နေ့စဥ်သတင်း

တရားမဝင် တရုတ် ၂၉ ဦး နယ်စပ်ဂိတ်မှတဆင့် “ဝ” ပြန်ပို့

မဲခေါင် 1 Jun - 2026
မဲခေါင်၊ ဇွန် ၁ “ဝ”ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၂၉ ဦးကို နယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ ပြန်လည်လွဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့- UWSA က ယနေ့ ဇွန် ၁ ရက်တွင် သတင်းထုတ်ပြန်သည်။ ယခု လွဲပြောင်းပေးလိုက်သည့် တရားမဝင် တရုတ်နိုင်ငံသားများသည် မိမိသဘောဖြင့် သတ်မှတ်နေရာသို့ စာရင်းလာပေးသဖြင့် “ဝ”တပ်ဖွဲ့က တရုတ်ဘက်သို့ တရားဝင် ပြန်လည်လွှဲပြောင်းပေး သူများဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် မေ ၂၅ ရက်တွင်လည်း “ဝ”တပ်ဖွဲ့သည် တရားမဝင် တရုတ် ၆၂ ဦးကို နယ်စပ်ဂိတ်မှ တဆင့် တရုတ်ရဲလက်ထဲသို့ ပြန်လည်လွှဲ ပြောင်းပေးခဲ့သေးသည်။ “ဝ”တပ်ဖွဲ့အနေဖြင့် “ဝ”ဒေသသို့

မဲခေါင်၊ ဇွန် ၁

“ဝ”ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၂၉ ဦးကို နယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ ပြန်လည်လွဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့- UWSA က ယနေ့ ဇွန် ၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ယခု လွဲပြောင်းပေးလိုက်သည့် တရားမဝင် တရုတ်နိုင်ငံသားများသည် မိမိသဘောဖြင့် သတ်မှတ်နေရာသို့ စာရင်းလာပေးသဖြင့် “ဝ”တပ်ဖွဲ့က တရုတ်ဘက်သို့ တရားဝင် ပြန်လည်လွှဲပြောင်းပေး သူများဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် မေ ၂၅ ရက်တွင်လည်း “ဝ”တပ်ဖွဲ့သည် တရားမဝင် တရုတ် ၆၂ ဦးကို နယ်စပ်ဂိတ်မှ တဆင့် တရုတ်ရဲလက်ထဲသို့ ပြန်လည်လွှဲ ပြောင်းပေးခဲ့သေးသည်။

“ဝ”တပ်ဖွဲ့အနေဖြင့် “ဝ”ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများကို တရုတ်ဘက်သို့ ပြန်လည်ပို့ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်အတွင်း တရားမဝင် တရုတ် ၇၆၆ ဦးကို ပြန်လည်ပို့ဆောင်ပြီးဖြစ်သည်။

၂၀၂၀ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်ကျော်အတွင်းတွင်မူ တရားဝင်အထောက်အထားမရှိဘဲ “ဝ”ဒေသတွင် နေထိုင်နေသော တရုတ်နိုင်ငံသား ၈၈,၂၂၁ ဦးအား တရုတ်ဘက်သို့ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်ဟု “ဝ”တပ်ဖွဲ့က ဆိုသည်။
“ဝ”တပ်ဖွဲ့အနေဖြင့် တရားဝင်စာရွက်စာတမ်း မရှိသော တရုတ်နိုင်ငံသားများအတွက် နေရပ်ပြန်ရေး စာရင်းပေးသွင်းနိုင်သည့် လမ်းကြောင်းကို ဆက်လက် ဖွင့်လှစ်ထားပေးလျက်ရှိပြီး တရားမဝင် တရုတ်များ နေရပ်ပြန်ရေး လှုံ့ဆော်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်နေသည်ဟု ဆိုသည်။

နေရပ်ပြန်လိုသည့် တရားမဝင် တရုတ်များအနေဖြင့် သတ်မှတ်ထားသော နေရာသို့ စာရင်းပေးသွင်းပြီးနောက် နောက်တစ်နေ့တွင် “ဝ”တပ်ဖွဲ့ ဝန်ထမ်းများက တရုတ် – မြန်မာ နယ်စပ်ဂိတ်အထိ လုံခြုံစွာ ပို့ဆောင်ပေးကာ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဝ”ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်များအနေဖြင့် နေရပ်ပြန်ရောက်ပြီးနောက် “ဝ”ဒေသသို့ ပြန်လည် ဝင်ရောက်လိုပါက တရားဝင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကာ ပြန်လည် ဝင်ရောက်ကြရန်လည်း “ဝ”တပ်က တိုက်တွန်းထားသည်။

#MeKongNews
#တရားမဝင်
#တရုတ်
#နယ်စပ်ဂိတ်
#ပြန်ပို့
ဓာတ်ပုံ – ပုံဟောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now