစွာနဲ့ ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီဟာ လက်နက်ကြီးနဲ့ ကြိမ်ရေ ၄၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ယမန်နေ့မှာပဲ မဲနယ်တောင်ဒေသကို ဟိုပုံးမြို့ဘက်ကနေ လက်နက်ကြီးနဲ့ ကြိမ်ရေ ၂၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ပြောပါတယ်။

မြေပြင်သတင်းအရလည်း ဆီဆိုင်မြို့အနောက်ဘက် မဲဟဲရွာဘက်မှာ တိုက်ပွဲတွေ ဒီနေ့မှာ ပြင်းထန်နေဆဲလို့ သိရပါတယ်။

ဆီဆိုင်မြို့ဟာ လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းဗုံးတွေကြောင့် ၈၀ ရာခိုင်နှုန်း ပျက်စီးနေခဲ့ပြီးဖြစ်တာကို ထပ်မံပစ်ခတ်တဲ့ လက်နက်ကြီးဒဏ်တွေကို ပျက်စီးမှု ရာခိုင်နှုန်း ပိုမိုများပြားလာနေတာဟာ ပြန်လည်ထူထောင်ရေးလုပ်နိုင်စွမ်းတောင် မရှိနိုင်လောက်အောင် ဖြစ်နေပြီလို့ ဆီဆိုင်စစ်ဘေးရှောင်တွေက ပြောဆိုနေကြတယ်လို့ သိရပါတယ်။

ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ မတ်လ ၂ ရက်အထိ ဆီဆိုင်၊ လွိုင်လင်၊ ဟိုပုံး ၃ မြို့နယ်ရဲ့ စစ်ရေးမှတ်တမ်းမှာ လက်နက်ကြီး ကြိမ်ရေ ၁၁၃၅ ကြိမ်ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သရက်ကုန်းရွာ တိုက်ပွဲ စစ်ကောင်စီ ၅၉ ဦး သေပြီး ၄၀ ခန့် ဒဏ်ရာရ

မန္တလေး PDF (MDY-PDF) တို့က သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၉ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ဥရောပသမဂ္ဂက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်နှစ်ထပ်တိုး

ဥရောပသမဂ္ဂ (EU) ဟာ ဧပြီ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ပတ်သက်လို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုတွေ ကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း အတည်ပြုကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် ပြည်သူတွေ စိုးရိမ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သာလေးကျေးရွာမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် စစ်မှုထမ်း အကြုံးဝင်သူတွေရဲ့ မိသားစုဝင်တွေဟာ စိုးရိမ်ပူပန်နေရတယ်လို့ စုံစမ်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KA အပတ်စဥ် (၇၅) စစ်သင်တန်းဆင်း

ကရင်နီတပ်မတော် (KA) ရဲ့ အပတ်စဥ် (၇၅) စစ်သင်တန်းဆင်းပွဲကို ကရင်နီပြည်တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ KnIC က ဒီနေ့ ဧပြီ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ ပြီးနောက် ဖြိုဖျက်လိုက်ပြီး အသစ်ပြန်လည် ပြုလုပ်ပြီးစီးထားပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now