ကမ္ဘာ့သတင်း

၄၅ ရက် အပစ်ရပ်ရေး အီရန်အရေး ငြိမ်းချမ်းရေးပွဲစားများ တွန်းအားပေး

မဲခေါင် 6 Apr - 2026
  မဲခေါင်၊ ဧပြီ ၆ စစ်ပွဲ လုံးဝ အဆုံးသတ်ရေးဆီ ဦးတည်သွားမည့် ၄၅ ရက်ကြာ အပစ်အခတ် ရပ်စဲရေးအတွက် သတ်မှတ်ချက်များအပေါ် သဘောတူညီချက် ရရှိရန် အမေရိကန်၊ အီရန် နှင့် ဒေသတွင်းမှ ပါဝင်စေ့စပ် ညှိနှိုင်းပေးနေသူများက ဆွေးနွေးနေကြသည်ဟု ၎င်းဆွေးနွေးမှုအကြောင်း သိရှိထားသော အမေရိကန်၊ အစ္စရေး နှင့် ဒေသဆိုင်ရာ သတင်းရင်းမြစ်များကို ကိုးကား၍ Axios သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းသတင်းကို ရိုက်တာသတင်းဌာနက ချက်ချင်း စိစစ်အတည်ပြုနိုင်ခြင်း မရှိသလို မှတ်ချက်ပေးရန် ရိုက်တာ၏ တောင်းဆိုမှုများကိုလည်း အိမ်ဖြူတော်နှင့် အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနတို့က ချက်ချင်း မတုံ့ပြန်ခဲ့ကြပေ။ ညှိနှိုင်းရေးမှူးများသည် အဆင့် ၂

 

မဲခေါင်၊ ဧပြီ ၆

စစ်ပွဲ လုံးဝ အဆုံးသတ်ရေးဆီ ဦးတည်သွားမည့် ၄၅ ရက်ကြာ အပစ်အခတ် ရပ်စဲရေးအတွက် သတ်မှတ်ချက်များအပေါ် သဘောတူညီချက် ရရှိရန် အမေရိကန်၊ အီရန် နှင့် ဒေသတွင်းမှ ပါဝင်စေ့စပ် ညှိနှိုင်းပေးနေသူများက ဆွေးနွေးနေကြသည်ဟု ၎င်းဆွေးနွေးမှုအကြောင်း သိရှိထားသော အမေရိကန်၊ အစ္စရေး နှင့် ဒေသဆိုင်ရာ သတင်းရင်းမြစ်များကို ကိုးကား၍ Axios သတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းသတင်းကို ရိုက်တာသတင်းဌာနက ချက်ချင်း စိစစ်အတည်ပြုနိုင်ခြင်း မရှိသလို မှတ်ချက်ပေးရန် ရိုက်တာ၏ တောင်းဆိုမှုများကိုလည်း အိမ်ဖြူတော်နှင့် အမေရိကန် နိုင်ငံခြား
ရေးဝန်ကြီးဌာနတို့က ချက်ချင်း မတုံ့ပြန်ခဲ့ကြပေ။

ညှိနှိုင်းရေးမှူးများသည် အဆင့် ၂ ဆင့်ပါ သဘောတူညီချက်ကို ဆွေးနွေးနေကြပြီး ပထမအဆင့်တွင် ၄၅ ရက် အပစ်အခတ် ရပ်စဲနိုင်ခြေ ပါဝင်သည်။

၎င်းအပစ်အခတ် ရပ်စဲမှုကာလအတွင်းမှာပင် စစ်ပွဲအမြဲတမ်း အဆုံးသတ်သွား‌ရေးကို ဆွေးနွေးကြမည်ဖြစ်သည်။

ဒုတိယအဆင့်မှာ စစ်ပွဲအဆုံးသတ်ရေး သဘောတူညီမှု ရယူရန်ဖြစ်ကြောင်း သတင်းက ဆက်လက်ဖော်ပြသည်။

ဆွေး‌နွေးပွဲများလုပ်ရန် ထပ်မံ၍ အချိန်လိုအပ်ပါကလည်း အပစ်အခတ် ရပ်စဲမှုကို သတ်တမ်းတိုးသွားရန် ရည်မှန်းထားကြသည်။

ဟောမုဇ်ရေလက်ကြားအား ပြန်ဖွင့်ရန် သို့မဟုတ်ပါက အီရန်နိုင်ငံမှ အရေးပါသော အခြေခံအဆောက်အအုံများကို တိုက်ခိုက်သွားမည့် ၎င်း၏ရာဇသံ နောက် ဆုံးအချိန် သတ်မှတ်ချက်မှာ အင်္ဂါနေ့ ညနေဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် ဝေါလ်စထရိဂျာနယ်အား ပြောကြားခဲ့သည်။

အမေရိကန်က အီရန်နှင့် ထဲထဲဝင်ဝင် လေးလေးနက်နက် ဆွေးနွေးနေကြောင်း နှင့် ၎င်းသတ်မှတ်ထားသော နောက်ဆုံးအချိန် မတိုင်မီ သဘောတူညီချက် ရရှိနိုင်သည်ဟု ဒေါ်နယ်ထရမ့်က Axios သတင်းဌာနကို ယမန်နေ့က ပြောကြားခဲ့သည်။

“ အခွင့်အရေးကောင်း ရှိနေပါတယ်။ ဒါပေမယ့်လည်း သူတို့က သဘောမတူခဲ့ရင်၊ အဲဒီမှာရှိတဲ့ အရာအားလုံးကို ကျနော်က ဖောက်ခွဲပစ်မှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုကဲ့သို့ တိုက်ခိုက်မှုလာပါက အစ္စရေးနှင့် ပင်လယ်
ကွေ့နိုင်ငံများမှ အခြေခံအဆောက်အအုံများအပေါ် ပြန်လည် တိုက်ခိုက်၍ လက်တုံ့ ပြန်သွားမည်ဟု အီရန်က ပြန် လည် ခြိမ်းခြောက်ထားသည်။

အေးကျော်
Ref: Reuters/ Axio
#MeKongNews
#၄၅ရက်
#အပစ်ရပ်ရေး
#အီရန်အရေး
#ငြိမ်းချမ်းရေးပွဲစား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်ဘက်မှ ကျားဖြန့်လုပ်ငန်းအချို့ နမ့်ခမ်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၂၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave 125 ဆိုင်ကယ် ၄ စီးနှင့် ဆိုင်ကယ် အရောင်ပြောင်းရန် အသုံးပြုသည့် မှုတ်ဆေးဘူး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now