ကမ္ဘာ့သတင်း

ပင်လယ်ကွေ့အား ထိန်းချုပ်ရန် ကြိုးစားရင်း အမေရိကန်နှင့် အီရန် တိုက်ခိုက်မှု ပြန်စ

မဲခေါင် 5 May - 2026
မဲခေါင်၊ မေ ၅ ရေကြောင်းပိတ်ဆို့မှုများ အပြိုင်လုပ်ဆောင်ထားကြသည့် ဟောမုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်ရေး ကြိုးစားနေကြစဉ် အမေရိကန်နှင့် အီရန်က ပင်လယ်ကွေ့တွင် တိုက်ခိုက်မှုအသစ်များ လုပ်ဆောင်ခဲ့ကြပြီး မခိုင်မာသော အပစ်အခတ်ရပ်စဲမှုလည်း လှုပ်ခတ်လာခဲ့သည်။ သောင်တင်နေသော ရေနံတင် သင်္ဘောများနှင့် အခြားရေယာဉ်များ ရေလက်ကြားကို ဖြတ်သန်းနိုင်ရန် အစီအစဉ်တစ်ရပ်ကို ဒေါ်နယ်ထရမ့်က စတင်ခဲ့ပြီးနောက် တိုက်ခိုက်မှုများ ထပ်မံဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဒေါ်နယ်ထရမ့်နှင့် အမေရိကန်စစ်ဘက်က ကြေညာခဲ့သော “လွတ်လပ်မှုပရောဂျက်”စတင်သော ပထမဆုံး‌နေ့ဖြစ်သည့် တနင်္လာနေ့ မကုန်ဆုံးမီမှာပင် မီးလောင်မှုများနှင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပင်လယ် ကွေ့ရှိ ကုန်သင်္ဘောအများအပြားက သတင်းပို့ခဲ့ကြသည်။ အီရန်စစ်တပ်၏ ရေယာဥ်ငယ် ၆ စီးကို ဖျက်ဆီးပစ်လိုက်ကြောင်း အမေရိကန်စစ်ဘက်က ပြောကြားချိန်မှာပင် ကြီးမားသော

မဲခေါင်၊ မေ ၅

ရေကြောင်းပိတ်ဆို့မှုများ အပြိုင်လုပ်ဆောင်ထားကြသည့် ဟောမုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်ရေး ကြိုးစားနေကြစဉ် အမေရိကန်နှင့် အီရန်က ပင်လယ်ကွေ့တွင် တိုက်ခိုက်မှုအသစ်များ လုပ်ဆောင်ခဲ့ကြပြီး မခိုင်မာသော အပစ်အခတ်ရပ်စဲမှုလည်း လှုပ်ခတ်လာခဲ့သည်။

သောင်တင်နေသော ရေနံတင် သင်္ဘောများနှင့် အခြားရေယာဉ်များ ရေလက်ကြားကို ဖြတ်သန်းနိုင်ရန် အစီအစဉ်တစ်ရပ်ကို ဒေါ်နယ်ထရမ့်က စတင်ခဲ့ပြီးနောက် တိုက်ခိုက်မှုများ ထပ်မံဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဒေါ်နယ်ထရမ့်နှင့် အမေရိကန်စစ်ဘက်က ကြေညာခဲ့သော “လွတ်လပ်မှုပရောဂျက်”စတင်သော ပထမဆုံး‌နေ့ဖြစ်သည့် တနင်္လာနေ့ မကုန်ဆုံးမီမှာပင် မီးလောင်မှုများနှင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပင်လယ် ကွေ့ရှိ ကုန်သင်္ဘောအများအပြားက သတင်းပို့ခဲ့ကြသည်။

အီရန်စစ်တပ်၏ ရေယာဥ်ငယ် ၆ စီးကို ဖျက်ဆီးပစ်လိုက်ကြောင်း အမေရိကန်စစ်ဘက်က ပြောကြားချိန်မှာပင် ကြီးမားသော အမေရိကန်စစ်စခန်းကို လက်ခံထားသည့် ယူအေအီး နိုင်ငံမှ အရေးပါသော ရေနံဆိပ်ကမ်းတစ်ခု အီရန်၏ ဒုံးကျည်များကြောင့် မီးလောင်ခဲ့သည်။

သောင်တင်နေသော သင်္ဘောများ ဖြတ်သန်းသွားရန် ကူညီပေးသွားမည်ဆိုသော “လွတ်လပ်မှုပရောဂျက်” နှင့် ပတ်သက်၍ ထရမ့်က အသေးစိတ်မပြောခဲ့သလို ရေလက်ကြားကို အီရန်စစ်ဘက်၏ ခွင့်ပြုချက်မပါဘဲ ဖြတ်သန်းရန် ကြိုးစားခဲ့ပါက ပစ်ခတ်ခံရမည်ဟု အီရန်က ယမန်နေ့က သတိပေးခဲ့သည်။

ထရမ့်၏အစီအစဉ်မှာ ပြီးခဲ့သည့်လက အပစ်အခတ်ရပ်စဲရေး ‌ကြေညာခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့အ‌ရေးပါဆုံး ရေလမ်းကြောင်းကို အင်အားသုံး၍ ဖွင့်လှစ်ရန် ပထမဆုံး ကြိုးပမ်းမှုလည်း ဖြစ်သည်။

ပင်လယ်ကွေ့အကျပ်အတည်းအတွက် စစ်ရေးအရ အဖြေမရှိကြောင်းကို ယမန်နေ့ ဖြစ်ရပ်များက ပြသနေသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီက ပြောကြားပြီး “လွတ်လပ်မှုပရောဂျက်” သည် “ပရောဂျက်လိပ်ခဲတည်းလည်း” ဖြစ်လာခဲ့ကြောင်း လူမှုမီဒီယာပေါ်တွင် ရေးသားသည်။

အေးကျော်
Ref:Reuters
#MeKongNews
#ပင်လယ်ကွေ့
#ထိန်းချုပ်
#အမေရိကန်
#အီရန်
#တိုက်ခိုက်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now