နိုင်ငံတကာသတင်း

မြန်မာဒုက္ခသည်များအား ထိုင်းက အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းမှာ အာရှနိုင်ငံများအတွက် စံပြ ဖြစ်လာနိုင်ကြောင်း ကုလဆို

မဲခေါင် 9 Jun - 2026
မဲခေါင်၊ ဇွန် ၉ ထိုင်းအစိုးရက ပြီးခဲ့သည့်နှစ်တွင် အလုပ်အကိုင် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်တောက်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသည့် မြန်မာဒုက္ခသည်ပေါင်း ၅,၅၀၀ ကျော်မှာ အလုပ်အကိုင်များ ရရှိခဲ့ကြကြောင်း၊ ထိုချဉ်းကပ်ဆောင်ရွက်မှုသည် ဒေသတွင်းနိုင်ငံများအတွက် နမူနာကောင်းတစ်ခု ဖြစ်လာစေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားအကူအညီများကို ဖြတ်တောက်ခဲ့ခြင်း အပါအဝင် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေများ သိသိသာသာ လျော့နည်းလာခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံအတွင်း လုပ်သားရှားပါးမှုပြဿနာ ပိုမိုဆိုးရွားလာခြင်းတို့ကြောင့် ထိုင်းအစိုးရက ယခုကဲ့သို့ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ မူဝါဒအပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံအနေဖြင့်

မဲခေါင်၊ ဇွန် ၉

ထိုင်းအစိုးရက ပြီးခဲ့သည့်နှစ်တွင် အလုပ်အကိုင် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်တောက်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသည့် မြန်မာဒုက္ခသည်ပေါင်း ၅,၅၀၀ ကျော်မှာ အလုပ်အကိုင်များ ရရှိခဲ့ကြကြောင်း၊ ထိုချဉ်းကပ်ဆောင်ရွက်မှုသည် ဒေသတွင်းနိုင်ငံများအတွက် နမူနာကောင်းတစ်ခု ဖြစ်လာစေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားအကူအညီများကို ဖြတ်တောက်ခဲ့ခြင်း အပါအဝင် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေများ သိသိသာသာ လျော့နည်းလာခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံအတွင်း လုပ်သားရှားပါးမှုပြဿနာ ပိုမိုဆိုးရွားလာခြင်းတို့ကြောင့် ထိုင်းအစိုးရက ယခုကဲ့သို့ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မူဝါဒအပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ဒုက္ခသည်ဦးရေ ၈ သောင်း ခန့်ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပြုထားခြင်းဖြစ်ပြီး၊ ယခုလုပ်ဆောင်ချက်သည် နယ်စပ်တစ်လျှောက်ရှိ ခိုလှုံရာစခန်း ကိုးခုတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကိုသာ ဆယ်စုနှစ်များစွာ မှီခိုအားထားခဲ့ရသည့် ဒုက္ခသည်ပြည်သူများအတွက် ထူးခြားထင်ရှားသော ပြောင်းလဲမှုတစ်ခု ဖြစ်လာခဲ့သည်။

ထိုင်းနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများသည် ကာလရှည်ကြာ ရွှေ့ပြောင်းအခြေချရသည့် ပြဿနာနှင့် ရင်ဆိုင်နေရသော အရှေ့တောင်အာရှရှိ အခြားနိုင်ငံများအတွက် စံပြမော်ဒယ်တစ်ခု ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီး ရာအူးဖ် မာဇူးက ပြောကြားခဲ့သည်။

ယခုချဉ်းကပ်ဆောင်ရွက်မှုသည် ဒုက္ခသည်ဦးရေ အမြောက်အမြားကို လက်ခံထားရသည့် ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားကဲ့သို့သော နိုင်ငံများအတွက် သင်ခန်းစာကောင်းများ ရရှိစေနိုင်ပြီး၊ ဒုက္ခသည်များအနေဖြင့် ဥပဒေကြောင်းအရ အကာအကွယ်ရယူကာ အစိုးရ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် တည်ရှိနေရင်း တဖက်ကလည်း စီးပွားရေးကဏ္ဍတွင် မည်သို့မည်ပုံ ပါဝင်မြှင့်တင်ပေးနိုင်သည်ကို ပြသရာရောက်ကြောင်း သိရသည်။

“ဒီလုပ်ဆောင်ချက်က ဒီမှာသာ အောင်မြင်မယ်ဆိုရင် ဒေသတွင်းနိုင်ငံတွေအပေါ်မှာလည်း သက်ရောက်မှုရှိလာမှာ ဖြစ်ပါတယ်” ဟု မစ္စတာမာဇူးက သတင်းအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ယင်းအစီအစဉ်ကို ပြီးခဲ့သည့် အောက်တိုဘာလတွင် စတင်ခဲ့ပြီးနောက်ပိုင်း ဒုက္ခသည် အလုပ်သမားများအနေဖြင့် ဥပဒေကြောင်းအရ အကာအကွယ်ရရှိစေရန်၊ ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်ရှိစေရန်နှင့် အနည်းဆုံး လုပ်ခလစာ ရရှိစေရန်အတွက် ထိုင်းအာဏာပိုင်များက အလုပ်ရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း မစ္စတာမာဇူးက ပြောကြားခဲ့သည်။

ယခုလုပ်ဆောင်ချက်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ဒုက္ခသည်များမှာ ဘဏ်အကောင့်ဖွင့်လှစ်နိုင်ရန်၊ မိုဘိုင်းလ်ဆင်းမ်ကတ်များ ဝယ်ယူနိုင်ရန်နှင့် ၎င်းတို့၏ တရားဝင်တည်ရှိမှုကို အတည်ပြုနိုင်ရန်အတွက် အထူးမှတ်ပုံတင်ကတ်ပြားများကို ရရှိထားကြကြောင်း၊ ထိုအဆင့်များသည် ၎င်းတို့အား ထိုင်းနိုင်ငံ၏ တရားဝင်စီးပွားရေးကဏ္ဍအတွင်းသို့ ပေါင်းစည်း ထည့်သွင်းပေးနိုင်ရန် အရေးပါသော ခြေလှမ်းများဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

လုပ်ငန်းတိုးချဲ့မှုအရှိန်မှာ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့် လက်တွေ့အလုပ်အကိုင် ရရှိနိုင်မှုအပေါ်တွင် မူတည်နေသော်လည်း၊ လက်ရှိ အလားအလာများအရ လာမည့်နှစ်အတွင်း ဒုက္ခသည်ဦးရေ ၁၀၀၀၀မှ ၂၀၀၀၀ ကြား အလုပ်အကိုင်များ ရရှိလာနိုင်ဖွယ် ရှိကြောင်း ကုလသမဂ္ဂအရာရှိများက ခန့်မှန်းထားကြသည်။

သို့ရာတွင် ဒုက္ခသည်များအနေဖြင့် လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ချက်များအပြင်၊ စခန်းများအတွင်း လူသားချင်းစာနာမှု အကူအညီများကိုသာ ဆယ်စုနှစ်များစွာ မှီခိုအားထားခဲ့ရသည့် ဘဝမှ အရွေ့တစ်ခုတွင် ရှင်သန်နေထိုင်ရေးအတွက် လိုက်လျောညီထွေဖြစ်အောင် မည်သို့မည်ပုံ ပြင်ဆင်ရမည် စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း မာဇူးက ပြောကြားခဲ့သည်။

“မိမိကိုယ်ကိုယ် အားကိုးရပ်တည်နိုင်ခြင်းဟာ ဒုက္ခသည်တွေကို မိမိတို့ရဲ့ မူလမိခင်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပြန်လည် ပါဝင်နိုင်အောင် ပြင်ဆင်ပေးရာရောက်သလို၊ တခြားတတိယနိုင်ငံတစ်ခုခုမှာ ပြန်လည်အခြေချခွင့် ရရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လက်ရှိရောက်ရှိနေတဲ့ နေရာမှာပဲ ဒေသခံတွေနဲ့ တစ်သား တည်းဖြစ်အောင် ပေါင်းစည်း နေထိုင်သွားရင်ပဲဖြစ်ဖြစ် ၎င်းတို့အတွက် များစွာအထောက်အကူ ဖြစ်စေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

Ref:Bangkok Post
#MeKongNews
#မြန်မာဒုက္ခသည်
#ထိုင်း
#အလုပ်အကိုင်အခွင့်အလမ်း
#အာရှနိုင်ငံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now