မဲခေါင်၊ ဖေဖော်ဝါရီ ၁၇
ယမန်နေ့ အစောပိုင်းက ထိုင်းနိုင်ငံ ပတ္တယားမြို့ဟိုတယ်တစ်ခုတွင် တရုတ်တိုးရစ်တစ်ဦးကို ဟိုတယ်အတွင်း လိင်ပြောင်းအမျိုးသမီး ၃ ယောက် ဝင်လာပြီး ရိုက်နှက်ကာ ဘတ် ၂ ထောင်ပါ ယူဆောင်သွားသည့် ဓားပြတိုက်မှုဖြစ်ပွားခဲ့သည်။
ချွန်ဘူရီ၊ ဘန်လမ်မန်း နောင်ပရူးခရိုင်ခွဲ ပတ္တယားဒုတိယလမ်းရှိ ဟိုတယ်တစ်ခုသို့ ၂၇ နှစ်အရွယ် ကျန်းဇီလီဆိုသော တရုတ်တိုးရစ်က လိင်ပြောင်းအမျိုးသမီးတစ်ဦးကို ခေါ်လာပြီးနောက် နောက်မှ သူငယ်ချင်းဆိုသူ လိင်ပြောင်းအမျိုးသမီး ၂ ယောက်ထပ်ရောက်လာကာ စကားစများပြီးနောက် ဟိုတယ်ခန်းထဲမှ ပစ္စည်းများကို ရိုက်ခွဲခြင်း၊ လူကို ရိုက်နှက်ခြင်းနှင့် ငွေသားဘတ် ၂ ထောင်ပါ ယူသွားခြင်းဖြစ်သည်။
လိင်ပြောင်းအမျိုးသမီး ၃ ယောက် ထွက်သွားပြီးချိန်တွင် ကျန်းဇီလီသည် ဟိုတယ်ရှေ့ပြေးထွက်လာကာ ဆိုင်ကယ်ကယ်ရီသမားအား ရဲစခန်းသို့ တိုင်ကြားပေးရန် အကူအညီတောင်းခဲ့သဖြင့် ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးပြီး တရားခံများကို ခြေရာခံစုံစမ်းနေကြောင်း သိရသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#လိင်ပြောင်းအမျိုးသမီး
#တရုတ်တိုးရစ်
#ဝင်ရိုက်
#လုယက်








