ကမ္ဘာ့သတင်း

စားနပ်ရိက္ခာနှင့် ဓာတ်မြေဩဇာများ လှောင်ထားခြင်းကို တရုတ် ရပ်တန့်သင့်ကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဌဟောင်းပြော

မဲခေါင် 12 May - 2026
မဲခေါင်၊ မေ ၁၂ အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် အကျပ်အတည်း လျော့ပါးစေရန် တရုတ်အနေဖြင့် စားနပ်ရိက္ခာနှင့် ဓာတ်မြေဩဇာများ လှောင်ထားခြင်းကို ရပ်တန့်သင့်သည်ဟု ကမ္ဘာ့ဘဏ်ဥက္ကဌဟောင်း ဒေးဗစ်မယ်ပက်စ်က ဘီဘီစီသတင်းဌာနကို ပြောကြားသည်။ ပေကျင်းမြို့တွင် ကျင်းပမည့် ထရမ့် – ရှီ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဘီဘီစီ၏ World Business Report အစီအစဉ်တွင် ကမ္ဘာ့ဘဏ်ဥက္ကဌဟောင်း က ထိုသို့ပြောကြားခြင်းဖြစ်သည်။ “သူတို့မှာ ကမ္ဘာ့အကြီးဆုံး စားနပ်ရိက္ခာနဲ့ ဓာတ်မြေဩဇာ သိုလှောင်မှုရှိပါတယ်။ အဲဒီသိုလှောင်မှုတွေ ဆက်လုပ်နေတာကို သူတို့ ရပ်တန့်သင့်ပါတယ်” ဟု မယ်လ်ပက်စ်က ပြောသည်။ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ထားမှုကြောင့် ဓာတ်မြေဩဇာ တင်ပို့မှုများ ထိခိုက်နေချိန် ဓာတ်မြေဩဇာများ

မဲခေါင်၊ မေ ၁၂

အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် အကျပ်အတည်း လျော့ပါးစေရန် တရုတ်အနေဖြင့် စားနပ်ရိက္ခာနှင့် ဓာတ်မြေဩဇာများ လှောင်ထားခြင်းကို ရပ်တန့်သင့်သည်ဟု ကမ္ဘာ့ဘဏ်ဥက္ကဌဟောင်း ဒေးဗစ်မယ်ပက်စ်က ဘီဘီစီသတင်းဌာနကို ပြောကြားသည်။

ပေကျင်းမြို့တွင် ကျင်းပမည့် ထရမ့် – ရှီ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဘီဘီစီ၏ World Business Report အစီအစဉ်တွင် ကမ္ဘာ့ဘဏ်ဥက္ကဌဟောင်း က ထိုသို့ပြောကြားခြင်းဖြစ်သည်။

“သူတို့မှာ ကမ္ဘာ့အကြီးဆုံး စားနပ်ရိက္ခာနဲ့ ဓာတ်မြေဩဇာ သိုလှောင်မှုရှိပါတယ်။ အဲဒီသိုလှောင်မှုတွေ ဆက်လုပ်နေတာကို သူတို့ ရပ်တန့်သင့်ပါတယ်” ဟု မယ်လ်ပက်စ်က ပြောသည်။

ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ထားမှုကြောင့် ဓာတ်မြေဩဇာ တင်ပို့မှုများ ထိခိုက်နေချိန် ဓာတ်မြေဩဇာများ ရရှိရန် ကမ္ဘာတစ်ဝန်းမှ နိုင်ငံများက အလုအယက် ကြိုးစားနေကြစဉ် မယ်လ်ပက်စ်၏ မှတ်ချက်များ ထွက်လာခဲ့သည်။

ပြည်တွင်းထောက်ပံ့မှုကို ကာကွယ်ရန်ဟုဆိုကာ မတ်လမှစ၍ ဓာတ်မြေဩဇာ အမျိုးအစားများစွာ ပြည်ပတင်ပို့မှုကို တရုတ်က ရပ်တန့်ထားခဲ့သည်။

ယင်းမတိုင်မီကလည်း ၂၀၂၁ ခုနှစ်မှစ၍ ဓာတ်မြေဩဇာ တင်ပို့မှုများကို တရုတ်က တဖြည်းဖြည်း ကန့်သတ်လာခဲ့ကြောင်း ဘီဘီစီသတင်းအရ သိရသည်။

ပြီးခဲ့သည့်နှစ်တွင် တရုတ်သည် ကမ္ဘာ့ဓာတ်မြေဩဇာ ထုတ်လုပ်မှု ၂၅ ရာခိုင်နှုန်းအထိ ထုတ်လုပ်ခဲ့ပြီး ပြည်ပသို့ ဒေါ်လာ ၁၃ ဘီလီယံဖိုးအထိ ရောင်းချခဲ့ကြောင်း သိရသည်။

ဖွံ့ဖြိုးဆဲနိုင်ငံဟု တရုတ်က ပြောဆိုနေခြင်းမှာလည်း မဖြစ်သင့်တော့ကြောင်း ၂၀၁၉ မှ ၂၀၂၃ ခုနှစ် အထိ ကမ္ဘာ့ဘဏ်အကြီးအကဲ တာဝန်ထမ်းခဲ့သည့် မစ္စတာမယ်လ်ပက်စ်က ဆက်ပြောသည်။

ကမ္ဘာတွင် ဒုတိယအကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်ထားပြီး ချမ်းသာကြွယ်ဝသော်လည်း တရုတ်နိုင်ငံက ၎င်းတို့ကိုယ်၎င်းတို့ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ် ပြောဆိုနေပြီး ထိုသို့ပြောဆိုမှုကို ဆိုင်းငံ့သင့်ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ ဖြစ်ပေါ်နေသော ကမ္ဘာ့စားနပ်ရိက္ခာနှင့် ဓာတ်မြေဩဇာ ထောက်ပံ့မှု ပြတ်တောက်ခြင်းများ နောက်ကွယ်က အကြောင်းရင်းများမှာ အလွန်ရှင်းလင်း ထင်ရှားနေပြီး တရုတ်ကို အပြစ်မတင်နိုင်ကြောင်း ဝါရှင်တန်မြို့ရှိ တရုတ်သံရုံး ပြောခွင့်ရသူ လျူပန်ယုက ဘီဘီစီထံသို့ အီးမေးလ်ဖြင့် ပြန်ကြားခဲ့သည်။

အချက်အလက် အ‌ထောက်အထားများအရ တရုတ်သည် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည်ဆိုခြင်းကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားသည်ဟုလည်း တရုတ်သံရုံး ပြောခွင့်ရသူက ဆက်ပြောသည်။

အေးကျော်
Ref:BBC
#MeKongNews
#စားနပ်ရိက္ခာ
#ဓာတ်မြေဩဇာ
#တရုတ်
#ကမ္ဘာ့ဘဏ်ဥက္ကဌ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now